Business, Featured, Interview, Lifestyle, News

အင်တာဗျူးသမားတိုင်း မေးသင့်တဲ့ မေးခွန်းလေးဆယ်

အင်တာဗျူးသမားတိုင်း မေးသင့်တဲ့ မေးခွန်းလေးဆယ်

အင်တာဗျူး ဖြေဆိုသူရဲ့ အကြောင်းကို ခရေစေ့တွင်းကျသိချင်ရင်တော့ မေးသင့်တဲ့ မေးခွန်းလေးဆယ်ကို ဖော်ပြလိုက်ပါတယ်။

၁။ ရေချိုးခန်းထဲမှာ ကရင်းနဲ့ တစ်ပတ်ကို ဘယ်နှစ်ကြိမ်လောက် ဒဏ်ရာရလဲ။

၂။ McDonaldမှာ မူးပြီးတော့ ဘယ်လောက် ပိုက်ဆံ အများဆုံး သုံးခဲ့လဲ။

၃။ Facebookမှာ ကလေးပုံတွေ မြင်ရတာ စိတ်ရှုပ်လား။

၄။ နေ့တိုင်း ကောက်ပဲသီးနှံ ဘယ်နှစ်ခွက်စားလဲ။ ဒီထက်စားချင်သေးလား။

၅။ ဘယ်သူ့ကို သင့်မျက်နှာကို ထိုးခွင့်ပေးမလဲ။

၆။ ရေမချိုးဘဲ ဘယ်နှစ်ရက်နေလဲ။

၇။ Santa Clausနဲ့ Easter Bunnyတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးဆိုတာ သင်သိတဲ့ အသက်အရွယ်ဟာ ဘယ်လောက်လဲ။

၈။ သင့်လက်သီးတစ်ခုလုံးကို ပါးစပ်ထဲထည့်လို့ရလား။

၉။ ကစားစရာ Skittleရဲ့ ဘယ်အရောင်ကို ကြိုက်လဲ။

၁၀။ ကြမ်းပြင်ပေါ်ကျနေတဲ့ Sandwichဘယ်နှစ်ခု စားဖူးလဲ။

၁၁။ ဖန်ခွက်ထဲ မထည့်ဘဲနဲ့ ဝိုင်ဘယ်နှစ်လုံး သောက်ဖူးလဲ။

၁၂။ သင်အကြိုက်ဆုံး ပါဝါရိမ်းဂျားက ဘယ်သူလဲ။

၁၃။ Whitney Houston သေတဲ့ညမှာ သင်ဘာလုပ်နေလဲ။

၁၄။ တစ်ထိုင်တည်းနဲ့ ဒိုးနတ်မုန့် ဘယ်နှစ်ခုစားနိုင်လဲ။

၁၅။ သင်အကြိုက်ဆုံး Spice Girlက အဆိုတော်က ဘယ်သူလဲ။

၁၆။ ရေခဲမုန့် ရောင်းတဲ့ကားလာလို့ စားဖို့ ကန့်ကွက်ရင် သင်ဘယ်လောက် ပြင်းထန်စွာ ပေါက်ကွဲလဲ။

၁၇။ Teddy Grahamsမုန့်တစ်ဗူးလုံးကို အခန်းထဲမှာ ထားခဲ့ပြီး ငါပြန်မလာခင် မစားဖို့မှာထားရင် ဘယ်လောက်ကြာကြာ သင် လိုက်နာမလဲ။

၁၈။ နေ့တိုင်း Taylor Swiftသီချင်း ဘယ်နှစ်ပုဒ်ကို နားထောင်လဲ။

၁၉။ အစာစားပြီး ဘယ်လောက်ကြာမှာ ပြန်စားချင်လဲ။

၂၀။ ပိုက်ဆံရပြီးရင် ဘယ်လောက်ကြာကြာ သုံးတတ်လဲ။

၂၁။ ဟယ်ရီပေါ်တာ ဇာတ်ကောင်ဟာ စီးရီးတစ်ခုလုံးမှာ ဆိုးရွားတယ်ဆိုတာ သဘောတူပါလား။ သူဟာ သူ့ပြဿနာတွေထဲကို သူငယ်ချင်းတွေကို ခုနစ်နှစ်လုံး ဆွဲထည့်ထားတာပါ။ သူတို့မှာလည်း သူတို့ ပြဿနာတွေရှိမှာပါ။

၂၂။ နေ့တိုင်း လူဘယ်နှစ်ယောက်ကို ချစ်လဲ။

၂၃။ မိုနိုပိုလီမကစားဘူးလို့ ငြင်းလိုက်တဲ့အတွက် သူငယ်ချင်းဘယ်နှစ်ယောက် ဆုံးရှုံးပြီးပြီလဲ။

၂၄။ ကလေးတစ်ယောက်က သင့်ကို လူလယ်ခေါင်မှာ စိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ။ မျက်တောင်မခတ်ဘဲ ဒေါသတကြီးနဲ့ ကြည့်နေသလိုမျိုးပေါ့။

၂၅။ အကြိုက်ဆုံး ကွတ်ကီးအမျိုးအစားကဘာလဲ။

၂၆။ တစ်ပန်းကန်စားပြီး အချိန်ဘယ်လောက်အကြာမှာ နောက်တစ်ပန်းကန် စားလဲ။

၂၇။ ဘူဖတ်စားပွဲတွေမှာ အမျိုးအစားဘယ်လောက်စားလဲ။

၂၈။ ပျို့အန်လိုက်မိတဲ့ အဆိုးဆုံးနေရာက ဘာလဲ။

၂၉။ တမင်ရည်ရွယ်ပြီး ပျို့အန်လိုက်မိတဲ့ အဆိုးဆုံးနေရာက ဘာလဲ။

၃၀။ ငါမင်းကို ဆယ်ဒေါ်လာပေးပြီး နို့ချောကလက် ၀ယ်ခိုင်းတယ်ဆိုပါစို့။ အဲဒါက သုံးဒေါ်လာလောက်ပဲ ကျတယ်ဆိုရင် ကျန်တာအားလုံး ငါ့ကို ပြန်ပေးမလား။ ဒါမှမဟုတ် ဆယ်ဒေါ်လာကျတယ်ဆိုပြီး ယူထားမလား။ ငါကလည်း နို့ချောကလက်ဟာ ဒီလောက်မကျဘူးဆိုတာ သိနေရင်ပေါ့။

၃၁။ ချိစ်တစ်တုံးလုံးကို စားဖို့ အချိန်ဘယ်လောက်ကြာလဲ။

၃၂။ ဂုဏ်ပြု ရည်ညွှန်း၍ အရက်သောက်တဲ့အခါမှာ သမ္မာကျမ်းစာနဲ့ ပတ်သက်တာကိုတွေ့ဖူးလား။

၃၃။ Facebookကို ဘယ်လောက်ကြာကြာသုံးလဲ။

၃၄။ ဘာတွေကို အမုန်းဆုံးလဲ။

၃၅။ Zac Efronက အပြင်မှာရော လူကောင်းတစ်ယောက်လို့ ထင်လား။

၃၆။ သံလွင်စိုက်ခင်းကနေ မှာယူဖို့ ဘယ်အရာကို အကြိုက်ဆုံးလဲ။

၃၇။ သီချင်းတစ်ပုဒ်ကို မုန်းသွားဖို့ ဘယ်နှစ်ခါလောက် နားထောင် ဖြစ်သလဲ။

၃၈။ မိန်းကလေးတွေရဲ့ တင်ပါးအကြောင်း ဘယ်နှစ်ကြိမ်စဉ်းစားမိလဲ။

၃၉။ အမွှေးပွခွေးတစ်ကောင်ကို မွေးမြူပြီးနောက်မှာ အရမ်းအမွှေးပွပြီး ချစ်စရာကောင်းတယ်လို့ သင့်စိတ်ကို လွှမ်းမိုးဖူးသလား။

၄၀။ နောက်ဆုံးတစ်ခုက အရေးကြီးပါတယ်။ ကြောင်တွေ ဘာအိပ်မက်မက်လဲလို့ သင်ထင်သလဲ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *