Mobile, News, Review

ဈေးနှုန်းအထူးချိုသာတဲ့ International Branded Smartphone Lenovo A328

ဈေးနှုန်းအထူးချိုသာတဲ့ International Branded Smartphone Lenovo A328

အသက်သာဆုံးဈေးနှုန်းနဲ့ International Branded Smartphone အသုံးပြုလိုသူများအနေဖြင့် Lenovo A328 Smartphone ကိုဖော်ပြချင်ပါတယ် ။ GSM/WCDMA SIM အမျိုးအစားတွေ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ 3G Internet ကိုချိတ်ဆက်နိုင်မှာဖြစ်တဲ့ SIM ကဒ်၂ ခုအသုံးပြုနိုင်တဲ့ Dual SIM Smartphone အမျိုးအစားဖြစ်ပါတယ်။Smartphone များရဲ့ Standard မျက်နှာပြင် အရွယ်အစား ၄.၅ လက်မနဲ့အတူ IPS Multitouch Display အသုံးပြုထား ပါတယ် ။ ဖုန်းCPU ရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လဲ အမြန်နှုန်း 1.3 GHz ရှိပြီး CPU လေးလုံးပါဝင်တဲ့ Cortex-A7 Quad-Core CPU ကို အသုံးပြုထားတာ ဖြစ်ပါတယ် ။ ဖုန်းယာယီမှတ်ညဏ် RAM 1 GB နှင့်အတူ Internal Storage 4GB ပါဝင်ပြီး Storage ပမာဏတိုးချဲ့နိုင်ရန် microSD Card Slot ပါဝင်ပါတယ် ။ ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးဖို့ အတွက် 5 Megapixel ရှိတဲ့ Camera နှင့် 2 Megapixel ရှိတဲ့ Front Camera ပါဝင်ပါတယ် ။ ဖုန်းကို Android v4.4.2 ( Kitkat ) နှင့် မောင်းနှင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် လျင်မြန်ပေါ့ပါးတဲ့ အတွေ့အကြုံကို ခံစားအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ ဖုန်းအရောင် အဖြူနှင့်အနက် ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး အာမခံချက် ၁ နှစ်အပါအဝင် ဈေးနှုန်း ၈၅,ဝ၀ဝ ကျပ် တည်းဖြင့် အရည်အသွေးအဆင့်မှီ Lenovo A328 Smartphone ကို အမြို့မြို့အနယ်နယ် ရှိ KMD Sales Centre ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါကဖုန်း KMD – 01-245-180 , 01-241-196, 01-381-035 Ext, 124,146 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *