Featured, News, Review

IBMရဲ့ စမတ် Chipက နည်းပညာကို တော်လှန်ဆန်းသစ်မယ့် နည်းလမ်းငါးခု

IBMရဲ့ စမတ် Chipက နည်းပညာကို တော်လှန်ဆန်းသစ်မယ့် နည်းလမ်းငါးခု

လူအများစုအတွက်တော့ ကွန်ပြူတာဟာ စွယ်စုံအသုံးချနိုင်တဲ့ ကိရိယာတစ်ခုပါ။ သင်ဟာ ကွန်ပြူတာကို အသုံးပြုပြီး ၀က်ဆိုက်တွေ၊ ရုပ်ရှင်တွေ ကြည့်နိုင်မယ်။ အလုပ်ကိစ္စတွေလုပ်နိုင်မှာပါ။ ဒါပေမယ့် ကွန်ပြူတာမှာ ကိုယ်ပိုင် ဦးနှောက်မရှိပါဘူး။ ဒီအခြေအနေဟာ IBMရဲ့ Chipအသစ် မထုတ်လုပ်ခင်ကပါ။ အခုတော့ IBMက ကွန်ပြူတာတွေကို အများကြီးပိုမို စမတ်ကျစေမယ့် Chip အသစ်တစ်ခုကို ပြသလိုက်တဲ့အတွက် ကွန်ပြူတာတွေမှာ ကိုယ်ပိုင်ဦးနှောက်ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်လာပါပြီ။

TrueNorthဟာ ၁၉၄၀ ခုနှစ်အစပိုင်းက Von Neumannရဲ့ တည်ဆောက်ပုံကို အသုံးပြုထားတဲ့ သမားရိုးကျ Computer Chipsတွေနဲ့ လုံး၀ကွဲပြားပါတယ်လို့ Lawrence Berkeley National Laboratoryမှ လက်ထောက် ဒါရိုက်တာ Horst Simonက ပြောပါတယ်။ ဦးနှောက်ကို တုပ ပြုလုပ်ထားတဲ့ Chipမှာ Electronic Neurons တစ်သန်းတပ်ဆင်ထားပြီး ဦးနှောက်ရဲ့ အာရုံကြော ကွန်ရက်များလို ချိတ်ဆက်နေတဲ့ Transistorsများစွာကို မှီခိုထားပါတယ်။ TrueNorthကို တီထွင်ရာမှာ အဓိကအခန်းကဏ္ဍကနေပါ၀င်တဲ့ Cornell Tech Professor Rajit Manoharနဲ့ Simonတို့ကို ဒီနည်းပညာအကြောင်း မေးမြန်းခဲ့ရာမှာ မကြာမီမှာ တီထွင်နို်တော့မယ့် အဓိက အသုံး၀င်မှု ငါးခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။

သူခိုးဖမ်းရန်

ဒီစိတ်ကူးကို လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက တွေးဆမိခဲ့ကြတဲ့ အချိန်မှာ IBMနဲ့ တက္ကသိုလ်မှ သုတေသနပညာရှင်များက Chipကို တီထွင်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ Patternများကို သိရှိသလို အလုပ်များကို ပြုလုပ်ရာမှာ ကွန်ပြူတာများထက်ပိုမိုကောင်းမွန်တဲ့ လူသားများကဲ့သို့ စွမ်းဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ သမားရိုးကျ Microporcessorများနဲ့ မတူဘဲ လူ့ ဦးနှောက်လိုပဲ TrueNorthဟာ Neuronsများကြားမှ ဆက်သွယ်မှုများကို အသုံးပြုပြီး ပုံရိပ်ဖော်နိုင်တဲ့ Algorithmများကို ဖန်တီးနိုင်ပါတယ်လို့ Manoharက ပြောပါတယ်။ သင့်တော်တဲ့ Algorithmကို အသုံးပြုရင် Chipဟာ Patternများ အလိုက် ဒေတာများကို ခွဲခြား ဖွဲ့စည်းနိုင်ပါတယ်။ ဥပမာ အနေနဲ့ Chipဟာ အန္တရာယ်ရှိတဲ့ လူဆိုး သူခိုးများကို ခွဲခြားနိုင်ပြီး အာဏာပိုင်များကို သတိပေးနိုင်မှာ ဖြစ်ပါတယ်။

ဆရာ၀န်နဲ့ ကြက်ခြေနီ

Chipဟာ အရေးပေါ် ကျန်းမာရေး အခြေအနေများမှာ ဆရာ၀န်တစ်ယောက်လို အားကိုးရနိုင်ပါတယ်။ ဥပမာ အားဖြင့် ပင်လယ်ကမ်းခြေမှာ ရေကူးနေတုန်း အလွန်ဝေးတဲ့ နေရာကို ရောက်သွားရင် Sensorတပ်ဆင်ထားတဲ့ Chipက ကမ်းခြေစောင့် အသက်ကယ်၀န်ထမ်းကို သတိပေးနိုင်ပါတယ်။ အဆောက်အဦးပြိုကျတဲ့ အချိန်မှာ Sensorများက အဆောက်အဦးအတွင်းမှာ ပိတ်မိနေသူများကို သိရှိပြီး အသက်ကယ်၀န်ထမ်းများကို အသိပေးနိုင်ပါတယ်။

ကားရပ်နားရာမှာ ကူညီပေးမယ့် လက်ထောက် ယာဉ်မောင်း

Chipကို ကားများမှာ တပ်ဆင်ပြီး စမတ်ဖုန်း Appနဲ့ Syncပြုလုပ်ထားမယ်ဆိုရင် ကားရပ်နားရာမှာ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကိုပဲ မီးပွိုင့်များနဲ့ လမ်းကို အာရုံခံသိရှိနိုင်တဲ့ လူအကူအညီမလိုဘဲ အလိုအလျှောက်မောင်းနှင်တဲ့ ကားများမှာ အသုံးပြုနိုင်ပါတယ်။

နောက်မျိုးဆက် Watson

IBMရဲ့ ဥာဏ်ရည်တုကွန်ပြူတာကို ၂၀၁၁ ခုနှစ်မှာ ပြသခဲ့ချိန်မှာ သတင်းခေါင်းစီးများမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် Chipအသစ်ကြောင့် Watsonဟာ တစ်ယောက်တည်း မင်းမူလို့ မရတော့ပါဘူး။ IBMရဲ့ အဆိုအရ Chipဟာ သင်ကြားလေ့လာနိုင်ပြီး လူတွေကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချစေနိုင်ဖို့ စနစ်ကို ဖန်တီးဖို့အတွက် အခြား ကွန်ပြူတာ နည်းပညာများကို ပေါင်းစည်း အသုံးပြုကောင်းပြုနိုင်ပါတယ်။ TrueNorthမှာ လူတွေရဲ့ အာရုံကြောများလို ဖွဲ့စည်းတည်ဆောက်ထားလို့ ရှုပ်ထွေးတဲ့ အလုပ်များကို ပြုလုပ်ရာမှာ အလွန်ကောင်းမွန်တယ်လို့ Manoharက ပြောပါတယ်။

စမတ်ကျတဲ့ Cloud

စမတ်ကျတဲ့ Chipဟာ ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ Cloudကို ဖန်တီးနိုင်ပါတယ်။ Chipမှာ Transistors ပေါင်း ၅.၄ ဘီလီယမ် ပါပေမယ့် ၇၀ မီလီ၀ပ်သာ အသုံးပြုပါတယ်။ Transistors ၁.၄ ဘီလီယမ်ပါတဲ့ ခေတ်ပေါ် Intel Processorမှာတောင် ၁၄၀ ၀ပ်အထိ အသုံးပြုပါတယ်။ Cloud Computingကို မောင်းနှင်တဲ့ ခေတ်ပေါ် Data Centerများဟာ Microprocessorများကို စွမ်းအင်ပေးဖို့နဲ့ အေးမြစေဖို့ စတဲ့ ကန့်သတ်ချက်များရှိနေတဲ့ အချိန်မှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုပြီး အဲဒီအလုပ်များထဲမှ အချို့အတွက် တူညီတဲ့ တွက်ချက်မှုများကို ပြုလုပ်နိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *