News

Lenovo မှ ငွေကျပ်တစ်ထောင်ဖြင့် Lenovo Product များကိုကံစမ်းနိုင်မည့် အစီအစဉ်အား ၂၀၁၅ ဇန်နဝါရီ လ ၁ရက် နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်

lenovo

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ PC ရောင်းအား အကောင်းဆုံးအဖြစ် ထပ်မံရပ်တည်နိုင်ခဲ့ခြင်းကြောင့် Lenovo မှ Lenovo မြန်မာပရိတ်သတ်များအတွက် နှစ်သစ် အထူးအစီအစဉ်Lenovo 1 Campaignကို ပြုလုပ်ခြင်းဖြစ်ပါတယ် ။ Lenovo 1 Program တွင် ငွေကျပ် တစ်ထောင်ဖြင့် Lenovo ၏ကျပ်သိန်း (၃၀ဝ) ကျော်တန်ဖိုးရှိတဲ့ Smartphone, Tablet နှင့် Notebook ဆုမဲ (၁၀ဝ) ကို ကံစမ်းရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။ ဆုမဲပေါင်း ၁၀ဝ မှာLenovo Vibe X Smartphone အလုံး (၄၀) ၊ Lenovo A3300 Tablet အလုံး (၄၀) နှင့် Lenovo Yoga 11 RT Notebook အလုံး (၂၀) ဖြစ်ပါတယ် ။ ကံစမ်းမဲကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ လ ၁ ရက် နေ့မှ ၃၁ ရက်နေ့အတွင်း အမြို့မြို့အနယ်နယ် ရှိ IT ၊ Mobile ဆိုင်ကြီးများအပြင် အခြားစတိုး ဆိုင်ကြီးများတွင်Lenovo 1 ကံစမ်းမဲကူပွန်တစ်ဆောင်လျှင်ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူကံစမ်းနိုင်ပါတယ်။ကံထူးရှင်များကို ဖေဖော်ဝါရီလအတွင်း ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ကံစမ်းမဲကူပွန်ဝယ်ယူထားသော ဆိုင်များတွင် ပြန်လည်စုံစမ်းနိုင်မှာ ဖြစ်ပါတယ် ။ Lenovo 1 နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို Myanmar Lenovo Fan Page ‘ www.facebook.com/lenovo..mm တွင် ဝင်ရောက်ကြည့်ရှု စုံစမ်းနိုင်ပါတယ် ။ ဖုန်း : 01 – 381-120 , 381-035 Ext : 149

Leave a Reply

Your email address will not be published. Required fields are marked *