“အားလပ်ရက်” တဲ့။ လူတော်တော်များများက အဲဒီနေ့ကို ဆောင်ရွက်စရာ လုံး၀မရှိတဲ့၊ အပန်းဖြေတဲ့ရက်လို့ သတ်မှတ်ထား ကြပါတယ်။ အားလပ်ရက်၊ အားလပ်ချိန်ဆိုတာ လူတိုင်းအတွက် အနည်းနဲ့ အများ ရှိနေနိုင်တာ မှန်ပေမယ့် အဲဒီနေ့ရက်၊ အချိန်တွေမှာ ခရီးထွက်မယ်၊ စာဖတ်မယ်၊ ရုပ်ရှင် ကြည့်မယ်၊ ၀င်ငွေပိုရှာမယ်၊ သင်တန်းတွေ တက်ပြီး ပညာရှာမယ် စသဖြင့် ဖြတ်သန်းပုံချင်း မတူညီ နိုင်ကြပါဘူး။ ဒီ၀က်ဘ်ဆိုက်မှာတော့ နိုင်ငံတစ်၀န်းက သတ်မှတ်ထားတဲ့ စိတ်၀င်စားဖွယ်ရာ အားလပ်ရက်တွေမှာ ကျင်းပလေ့ရှိတဲ့ ပျော်ရွှင်စရာ ပွဲတော်အကြောင်းတွေကို ရေးသား တင်ပြထားပါတယ်။ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ခုနှစ်တွေရဲ့ သတ်မှတ် အားလပ်ရက် အကြောင်းတွေကို တင်ပြပေးထားပြီး ဘယ်လောက်ပင် အလုပ်များနေပါစေ၊ သက်ရှိ လူသားတိုင်း မမေ့သင့်တဲ့ အမေများနေ့၊ အဖေများနေ့ အကြောင်းအရာ တွေကိုပါ စုံလင်စွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အားလပ်ရက် ကလေးများ

25
Feb