HTC က HTC One ရဲ့ မျိုးဆက် ကြေညာမှု ကို တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ HTC One ရဲ့ မျိုးဆက် ဟာ All New HTC One သို့မဟုတ် HTC One 2014 သို့မဟုတ် HTC One M8 ဘယ်လို အမည်နဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ HTC One ရဲ့ မျိုးဆက် သတင်းတွေဟာ လပေါင်းများစွာ ကတည်းက အင်တာနက် မှာ အလှုပ်ခတ်ဆုံး သတင်းတွေ ဖြစ်ခဲ့ပါတယ်။ HTC One ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဆုတံဆိပ်တွေလည်း ရရှိထားတဲ့အတွက် သူ့ရဲ့ မျိုးဆက် ဟာ လူတွေရဲ့ စိတ်၀င်စားမှု ကို လွန်စွာ ရရှိနေတာဖြစ်ပါတယ်။ ကြေညာမှု ကို နှစ်နေရာ မှာ ပြုလုပ်မှာဖြစ်ပြီး ၂၅ ရက်နေ့မှာ လန်ဒန် နဲ့ နယူးယောက် မှာ ပြုလုပ်မှာဖြစ်ပါတယ်။
မကြေညာခင်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ HTC One 2014 မှာ ငါးလက်မ 1080p မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပါတယ်။ Snapdragon 801 Chipset မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ UltraPixel Camera နှစ်လုံး တပ်ဆင်ထားမှာဖြစ်ပါတယ်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 3GB RAM တပ်ဆင်ထားမယ်လို့ သိရပါတယ်။ သူ့အရင် မျိုးဆက် HTC One နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ MicroSD Card အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာမှာဖြစ်ပါတယ်။ HTC က Sense UI Software ကို အဆင့်မြှင့်တင်ပေးထားမှာဖြစ်ပြီး Android နှင့် တွဲဖက်အသုံးပြုမှာ ဖြစ်သလို Motion Gesture Control တွေကိုလည်း အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။ ပုံပန်းသွင်ပြင်ကတော့ ရိုးရှင်ပြီးတော့ ပိုမိုပြားတဲ့ Icon တွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မယ့် ၀က်ဆိုက် ကို ဒီလင့် ကနေ သွားနိုင်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်ခင် နာရီပိုင်းအလိုမှာ Myanmar ICT ပရိသတ် တွေ ကို သတိပေးပါအုံးမယ်။