News

Myanmar ICT Exhibition 2014 တွင်Lenovo မှ ပါဝင်ဆင်နွှဲသွားမည်။

lenovo

နိဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့ အတွင်းတပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်မည့် 2014 Myanmar ICT Exhibition တွင် Lenovo မှ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ပြီး ပြပွဲသို့ လာရောက်အားပေးကြည့်ရှုကြမည့် ပရိတ်သတ်များအတွက် အထူးအစီအစဉ်များဖြင့် ဈေးဝယ်ခွင့်များ ၊ Happy Hour အစီအစဉ်များ ပါဝင်မည် ဖြစ်ပါသည် ။ ကမ္ဘာ့ နံပါတ် (၁) ရောင်းအားအကောင်း Computer IT Brand ဖြစ်တဲ့ Lenovo ရဲ့ Notebook များ ၊ Desktop များ ၊ All in One Pc များအပြင် Lenovo Mobile Tablet နှင့် Smartphone များကိုပါ ပြသရောင်းချပေးသွားမည် ဖြစ်ပါတယ် ။ ၁ မှ ၃ နှစ် အထိ အာမခံချက်အပြည့်အဝပါဝင်တဲ့ Lenovo Notebook, Desktop, All in One PC များကို ဝယ်ယူအားပေးသူတိုင်း 20 USD/ 30 USD Cash Back များဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် Happy Hour အစီအစဉ်ကတော့ ငွေကျပ် ၁,ဝ၀ဝ ဖြင့်၇ လက်မ Display , CPU Quadcore Lenovo A3300 Tablet ကိုကံစမ်းနိုင်မှာဖြစ်ပါတယ် ။ ပွဲကာရက်အတွင်း ၁ နေ့ကိုမနက် တစ်ကြိမ် ၊ ညနေတစ်ကြိမ်စုစုပေါင်း ၆ ကြိမ်ဖြင့် Happy Hour အစီအစဉ် ပြုလုပ်ပေးသွားမည် ဖြစ်ပါတယ် ။ ပွဲနောက်ဆုံးရက် နိုဝင်ဘာလ ၉ ရက်နေ့တွင် Lenovo 100 Winner ကိုရွေးချယ်မည့် အစီအစဉ်ကို တခမ်းတနားကျင်းပသွားပါမည် ။ Lenovo ၏ Special Promotion နှင့် Happy Hour အစီအစဉ်များ နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းသိရှိလိုပါကဖုန်း 01-381-129 ၊ 01-381-035 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *