LG က G Pro 2 Phablet ကို ဖေဖော်ဝါရီလ (၁၂) ရက်မှာ ကိုရီးယားတွင် ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါတယ်။ ကြေညာစဉ် က အနက်၊ အဖြူ နှင့် ငွေရောင်များသာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ LG Electronics Singapore ရဲ့ သတင်းအရ G Pro 2 ရဲ့ အနီရောင်အမျိုးအစား ကို မတ်လ(၂၉) ရက်နေ့မှာ စင်ကာပူ မှာ ရောင်းချမယ်လို့ သိရပါတယ်။ နှစ်နှစ်စာချုပ်နဲ့ Telcos မှ ၀ယ်ယူနိုင်သလို SIM Card အလွတ်အမျိုးအစား ကို စင်ကာပူဒေါ်လာ (၈၂၈) ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ နဲ့တွက်ချက်ရင် ဒေါ်လာ (၆၅၄) ကျသင့်မှာ ဖြစ်ပါတယ်။
LG G Pro 2 ရဲ့ အနီရောင်အမျိုးအစား ကို အခြား မည်သည့်နိုင်ငံများမှာ ရောင်းချမလဲဆိုတာ ကို မသိရသေးပါဘူး။ LG G Pro 2 မှာ ၅.၉ လက်မ Full HD IPS Display တပ်ဆင်ထားမှာဖြစ်ပါတယ်။ 2.26GHz Qualcomm Snapdragon 800 Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 3GB RAM , 3200mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ Optical Image Stabilization နည်းပညာပါရှိပါတယ်။ HDR, Panorama,Burst စတဲ့ စွမ်းဆောင်ချက် တွေ ပါရှိပါတယ်။ တစ်စက္ကန့်တွင် ဖရိမ် ၁၂၀ နှုန်းနဲ့ အနှေးဗီဒီယို တွေ ရိုက်ကူးနိုင်ပါတယ်။ Auto Focus စွမ်းဆောင်ချက်က အလွန်လျှင်မြန်တာတွေ့ရပါတယ်။ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ၆.၂ လက်မအရှည် ၊ ၃.၂ လက်မ အကျယ်၊ ၀.၃ လက်မ အထူ ရှိပါတယ်။
LG G Pro 2 ဟာ Samsung Galaxy Note 3 ကို ယှဉ်ပြိုင်နိုင်တဲ့ Phablet ဖြစ်ပါတယ်။ LG G Pro 2 Review ကို ဒီဆောင်းပါး မှာ လေ့လာနိုင်ပါတယ်။