(၅)ကြိမ်မြောက် ရန်ကုန် ဓာတ်ပုံပွဲတော်ကို “လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ခင်တွယ်ခြင်း” ခေါင်းစဉ်နှင့် ပြင်သစ်ယဉ်ကျေးမှု ဌာနနှင့် နိုင်ငံတကာ မီဒီယာ အကူအညီပေးရေးအဖွဲ့ (IMS)တို့က ပူးပေါင်း စီစဉ်ဆောင်ရွက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အားပေး ကူညီမှုဖြင့်၊ နိုင်ငံတကာ စံချိန်နှင့်အညီ ကမ္ဘာတစ်၀ှမ်းလုံးမှ တစ်ဆင့် ဓာတ်ပုံပညာရပ်များကို လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ကမ်းလှမ်းပေးရန် ရည်ရွယ်လျက် ကျင်းပခြင်း ဖြစ်သည်။ Main Sponsorများမှာ Canon, Forever Group, FMIနှင့် Adventure Line Productionsတို့ ဖြစ်ကြောင်း သိရှိရသည်။ ပြပွဲကို ပြင်သစ် ယဉ်ကျေးမှုဌာန၊ အမှတ်-(၃၄၀)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်တွင် ဇန်နဝါရီ (၂၄)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပြီး၊ အစီအစဉ်များမှာ – ဇန်နဝါရီလ (၂၄)ရက်နေ့မှ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ လက်တွေ့သင်တန်းများ (Workshops)၊ ဖေဖော်ဝါရီလ (၁၂)ရက်မှ (၁၆)ရက်နေ့အထိ ဟောပြောပွဲများ၊ ပိတ်ကားဖြင့် ပြသပွဲများ (Comfrences, Screenings)၊ ဖေဖော်ဝါရီလ (၁၃)ရက်မှ (၂၂)ရက်နေ့အထိ ဓာတ်ပုံခင်းကျင်းပြသပွဲ (Exhibitions)၊ ဖေဖော်ဝါရီလ (၁၆)ရက်၊ စနေနေ့ ညနေ (၅)နာရီတွင် ရန်ကုန်ဓာတ်ပုံညချမ်း(Yangon Photo Night) အစီအစဉ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်း (Yangon Photo Night) အစီအစဉ်တွင် အဆင့်မြင့် မှတ်တမ်းတင် ဓာတ်ပုံသင်တန်းတွင် တက်ရောက်ခဲ့သော ဓာတ်ပုံဆရာများ၏ ဓာတ်ပုံ စာတမ်းတိုများကို ပြင်သစ်သံရုံး၊ ယဉ်ကျေးမှုဌာန၏ မြက်ခင်းပြင်တွင် ညချမ်းအချိန်၌ ပိတ်ကားဖြင့် ပြသ၍ ပြိုင်ပွဲ၀င်ကြမည် ဖြစ်ပြီး၊ ဒိုင်များမှ အကဲဖြတ်ရွေးချယ်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ခင်တွယ်ခြင်း

04
Feb