လူကုန်ကူးမှုနဲ့ လူမှုရေးဆိုင်ရာ ပြဿနာရပ်တွေ အကြောင်း သိရှိလေ့လာ ဖတ်ရှုရမယ့် ၀က်ဘ်ဆိုက်ပါ။ ၂၀၀၇ခုနှစ်ကစပြီး ရေးသားခဲ့တဲ့ ၀င်းနိုင်ထွန်းရဲ့ လူကုန်ကူး ပညာပေး ဆောင်းပါးတွေကို စုစည်း ဖော်ပြပေးထားခြင်း ဖြစ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ ဆိုးကျိုးများ ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်ကို ပြည်သူလူထု တစ်ရပ်လုံး သိရှိနားလည်ကာ ဆောင်ရန်၊ ရှောင်ရန်အတွက် အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ စာရေးသူ ၀င်းနိုင်ထွန်းက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူကုန်ကူးမှု အမျိုးအစားတွေ၊ လူကုန်ကူးသူများ ကျခံရမယ့် ပြစ်ဒဏ်တွေ တင်ပြထားတဲ့ အပြင် နိုင်ငံဖြတ်ကျော် ငရဲခန်း၊ လူကုန်ကူးမှု ငရဲခန်းနှင့် HIVနွံနစ်သူများ၊ ရေနစ်သူ ဝါးကူထိုးသူများ၊ ဘေးကျပ် နံကျပ် စစ်ပွဲနှင့် တုံးအောက်က ဖားစတဲ့ ပုံနှိပ် ထုတ်ေ၀ထားတဲ့ စာအုပ်တွေကိုလည်း ခံစား ဖတ်ရှုရမှာ ဖြစ်ပါတယ်။
http://wntglobalissues.com/
လူကုန်ကူး မခံရစေချင်

11
Feb