Archive, News

အွန်လိုင်းရှော့ပင်များ၏ ဈေးဝယ်ယူမှု ပုံစံအပေါ်သက်ရောက်မှု

ဈေးဝယ်ရအောင်
ဈေးဝယ်တာဟာ ဟိုရှေ့ကမ္ဘာဦးကတည်းကပါ။ ကုန်စည်တွေဖလှယ်တဲ့ခေတ်လိုမျိုး နည်းလမ်းတွေနဲ့ လုပ်ခဲ့တဲ့ ရှေးခေတ်ဈေးရောင်းဈေးဝယ်မှုကနေပြီးတော့ ယနေ့ခေတ် ဈေးရောင်းဈေးဝယ်မှုတွေအထိ ပုံစံအမျိုးမျိူး ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူအားလုံးရဲ့ အကြိုက်တွေ့ မနှောမွှေ့စေတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ လူတွေရဲ့ ပြုမှုနေထိုင်ပုံနဲ့ပတ်သက်တဲ့ စိတ်ပညာရှု့ထောင့်က လေ့လာချက်များအရ ဈေးဝယ်တာဟာ စိတ်ထွက်ပေါက်ပဲ၊ စိတ်ဖိအားတွေကို လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပဲလို့ဆိုကြပါတယ်။ ဒီလိုဈေးရောင်းဈေးဝယ်မှု အရေးကြီးမှု၊ ပုံစံအမျိုးမျိုးကွဲပြားမှု၊ လူတွေရဲ့ မနှောမွှေ့မှုများအကြောင်းကို စာရေးဆရာများက စားရေးလို့ လမ်းညွှန်ချက်ပေးတတ်သလို အမေရိကန် နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း ဟောလိဝုဒ်ကတော့ Confession of a Shopaholic ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ဇာတ်လမ်းတွေ ရိုက်ကူးထုတ်လုပ်နေကြပါတယ်။ ဘာက လူတွေကို ဈေးဝယ်စေတာလဲ၊ သူတို့ကို ဘယ်သူတွေ လွှမ်းမိုးနေတာလဲ၊ ဘယ်လိုအချက်အလက်တွေက သူတို့ ဈေးဝယ်ယူမှု အမူအကျင့်တွေကို သက်ရောက်မှုရှိစေပါသလဲ။

အွန်လိုင်းရှော့ပင်များ၏ ဈေးဝယ်သူများ၏ ဈေးဝယ်ယူမှုပုံစံအပေါ်သက်ရောက်မှု

image004

ဈေးဝယ်ယူတာကို လူတွေက အနုပညာတစ်ရပ်အဖြစ်ပြောကြပါတယ်။ အနုပညာဆိုပေမဲ့လို့ အဲ့ဒီလို ခန့်မှန်းတွက်ဆလို့မရတဲ့နောက်မှာ ပုံစံထုတ်လုပ်ဘယ်လိုပုံစံတွေရှိနေသလဲဆိုတာ သိရှိနေဖို့လို ပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်များများက စလို့ ဖောက်သည်တွေလည်း ပြုမှုပုံ(ဈေးဝယ်ယူပုံ) ကို ဘာသာရပ်တစ်ခုအနေနဲ့ ဒီကနေ သင်ကြာနေရပါတယ်။ အွန်လိုင်းရှော့ပင်များကောင်းမှုနဲ့ အခုဆိုရင် ဒီလို ဖောက်သည်များရဲ့ ပြုမှုပုံဟာ အသစ်ထပ်မံပြောင်းလဲလာခဲ့ပါပြီ။ မိုဘိုင်းဖုန်းဟာ အားလုံးကို ပြီးပြည့်စုံသွားစေသလိုပါပဲ ဈေးဝယ်လှည်းတွေလည်းပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့ရာမှာ စိတ်နေစိတ်ထားပုံနဲ ဆုံးဖြတ်ပုံတွေကတော့ ဒီအတိုင်းပါပဲ။ ပစ္စည်းတစ်ခုကို ဝယ်ဖို့ဆိုတာ လိုအပ်လို့၊ ဝယ်ဖို့ပိုက်ဆံလည်းရှိလို့၊ ကိုယ်အတွက်လည်း ကောင်းလို့၊ ပေးချေရတာလည်း လွယ်ကူလို့၊ ပြီးတော့ ဝယ်ပြီးရင်လည်း ဝန်ဆောင်မှုပေးတာမျိုးကို လိုချင်လို့ဆိုတဲ့ ပုံစံထဲကတော့ ထွက်မသွားပါဘူး။

အွန်လိုင်းဈေးဝယ်မှုကို သက်ရောက်နေသော အချက်များ

အွန်လိုင်းဈေးရောင်းဈေးဝယ်မှု ပုံစံကို အောက်ပါအချက်များက သက်ရောက်နေသည်ကို တွေ့ရပါသည်။

– ပြင်ပမှ သက်ရောက်မှုများ

– အသက်အရွယ်၊ ကျား၊မနဲ့ လူနေမှုပုံစံ

– လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေး

– ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ဈေးရောင်းသူတို့၏ ဓလေ့စရိုက်

– ဝက်ဆိုဒ်တစ်ခု၏ အရည်အသွေး

ပထမဆုံးနဲ့အရေးအကြီးဆုံးကတော့ အွန်းလိုင်းကနေဈေးဝယ်ဖို့အတွက် တွန်းပို့နေတဲ့အချက် တွေဖြစ်ပါတယ်။ ဥပမာကားကြပ်တာလား၊နေပူတာ၊ အချိန်မရတာလားဆိုတဲပ အချက်တွေပေါ်မှာ မူတည်ပြီးတော့ လူတွေဟာ အွန်လိုင်းကနေ ဈေးဝယ်ဖို့ ဆုံးဖြတ်ကြတာပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ရောင်းချတဲ့ ပစ္စည်းရဲ့ အရည်အသွေး၊ ဝန်ဆောင်မှုနဲ့ အွန်လိုင်းမှာ ဈေးရောင်းတဲ့သူတွေရဲ့ ပြုမှုပုံနဲ့ ဝက်ဆိုဒ်ရဲ့ ဝင်ကြည့်သူတွေအပေါ် အဆင်ပြေချောမွှေ့မှုတွေက ဈေးဝယ်သူရဲ့ စိတ်ကျေနပ်မှုကိုဖြစ်ပေါ်ကာ အကြိမ်ကြိမ်ဈေးဝယ်လိုစိတ်ကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

ပြင်ပမှ သက်ရောက်မှုများ

ဖောက်သည်တွေရဲ့ အွန်လိုင်းကနေ ဈေးဝယ်ရမယ်ဆိုတဲ့အသိနဲ့ ကြေငြာတွေ၊ နောက် ဘယ် အွန်လိုင်းက ဈေးဝယ်တာ စိတ်ချရတယ်ဆိုတဲ့ လူတွေရဲ့ တစ်ဆင့်စကားတစ်ဆင့်နား၊ အိမ်အရောက်ပို့ စနစ်တွေရဲ့ စိတ်ချသေချာရမှု၊ နိုင်ငံတစ်နိုင်ငံချင်းစီမှာ ရှိတဲ့ ဓလေ့ထုံးထမ်း ဥပဒေတွေပဲဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာများမှာ ကုန်ပစ္စည်းတစ်ခု/ဝန်ဆောင်မှုနဲ့ ဈေးရောင်းသူတွေရဲ့ ကျော်ကြားမှုကလည်း လိုအပ်ပါသေးတယ်။

အသက်အရွယ်၊ ကျားမနဲ့ လူနေမှုပုံစံ

image005

အွန်လိုင်းဈေးရောင်းဈေးဝယ်ကို အသက်အရွယ်၊ ကျား၊မ၊ ဝင်ငွေ၊ ပညာအရည်အချင်းနဲ့ အင်တာနက်ပေါ်မှာ လူတွေဘယ်လောက်ကြာကြာနေသလဲဆိုတာတွေနဲ့ဆိုင်ပါတယ်။ ဝက်ဆိုဒ်တွေကို လာရောက်လည်ပတ်သူအရေနဲ့ အွန်လိုင်းအသုံးပြုပြီး ပစ္စည်းတစ်ခုကို ရှာဖွေတာမှာ သုတေသနပြုချက်တွေအရ လူငယ်လူရွယ်တွေ၊ ချမ်းသားတဲ့သူတွေ၊ ပညာပိုတတ်တဲ့သူတွေနဲ့ အွန်လိုင်းဈေးရောင်းဈေးဝယ်နဲ့ ရင်းနှီးမှုရှိတဲ့သူတွေက အွန်လိုင်းမှာ ဈေးဝယ်ယူတာ ပိုများပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာ ဈေးဝယ်ဖို့ဆိုတာ အင်တာနက်အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် အင်တာနက် ကို ပိုမိုအသုံးပြုတဲ့သူတွေက အွန်လိုင်းမှာ ဈေးဝယ်ဖို့ ပိုများမှာပဲဖြစ်ပါတယ်။

လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်အရည်အသွေး

အွန်လိုင်းက ဈေးဝယ်ဖို့ဆိုတာ လူတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုကလာတာဖြစ်တဲ့အတွက် လူတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ကလည်း အွန်လိုင်းဈေးရောင်းဈေးဝယ်မှုအပေါ်မှာ သက်ရောက်မှုရှိနေပြန်ပါတယ်။ဥပမာ ပစ္စည်းတစ်ခုကို သူကအရမ်းကြိုက်တယ် သူ့နိုင်ငံအတွင်းမှာ မရနိုင်ဘူးဆိုရင် အွန်လိုင်းကနေပြီးတော့ သူဟာ အွန်လိုင်းကနေ ဝယ်ဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကားစီးပြီး တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းမဝယ်ချင်ဘူးဆိုတဲ့သူတွေက အွန်လိုင်းကနေဝယ်မှာဖြစ်ပါတယ်။ အွန်လိုင်းမှာက ကိုယ်ကြိုက်တဲ့ ပစ္စည်းကို Mouse ကလေးတစ်ချက်နှိပ်လိုက်ရုံပဲမို့ပါ။ နောက်ပြီးတော့ ပစ္စည်းပို့ပေးတဲ့နေရာမှာလည်း အွန်လိုင်းရှော့ပင်းတွေက အားသာပါတယ်။ ဒီအချက်အလက်အားလုံးကို ခြုံကြည့်မယ်ဆိုရင် အွန်လိုင်းမှာ ဈေးဝယ်ရတာကို အကြိုက်တွေ့စေမှာဖြစ်ပြီး အခြားနှိုင်းယှဉ်ကြည့်ရမယ့်ဟာတွေလည်း အများအပြားပါပဲ။

ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ဈေးရောင်းသူတို့၏ ဓလေ့စရိုက်

ဒီနေ့ မြန်မာနိုင်ငံမှာ အွန်လိုင်းဈေးတွေအများအပြားရှိပါတယ်။ myanmarblogshop ၊ omyanmar ၊ kaymu နဲ့ yangonbay တို့အပြင်အခြား တစ်ပိုင်တစ်နိုင်လုပ်နေတာလေးတွေလည်းအများအပြားပါပဲ။ ဈေးနှုန်းနဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေးကတော့၊ ကုန်ပစ္စည်းပို့ဆောင်မှု၊ အစားထိုးလဲလည်ပေးနိုင်မှု၊ ရောင်းပြီးပစ္စည်းနဲ့ ငွေပြန်အမ်း တာတွေကတော့ လုပ်ငန်းအပေါ်မှာ တည်တန်ဖိုးထားမှုပေါ်မှာ မူတည်ပြီးတော့ ကွဲပြားကြပါတယ်။ အဓိကကတော့ ဈေးရောင်းတဲ့သူက ဘယ်လောက်စိတ်ချရသလဲ ဆိုတာပါပဲ။

ဝက်ဆိုဒ်တစ်ခုရဲ့ အရည်အသွေး

image006

၀က်ဆိုဒ်တစ်ခုဟာ ဈေးဝယ်သူတွေ ဝင်ကြည့်တာ၊နောက်ထပ်ဝင်ကြည့်တာ ၊ဈေးဝယ်တာတွေ လုပ်တဲ့နေရာ တစ်ခုဖြစ်တဲ့အတွက် ဝက်ဆိုဒ်အရည်အသွေးဆိုတာက အရေးပါလှပါတယ်။ ဝက်ဆိုဒ်တည်ဆောက်ပုံ၊ သုံးစွဲသူတွေအတွက် လွယ်ကူတာ၊ ခရက်ဒစ်ကတ်သုံးမယ်ဆိုရင် ငွေပေးချေးဖို့အတွက် ယုံကြည် စိတ်ချရတာ၊ ဈေးဝယ်သူတွေရဲ့ အချက်အလက်လုံခြုံမှုကို အကာအကွယ်ပေးထားခြင်းဆိုတဲ့ အချက်တွေဟာ အရေးကြီးပါတယ်။

အထက်ဖော်ပြခဲ့တဲ့အချက်အလက်တွေ အားလုံးဟာ ဖောက်သည်တွေရဲ့ အွန်လိုင်းကဈေးဝယ်ရမှာ စိတ်ကြေနပ်မှုကို ရစေမယ့် အချက်အလက်တွေဖြစ်ပြီး ဒီအချက်အလက်များဟာ နောက်ဆုံးတော့ အွန်လိုင်းကနေ ဈေးဝယ်ယူသူတွေရဲ့ ဈေးဝယ်လိုမှုပုံစံကို အဆုံးအဖြတ်ပေးပါတယ်။ အွန်လိုင်းမှာ ဈေးဝယ်နိုင်ကြပါစေနော်…

Article by ဇော်ဝေ

Leave a Reply

Your email address will not be published. Required fields are marked *