News

Shwe Taung Group မှ Microsoft နှင့် အတူ ထိရောက်မှုရှိခြင်း၊ ထုတ်လုပ်အား ကောင်းမွန်ခြင်း နှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာစေရန်ဆောင်ရွက်

Microsoft မှ Shwe Taung ကို အိုင်တီနည်းပညာ ခေတ်မီတိုးတက်လာစေပြီး ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ခိုင်မာလာစေမည့် ၎င်းတို့၏ enterprise အဆင့်ရှိ software နှင့် အခြေခံအဆောက်အအုံများအတွက် လိုင်စင်ပေးအပ်မည်ဖြစ်ကြောင်း သိရပါတယ်။

Shwe Taung Group (STG) သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကော်ပိုရေးရှင်းများတွင် အပါအဝင်ဖြစ်ပြီး မိုဘိုင်းနှင့် cloud တို့ကို ပိုမို ဦးစားပေးလာသည့် (mobile-first, cloud-first world ဖြစ်သည့်) ယနေ့ကမ္ဘာပေါ်တွင် ထိရောက်မှုရှိခြင်း၊ ထုတ်လုပ်အားကောင်းမွန်ခြင်းနှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာစေရန် Microsoft solution များတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Microsoft နှင့် Shwe Taung Group တို့မှ နိုဝင်ဘာ ၂၅ ရက်က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံသည်လည်း စီးပွားရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှု စာမျက်နှာသစ် တစ်ခုကို ဝင်ရောက်ချိန်ဖြစ်သည့် အလျောက် ထိရောက်မှုရှိခြင်း၊ ထုတ်လုပ်အားကောင်းမွန်ခြင်းနှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာခြင်းတို့ဖြင့် ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် ခိုင်မာအားကောင်းသည့် နည်းပညာ အခြေခံအဆောက်အအုံများကို ယခုပူးပေါင်းမှုမှ ပေးအပ်နိုင်မည်ဖြစ်သည်။ ကော်ပိုရေးရှင်း၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဉ်ကို Core Client Access License (CAL) နှင့် Windows 10 Enterprise and Office 2016 Professional တို့ပါဝင်သည့် Microsoft Enterprise Agreement ဖြင့် စတင်မည်ဖြစ်ကြောင်း သိရပါတယ်။

Microsoft မှ နောက်ဆုံးပေါ်နည်းပညာများနှင့် upgrade ပြုလုပ်ရန် STG ၏ ဆုံးဖြတ်ချက်သည် STG ကို ၎င်းတို့၏ အဖွဲ့အစည်းအတွင်းနှင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ဖောက်သည်များနှင့် မိတ်ဖက်များအတွက် ပူးပေါင်းညီညွတ်စွာဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုအားကောင်းမွန်ခြင်းတို့ ပိုမိုတိုးတက်လာစေမည့် နောက်ဆုံးပေါ် software များနှင့် ဝန်ဆောင်မှုများကို ရရှိသွားမည် ဖြစ်သည်။ ခေတ်မီ software များဖြင့် STG သည် software update များကို ရရှိမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အားနည်းချက်များမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Shwe Taung Group မှ Group Chief Executive Officer ဖြစ်သော ဦးအောင်ဇော်နိုင် က “Shwe Taung ရဲ့ လုပ်ထုံးလုပ်နည်း ဓလေ့မှာ အဓိကအဖြစ် အမြဲပါတာကတော့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုနဲ့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါတယ်။ အခု Microsoft နဲ့ ပူးပေါင်းမှုကလည်း ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ နိုင်ငံတကာ စီးပွားရေးလုပ်ထုံးများကို အသုံးပြုမှုနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ကို လေးစားမှုစတဲ့ ရည်သန်ချက်တွေကို ပိုမို ခိုင်မာစေပါတယ်။ Microsoft ကို ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက် အဖြစ် ပူးပေါင်းလိုက်တာကြောင့် ပိုမိုကောင်းမွန်တဲ့ နည်းပညာပိုင်းဆိုင်ရာ platform တွေနဲ့ အလုပ်လုပ်နိုင်ပြီး လုပ်ငန်းဆောင်တာတွေကို ပိုပြီး ထိထိရောက်ရောက်၊ ထုတ်လုပ်နိုင်အား မြင့်မြင့်နဲ့ လုံခြုံမှု အပြည့်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ stakeholder တွေအတွက် ပိုပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့အလျောက် စီးပွားရေးလုပ်ငန်းကောင်းတစ်ခုအနေနဲ့ သတ်မှတ်စံချိန်တစ်ခုထိ ရောက်သွားဖို့ ပြီးတော့ ကျွန်တော်တို့ suppy chain က stakeholder တွေကိုလည်း အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

Southeast Asia New Markets, Microsoft Asia Pacific အထွေထွေမန်နေဂျာဖြစ်သော Michelle Simmons မှ “မြန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်းလာပြီး ကဏ္ဍအသီးသီးမှာ အခွင့်အလမ်း အများအပြားပေါ်ပေါက်လာတဲ့ အလျောက် အဖွဲ့အစည်းတွေအနေနဲ့ ခြေလှမ်းနှစ်လမ်းလောက် ရှေ့သွားထားမှ ဖြစ်မှာပါ။ နောက်ဆုံးပေါ် နည်းပညာတွေကိုလည်း အသုံးပြုသင့်ပြီး မိမိတို့ရဲ့ ဖောက်သည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ဒီနည်းပညာတွေက နှာတဖျားသာမယ့် ယှဉ်ပြိုင်နိုင်စွမ်းကို ပေးအပ်နိုင်မှာ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းလိုက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ၎င်းရဲ့ ပြောင်းလဲမှုမှာ Microsoft ရဲ့ ရည်သန်ချက်ကို လေးနက်စေပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *