News

LG G Pro 2 ကို အာရှမှာ ရောင်းမည်

LG ကသူ့ ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်တဲ့ LG G Pro 2 အား ရောင်းချမယ့် နိုင်ငံများကို ကြေညာလိုက်ပါတယ်။ LG က G Pro 2 ကို ဖေဖေါ်ဝါရီလ အလယ် မှာ တရားဝင် ကြေညာခဲ့တာဖြစ်ပြီး နောက်တပတ်အတွင်းမှာ ကိုရီးယားမှာ စတင်ရောင်းချပေးလိုက်တာဖြစ်ပါတယ်။

LG G Pro ကို ယခုအခါ အာရှမှာ ရောင်းချမှာဖြစ်ပါတယ်။ ပထမဆုံး ရရှိမယ့် နိုင်ငံများကတော့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗြိတိန် နဲ့ အင်ဒိုနီးရှား နိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံများကို ရောင်းချပြီး နောက်ပိုင်းရက်များတွင် အခြားနိုင်ငံများကို ရောင်းချမှာ ဖြစ်ပါတယ်။
LG က ကမ္ဘာ တဝှမ်းလုံး Phablet အသုံးပြုမှု များပြားလာတဲ့အတွက်ကြောင့် LG G Pro 2 ကို ထုတ်လုပ်ရောင်းချရခြင်း ဖြစ်ပါတယ်။ LG G Pro 2 ကို ဥရောပတွင် ရောင်းချပြီး ရက်သတ္တပတ် အနည်းငယ်တွင် အမေရိကန်နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။
LG G Pro 2 တွင် ၅.၉ လက်မ (1080×1920) Pixel Display တပ်ဆင်ထားပါတယ်။ 3 GB RAM, Internal Memory 16 ဒါမှမဟုတ် 32 GB ရွေးချယ် ဝယ်ယူနိုင်ပြီး 64 GB ထိ ဝင်ဆံ့တဲ့ Micro SD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်တွင် 13MP ကင်မရာတပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ Quad-Core 2.26 GHz Krait 400 Processor နဲ့ Android OS, v4.4.2 (KitKat) ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 3200 mAh Battery တပ်ဆင်ထားပါတယ်။

LG G Pro 2 ဟာ Samsung Galaxy Note 3 ကို ယှဉ်ပြိုင်နိုင်တဲ့ Phablet ဖြစ်ပါတယ်။ LG G Pro ရဲ့ စွမ်းဆောင်ချက်များ ကို ဒီဆောင်းပါး မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *