Mobile Phone ဆိုင်ဖွင့်လိုသူများ Phone Service ပြုလုပ်ချင်သူများ သင်တန်းကျောင်း ပြန်ဖွင့်လိုသူများအတွက် ရန်ကုန်မြို့တွင်ပထမဆုံး Mobile Phone Software Course ကို 100% အာမခံနှင့် သင်ကြားပေးသော သင်တန်းဖြစ်ပြီး မည်သည့် Software Error ကိုမဆိုပြုပြင်နိုင်မည့် သင်တန်းဖြစ်ကြောင်း MMDC သင်တန်းကျောင်းမှ သိရသည်။ Mobile Phoneများ များပြားလာသည့် အလျောက် Phone များတွင် Software နှင့် Hardware Error များမကြာခဏ ဖြစ်တတ်သည်။ ဖြစ်ပေါ်လာသော Error အမျိုးမျိုးကို ပြုပြင်နိုင်ရန်အတွက် သင်တန်းကျောင်း မြောက်များစွာရှိသည်။ သင်တန်းဆင်းပြီး တခြားသင်တန်းများသို့ သွားရောက်သင်ကြားခြင်း၊ Service ဆိုင်ဖွင့်ပြီး မပြုပြင်နိုင်ခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ Complete ဖြစ်သည့် သင်တန်းကျောင်းဆိုပြီး မရှိခြင်း၊ နည်းပညာလျှိုထားခြင်းများကို ကျောင်းသားများ အမြဲတစေ ကြုံရလေ့ရှိပါသည်။ “ဒီသင်တန်းကျောင်းကို ဖွင့်ဖို့အချိန်ကာလ ၄ နှစ်လောက် ယူခဲ့ရပါတယ်။ သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မှီဖြစ်စေရန် အချိန်ယူပြင်ဆင်လာခဲ့တာပါ။ ကျွန်တော်တို့သင်တန်းမှာ 100% အာမခံချက်ရှိပါတယ်။
သင်တန်းတက်ပြီးမပြုပြင်နိုင်ဘူး သင်ကြားမှု သင်ရိုးညွှန်းတမ်းများက အဆင့်မမှီဘူးဆိုရင် တက်သည့် သင်တန်းကြေး ပြန်ပေးမှာပါ၊ ကျွန်တော်တို့သိသမျှ အကုန်သင်မယ်။ မတန်ဘူးထင်ရန် သင်တန်းကြေးပြန်ပေးမယ်။ ဈေးသက်သာတာကို တက်ချင်ရင် တခြားသင်တန်းကို သွားတက် စိတ်ပျက်ပြီး သင်တန်းကြေး ၃၊ ၄ ဆကုန်မယ်။ ကြိုက်တာရွေးလို့ရတယ်။ Android နှင့် iOsကို အဓိကထားပြီး သင်မယ်။ တခြားOsတွေကိုလည်း သင်ပေးမယ်။ ဥပမာ Blackberry Phone တွေကို Pin Code ပျောက်သွားရင် Firmware Restore လုပ်လို့မရဘူး။ ပြန်ရေးလို့ရသည်အထိ သင်ပေးတယ်။ ဒီတစ်ခုနှင့်ကို တန်တယ်။ ဘယ်သင်တန်းမှ IMEI၊ Firmware၊ Unlock ကြိုက်တာဖြစ်စေရမယ်။ Huawei Phone တွေ IMEI လား၊ Step 2 လား၊ EMMC Read only လား၊ Deadbootလား အကုန်ရမယ်။ မည်သည့် Huawei Phone ကိုမဆို Firmware ရေးနည်းကို Processor Type ပေါ်မှာမူတည်ပြီး သင်ပေးတယ်။ Samsung Phone တွေမှာဆို Soft-brick လား၊ EFS Error လား၊ Modern လား၊ Dead Boot လား (Any Model)၊ Odin mode မသိသည့် Phone လား၊ No Network Registered လား ကြိုက်တာဖြစ် ပြင်နိုင်ရမယ်။ Sony Phone တွေကြိုက်တာဖြစ် ပြင်နိုင်ရမယ်။ Network Unlock ကို Free ဖြည်နိုင်စေရမယ်။ EMMC ကိုမလဲဘဲ ပြန်ကောင်းအောင် ပြုလုပ်နည်းများ သင်ကြားပေးမယ်။ China Phone နှင့် Tablet တွေ မည်သည့် Error မဆို ပြုပြင်နိုင်ရမယ်။ iPhone တွေ Passcode လား၊ iCloudလား အားလုံးဖြေရှင်းနိုင်ရမယ်။
iOs မှ Android ချိန်းမလား Easy Ways ပါမခက်ပါဘူး။ HTC တွေ Hboot version ချိန်းမလား လွယ်ပါတယ်။ Android Phone တွေရဲ့ OS Structure ကိုအသေးစိတ် သင်ပေးမယ်။ Hack မယ်။ စိတ်ကြိုက်မွှေနှောက်မယ်။ Custom Firmware ကိုယ်တိုင် ဖန်တီးချင်လား ရစေရမယ်။ Power မလာသော Phone များ Power လာအောင်ပြုပြင်မယ်။ 100% အောင်မြင်စေရမယ်။Windows Phone တွေApp Offline Add လို့မရရင် ရအောင် Hack မယ်။ ADB and Fastboot Commend အကုန်သင်ပေးမယ်။ Bat file ရေးနည်းသင်ပေးမယ်။ Apk ပြုပြင်နည်း သင်ပေးမယ်။ မည်သည့်သင်တန်းနှင့်မှ မတူစေရဘူး။ သင်တန်းပြီးလို့ မပြင်နိုင်ဘူးဆိုရင် သင်တန်းကြေး ပြန်ပေးမယ်။ သင်တန်းတက်သည့်နေ့မှစပြီး ၃ ရက်အတွင်း စိတ်ကြိုက်မတွေ့လျှင် သင်တန်းကြေးပြန်ပေးမည်။ နယ်မှလာသော ကျောင်းသားများကို အဆောင်ပေးမည်။ သင်တန်းပထမဆုံး အပတ်စဉ်ကို Discount 10% ပေးမည်။ Hardware Replacement (EMMC လဲနိုင်သည် အထိသင်ကြားပေးမည်) ကို Free သင်ပေးမည်။ Phone Software Tool Box တွေဖြစ်သော ATF၊ Best Key၊ Z3X၊ BST၊ SPT၊ Octopus၊ ZZ Key၊ Volcano၊ XTC clip၊ Riff၊ JTag Pro၊ GPG EMMC၊ EPR တို့ကို ကျွမ်းကျင်စွာ သုံးတတ်သည်အထိ သင်ကြားပေးမည်။ နည်းပညာမြင့် သင်တန်းကျောင်းမှ ရွေးချယ်တက်ရောက်မယ်ဆိုရင်တော့ ကျွန်တော်တို့ သင်တန်းကိုလာခဲ့ပါ” ဟု MMDC မှ တာဝန်ရှိသူတစ်ဦးမှ Journalသို့ပြောသည်။ သင်တန်းကို July လ 16 နှင့် 23 ရက်တို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တစ်တန်းကို ၁၀ ဦး လက်ခံမည်ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။ အသေးစိတ် အချက်အလက်များကို MMDC သင်တန်းကျောင်း Building 6၊ Room 65၊ HlaingYadanar Housing၊ Ph 09-250677253 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။