လက်ရှိရုံတင် ပြသနေတဲ့ ရုပ်ရှင် ဇာတ်လမ်းတွေ၊ မကြာမီ ပြသ တော့မယ့် ရုပ်ရှင်ကားတွေ၊ ထွက်ရှိပြီး ဒီဗွီဒီ ဇာတ်ကားတွေကို အသေးစိတ် သိလိုသူတွေအတွက် အသုံး၀င်ပါတယ်။ www.moviefone.com ၀က်ဘ်ဆိုက် ဆာဗာဒေါင်းနေတဲ့အတွက် ယင်း ဖေ့စ်ဘုတ် စာမျက်နှာကိုသာ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အော်စကာဆု စာရင်း၀င် ရုပ်ရှင်ကားတွေ၊ အကျော်ကြားဆုံး စုံတွဲတွေ ပါ၀င်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူး ရုပ်ရှင်ကား သုံးသပ်ချက်တွေ ရေးသား တင်ပြ ပေးထား ပါတယ်။ မိသားစု ကြည့်ရှု အပန်းဖြေနိုင်မယ့်၊ ထွက်ရှိပြီး ရုပ်ရှင်၊ ဒီဗွီဒီ ချပ်တွေကိုလည်း မြည်းစမ်း ကြည့်ရှုခွင့် ပေးထားတဲ့အပြင် ရုပ်ရှင်ကား ဆိုင်ရာ သုံးသပ်ချက်တွေ သတင်း တွေကိုပါ ကြည့်ရှုရမှာပါ။ နယူးယောက်၊ လော့စ်အင်ဂျလိစ်၊ ချီကာဂို၊ ဘော့စ်တွန်စတဲ့ မြို့ကြီးတွေမှာ အပြိုင် ရုံတင် ပြသနေတဲ့ ဇာတ်ကားနာမည်၊ အချိန်ဇယားတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
http://www.facebook.com/moviefone