News

Lenovo Vibe S1

အလေးချိန် ၁၃၇ ဂရမ်သာရှိပြီး ၇.၈ မီလီမီတာခန့်သာ အထူရှိခြင်းကြောင့် ပါးပါးလွှာလွှာစမတ်ကျကျ Smartphone အသုံးပြုသူများ အကြိုက်တွေ့စေမည့် Smartphone တစ်လုံးဖြစ်ပါတယ်။ Android Version 5.0 / Lollipop ကိုအသုံးပြုထားပြီး Android Version KitKat ကိုမြှင့်တင်နိုင်ပါတယ်။ Internal Storage အဖြစ် 32GB ပါဝင်ပြီးဖြစ်သလို External Storage 128 GB အထိ ထပ်မံတိုးချဲ့နိုင်ရန်အတွက် micro SD Card Slot ထောက်ပံ့ ပေးထားပါတယ်။ Screen မျက်နှာပြင် အကျယ်အဝန်းက ၅ လက်မရှိတဲ့အတွက် သက်တောင့်သက်သာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မည်သည့်အနေအထားမှမဆို ပုံရိပ်ကိုကောင်းမွန်စွာ မြင်နိုင်စေမည့် IPS LCD touchscreen ကိုအသုံးပြုထားသလို Corning Gorilla Glass 3 အမျိုးအစားဖြစ်တဲ့အတွက် အပွန်းအပဲ႔ဒဏ် ခံနိုင်မည်ဖြစ်ပါတယ်။ Screen Resolution (1080×1920 pixel) အရည်အသွေးဖြင့် Full HD အတွေ့အကြုံကို အပြည့်အဝခံစားနိုင်ပါတယ်။

ဓါတ်ပုံရိုက်ကူးမှုအတွက် 13 Megapixel အရည်အသွေးရှိ Main Camera ကိုအသုံးပြုထားပြီး Selfie Camera ကို 8 Megapixel အထိ အသုံးပြုထားပါတယ်။ Mediatek MT6752 Chipset နှင့်အတူမြန်နှုန်း 1.7 GHz ရှိ Cortex- A53 CPU (၈) လုံး(Octa-core) ကို Memory (RAM) 3GB ဖြင့် ထောက်ပံ့ပေးထားတဲ့အတွက် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုမှုများ၊ HD Game များကစားခြင်းများ၊ Application များကို Multi အသုံးပြုခြင်းများတွင် လျင်မြန်ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းပါဝါအတွက် 2500 mAh ရှိ Li-Po battery ကိုထည့်သွင်း အသုံးပြုထားပါတယ်။ GSM/WCDMA SIM ကဒ်(၂)ကဒ် ထည့်သွင်းအသုံးပြုနိုင်သည့် Dual SIM Smartphone အမျိုးအစားဖြစ်ပြီး SIM Slot (၂) ခုလုံးတွင် 2G/3G/4G ကွန်ယက်များကို ချိတ်ဆက်အသုံးပြုနိုင်မည်။ International Warranty (၁) နှစ် နှင့်အတူ ဈေးနှုန်း ၃၉၀,ဝ၀ဝ ဝန်းကျင်ဖြင့် KMD မှ တရားဝင်ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့ အနယ်နယ်ရှိ Mobile အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *