News

Lenovo Ideapad 305

အလင်းပြန်မှုမရှိသော ၁၅.၆ လက်မ LED မျက်နှာပြင်ပေါ် ရွှန်းစိုတောက်ပသော အရောင်အသွေးများကို ပေးစွမ်းနိုင်သည့် မျက်နှာပြင်ကျယ် Notebook အမျိုးအစားဖြစ်ပါတယ်။ 5th Generation Processor intel Core (i3) 5005 U ဖြစ်သည့်အပြင် သူရဲ့ CPU speed ကလည်း 1.7 GHz အထိ မြန်နှုန်းမြင့်မားပါတယ်။ Screen မှတ်ဉာဏ်ကိုလည်း 4GB D3RL/ 1600 MHz ထည့်ပေးထားတဲ့ အတွက် data တွေကိုအမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ၁မိနစ်ကိုကြိမ်ရည် 5400 နှုန်းရှိတဲ့ HDD ပါဝင်တာကြောင့် Data တွေကို လုံလုံလောက်လောက် ထည့်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ်  HD Game ကစားခြင်းများ၊ အဆင့်မြင့် Design ဆွဲသားခြင်းများ၏ လိုအပ်ချက်အတွက် ATI EXO Pro R5 DDR3L 2 GB Graphic ကို အသုံးပြုပေးထားပါတယ်။ Skype, Viber အစရှိတဲ့ Video Conferencing Application များကို အသုံးပြုနိုင်ဖို့အတွက် ကြည်လင်ပြတ်သားတဲ့ Camera ပါဝင်ပါတယ်။

နောက်ဆုံးပေါ် Windows 10 License Version ပါဝင်ပြီး ဖြစ်တဲ့အတွက် အသုံးပြုသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အသံပိုင်း လိုအပ်မှုများအတွက်ကို ဖြည့်ဆည်းနိုင်ရန် Dolby Advanced Speaker System ကို အသုံးပြုပေးထားပါတယ်။ Notebook နှင့်ပြင်ပချိတ်ဆက်မှု များအတွက် VGA port x 1 port၊ HDMI port x 1 port၊ USB 3.0 Port x 2 ports၊ USB 2.0 Port x 1 Port၊ Card Reader နှင့် LAN Port x 1 Port စသည်ဖြင့်စုံစုံလင်လင် ပါဝင်ပြီးဖြစ်ပါတယ်။ ကြိုးမဲ့ချိတ်ဆက်မှု များအတွက် Bluetooth နှင့်အတူ မြန်နှုန်းမြင့် 802.11 a/c Wifi Adapter ကိုအသုံးပြုနိုင်ပါတယ်။ နေ့စဉ်အသုံးပြုရန်အတွက် လိုအပ်ချက်များသာမက Professional အသုံးပြုမှု များ အတွက်ပါ ရွေးချယ်နိုင်တဲ့ Lenovo Ideapad 305 International Warranty ၁ နှစ်အပါအဝင် USD 489  ဖြင့် KMD မှ တရားဝင်အရောင်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပြီး အမြို့မြို့ အနယ်နယ်ရှိ IT အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်း KMD 01 – 381-129၊ 381-035၊ 245-180 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *