Gadgets, News, Review

Mobile X20 OTG Flash Drive

Silicon Power မှ ဆန်းသစ်တဲ့ ပုံစံလေးနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Mobile X20 OTG Flash Drive လေးနဲ့ မိတ်ဆက်ချင်ပါတယ်။ Mobile X20 ရဲ့ တစ်မူထူးခြားတဲ့ anti-lost cap design ကြောင့် အဖုံးပျောက်မှာကို စိတ်ပူနေတဲ့ User များအတွက် အထူးသင့်တော်သော OTG Flash Drive တစ်ခုဖြစ်ပါသည်။ [အဖုံးကို အကြိမ်အရေအတွက် 10,000 အထက်ထိ အဖွင့်အပိတ် ပြုလုပ်နိုင်ပါတယ်။] Mobile X20 ကို metal, plastic နှင့် rubber တို့ကို အချိုးကျ ပေါင်းစပ်ပြုလုပ်ထားတာကြောင့် အလွန်စွဲမက်စရာကောင်းလှတဲ့ အသွင်အပြင်ကို မြင်တွေ့နိုင်ပါတယ်။ ထူးခြားချက်က အဖုံးကိုသားရေပုံစံ Design မျိုးပြုလုပ်ထားပြီးအလေးချိန်က 2.8g မျှသာရှိလို့ သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်သည့်အပြင် ကိုယ်ထည်ပိုင်းကိုတော့ ဖိအားဒဏ် ခံနိုင်အောင် ပြုလုပ်ထားပါသည်။

ထိုအပြင်ရေစိုဒဏ် နှင့် တုန်ခါမှုများကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကိုလည်း ကာကွယ်ပေးထားပြီးCOB နည်းပညာကို အသုံးပြုထားကာ Memory Chip ပြားကို အထိအခိုက်မရှိအောင် အပြည့်အဝကာကွယ်ပေးထားပါသည်။ Micro USB နှင့် USB 2.0 Port နှစ်ခုစလုံး ပါဝင်တာကြောင့် သင့် PC နှင့် Phone အကြားကို အလွယ်တကူ အသုံးပြုနိုင်ပါသည်။ Life-time Warranty (တစ်သက်တာ အာမခံ) ပေးထားတာကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ဈေးနှုန်းတွေက 8GB = $5.5 / 16GB = $8.5 / 32GB = $15.3 မိမိကြိုက်နှစ်သက်ရာ ရွေးချယ်၍ Golden Power Technology, ph: (01-230-4848, 230-4849, 230-4850, 230-4851, 230-4852) နှင့်ကွန်ပျူတာဆိုင်များ အများစုတွင် ဝယ်ယူရရှိနိုင်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *