Mobile, News, Review

3G Network ချိတ်ဆက်နိုင်ပြီး ဈေးနှုန်းသက်သာတဲ့ Lenovo S650

3G Network ချိတ်ဆက်နိုင်ပြီး ဈေးနှုန်းသက်သာတဲ့ Lenovo S650

KMD Yangonမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

3G Network ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ Lenovo S650 Smartphone ကိုအသုံးပြုနိုင်ပါတယ်။ Dual SIM (GSM/WCDMA) ဖြစ်တာကြောင့် 2G Netwrok အတွက် ရော 3G Network အတွက် ကိုပါ အသုံးတပြိုင်နက်ထဲ တည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 0.33 လက်မ အထူနဲ့ 126g အလေးချိန်ပဲရှိတာကြောင့် ပေါ့ပေါ့ပါးပါး ကိုင်ရတာအဆင်ပြေလွယ်ကူတဲ့ Smartphone တစ်လုံးပါပဲ။ Screen Size ကလဲ 4.7 လက်မဆိုတော့ သေးလဲမသေးလွန်း၊ ကြီးလဲမကြီးလွန်းဘဲ Standard Size ရှိတာတွေ့ရပါတယ်။ ဖုန်း Camera 8 Mega Pixels ရှိပြီး Selfie ရိုက်ရန်အတွက် VGA Front Camera ပါဝင်ပါတယ်။ ဖုန်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် CPU က 1.3GHz Quad Core Processor ဖြစ်ပြီး Memory 1 GB RAM ပါဝင်မှာဖြစ်ပါတယ်။ Data သိမ်းထားဖို့အတွက် Internal Storage 8 GB ပါဝင်ပြီး micro SD card 32GB အထိ ထပ်မံတိုးချဲ့လို့ရမှာဖြစ်ပါတယ်။ Battery ပိုင်းမှာ ဆိုရင် removable 2000mAh Li-Po Battery ကိုထည့်သွင်းအသုံးပြုထားပါတယ်။ Service Warranty 1 Year ပေးထားပြီး ဈေးနှုန်း 138,000 ကျပ်ဖြင့် KMD (မြေနီကုန်း၊ ပန်းဆိုးတန်း၊ တာမွေ၊ လမ်းမတော်) Mobile Sales Centers များတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။ ဆက်သွယ်ရန်ဖုန်း 01-381129, 503511။

Price 138,000 kyats

Leave a Reply

Your email address will not be published. Required fields are marked *