Z5070ဟာ HD Games, Movies, Software များအတွက် ၁၅.၆ လက်မအကျယ် ၊ Full HD (1920 x 1080 Resolution) ရှိပြီး တိုင်တေနီယံမှန်ဖြင့် ပြုလုပ်ထားသော Displayကို အသုံးပြုထားပါတယ်။ အခုလို Full HD Games, Movies နှင့် Software များအသုံးပြုရန်အတွက် Displayထက်အရေးကြီးတဲ့ CPU နှင့် Graphic အတွက် မြန်နှုန်း 3.1 GHz အထိ Turbo Boast Up ဖြင့် မြှင့်တင်နိုင်တဲ့ Intel Core i7_45104 CPU (4MB Cache) နှင့် ရှင်းလင်းပြတ်သား တိကျမှုရှိတဲ့ ရုပ်ထွက်တွေအတွက် NVIDIA ရဲ့ GeForce GT840M 4GB ကို တပ်ဆင်ပေးထားတာကြောင့် နောက်ဆုံးပေါ် Game တွေသာမက ၊ AutoCAD, Cinema 3D အစရှိတဲ့ Graphicပိုင်း လိုအပ်မှုမြင့်မားတဲ့ Software တွေကိုပါ အကောင်းဆုံး အသုံးပြုနိုင်မယ့် Notebook ပဲဖြစ်ပါတယ်။
Build in RAM 4 GB တပ်ဆင်ထားပြီး ပမာဏထပ်မံတိုးမြှင့်ဖို့အတွက် Slot အပို ပါဝင်ပါတယ်။ Data Storage အတွက် အမြန်နှုန်း 5400 RPM ရှိတဲ့ 1TB ပမာဏ SATA Hard Disk နှင့် CD/DVD အသုံးပြုဖို့အတွက် RW DVD Super multi Drive တပ်ဆင်အသုံးပြုထားပါတယ်။ Notebook ရဲ့ remote ချိတ်ဆက်မှုများအတွက် Intel Dual Band Wireless Adapter, Bluetooth 4.0 ကိုလည်းကောင်း အခြားချိတ်ဆက်မှုများအတွက် HDMI port, USB 3.0 x 2 ports, USB 2.0 x 1 port, Audio (Headphone and mic) port, RJ45 port , 4 in 1 Card Reader အစရှိတာ တွေအကုန် ပါဝင်ပါတယ်။ Video Call အသုံးပြုနိုင်ရန်အတွက်လည်း 720p ရှိတဲ့ Web Cam တပ်ဆင်ထားပြီးဖြစ်ပါတယ်။ တိကျမှန်ကန်ပြီး သက်တောင့်သက်သာရှိတဲ့ စာရိုက်လက်ကွက်အတွက် Lenovo ရဲ့ AccuType နည်းပညာနှင့်အတူ အောက်ခံ LED မီးလင်းတဲ့ backlit Keyboard ဖြစ်တာကြောင့် Game ကစားတဲ့ သူတွေရော ၊ စာရိုက်တဲ့သူတွေပါ နှစ်သက်စေမှာပါ။ အသံပိုင်းအတွက် Dolby Advanced Audio V2 နည်းပညာ အသုံးပြုထားတဲ့ JBL Speakerနဲ့ ကြည်လင်ပြတ်သား ကြီးမားတဲ့ အသံပိုင်းစွမ်းဆောင်ရည်ကို တွေ့ကြုံခံစားနိုင်စေမှာ ဖြစ်ပါတယ်။
အားအပြည့်သွင်းပြီး Notebook ကို ၄ နာရီကျော်ကြာ ဆက်တိုက်အသုံးပြုနိုင်မယ့် 4 Cell Lithium Battery ကလည်း Z5070 ရွေးချယ်သူများအတွက် နှစ်သက်စေမယ့် အချက်ပဲဖြစ်ပါတယ်။ အခုလို အသုံးပြုသူတွေအတွက် အဖက်ဖက်က စိတ်ကျေနပ်မှုရရှိစေမယ့် Lenovo Z5070 (i7) Notebook ကို Lenovo International Warranty (၂) နှစ် အပြင် Lenovo Backpack ၊ Mouse ၊ 1 year McAfee Antivirus License မေတ္တာလက်ဆောင် များ နှင့် တကွ ဈေးနှုန်း USD 830 ကျပ်ဖြင့် အမြို့မြို့အနယ်နယ် ရှိ KMD အရောင်းစင်တာကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ Lenovo Promotion ကာလအတွင်း Z5070 (i7) Notebook ကိုဝယ်ယူပါက Lenovo အမှတ်တံဆိပ် 1 TB External Hard Diskကိုပါ မေတ္တာလက်ဆောင် ထပ်မံရရှိမည် ဖြစ်ပါတယ်။ Lenovo Z5070 Notebook နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း KMD 01-381-129, 01-381-035 , 01-245-180 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။