Android၏ တိုးတက်မှု အရှိန်အရ Android Course ကို စိတ်ဝင်စားသူများ တဖြည်းဖြည်း များပြားလာသည့်အလျောက် Android သည်အရေးကြီးသော ပညာတစ်ခုဖြစ်လာသည်။ MMDC မှ Android Course ကို ကမ္ဘာ့အဆင့်မှီ On Job ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည့် သူများကိုလည်း နိုင်ငံတကာမှ Project များကို ရေးသားသော Team တွင်ဝင်ရောက်ရေးသားရမည် ဖြစ်ကြောင်းသိရသည်။ “ဒီသင်တန်းကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်က လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာသည့်အလျှောက် နိုင်ငံခြားတွင် Mobile Developer တွေ လိုအပ်လာပါတယ်။ ဒီလိုအပ်ချက်တွေကို ပြည့်မှီဖို့ ပြည်တွင်းရော၊ ပြည်ပတွင်မှာ Android Developer တွေ များပြားလာဖို့အတွက် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
သင်တန်းတွင် Android Device များပေါ်တွင် တိုက်ရိုက် Run ရမှာဖြစ်ပြီး အခြေခံမှစပြီး ကျွမ်းကျင်စွာ App/Games တွေရေးနိုင်သည်အထိ သင်ကြားပေးမှာဖြစ်ပြီး Developing အတွေ့အကြုံ ရှိအောင် On Job ပါစီစဉ်ထားပါတယ်။ သင်တန်းပြီးဆုံးလျှင် Android Developer Team မှာ Member ဖြစ်မှာဖြစ်ပြီး Project တွေကို ရေးသားရမှာပါ။ Project ပြီးဆုံးလျှင် မိမိတို့ရေးသားသည့် coding အလိုက် ငွေကြေးများရရှိမှာ ဖြစ်ပါတယ်။ Android Phone Service သမားများအတွက် မိမိတို့၏ ကိုယ်ပိုင် Keyboard နှင့် Root Software များကို ကိုယ်တိုင် ရေးသားနိုင်ရန် သင်ကြားပေးမည်။ သင်တန်းကာလကတော့ ၃ လ ကြာမှာပါ။ အမှန်တကယ် Business App တွေကို ကိုယ်တိုင် ရေးနိုင်မှာပါ”ဟု MMDC မှ တာဝန်ရှိသူကJournal သို့ပြောသည်။ သင်တန်းနှင့် ပတ်သတ်သည့် အသေးစိတ်အချက်များကို MMDC သင်တန်းကျောင်း Ph-09-250677253၊ Building 6၊ Room 65၊ HlaingYadanar Housing သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းနှင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။