Education, Lifestyle, News

Greenwich University ( UK ) မှ B.Sc ( Hons ) B.I.T ဘွဲ့ရရှိလိုသူများ KMD Education Centre တက်ရောက်နိုင်

Greenwich University ( UK ) မှ B.Sc ( Hons ) B.I.T ဘွဲ့ရရှိလိုသူများ KMD Education Centre တက်ရောက်နိုင်

KMDမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

IT Professional တစ်ယောက်အနေဖြစ် နဲ့ အသက်မွေးဝမ်းကြောင်း ပြုလိုသူများအနေဖြင့် England နိုင်ငံရှိ Greenwich တက္ကသိုလ် တွင်သွားရောက်ရန်မလိုဘဲ (၃) နှစ်တည်းနဲ့ နိုင်ငံတကာအသိအမှတ်ပြု B.Sc(Hons)B.I.T ဘွဲ့ မြန်မာနိုင်ငံတွင် တက်ရောက်ရယူနိုင်ပါတယ် ။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် ပထမ နှစ်Level 4 Diploma in Computing L4DC ကိုတက်ရမည်ဖြစ်ပြီးအောင်မြင်ပြီး လျှင် L4DC International Diploma ကိုရရှိမည်ဖြစ်ပါတယ်။ ပထမနှစ် အောင်မြင်ပြီးလျှင် ဒုတိယနှစ် Level 5 Diploma in Computing L5DC ကိုဆက်လက်တက်ရောက် ရမည်ဖြစ်ပါတယ်။ ဒုတိယနှစ်ပြီးလျှင် L5 International Diploma ရမည်ဖြစ်ပြီး နောက်ဆုံးနှစ်ကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါတယ်။ နောက်ဆုံးနှစ် တက်ရောက်အောင်မြင်ပြီးလျှင်တော့ B.Sc(Hons)B.I.T ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ On Job Training ဆင်းနိုင်ရန်လဲ အခွင့်အရေးရှိတဲ့အတွက် အလုပ်အတွေ့အကြုံပါ တစ်ပါတည်းရရှိသွားမှာဖြစ်ပါတယ်။ International Diploma ၂ ခု၊ International Degree ၁ ခုနဲ့ အတူလုပ်ငန်းအတွေ့အကြုံပါ ရရှိနိုင်မည့် အခွင့်အရေးကို KMD Education Centre မှ ကျောင်းသားကျောင်းသူများကို အကောင်းဆုံး သင်ကြားမှုပုံစံများအတူ ဝန်ဆောင်မှုများပေးနေပါတယ်။

ကမ္ဘာတဝန်း အမှတ်အများဆုံးဆုရှင်၊ အာရှတဝန်း အမှတ်အများဆုံးဆုရှင် အပါဝင် ထူးချွန်ကျောင်းသားများစွာကိုလဲ နှစ်စဉ်နှင့်အမျှ KMDမှ မွေးထုတ်ပေးလျက်ရှိပါတယ်။ ပထမနှစ်ကို စတင်တက်ရောက်လိုသူများအတွက် L4DC သင်တန်းအသစ်ကို12 July 2014 တွင် (Sat & Sun : 7 am to 2 pm) မြေနီကုန်း KMD စင်တာတွင်လည်းကောင်း၊ 25 July 2014 တွင် (Mon to Fri : 11:30 am to 3 pm) လမ်းမတော်(China Town) KMD စင်တာတွင် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိရရှိသော ဂုဏ်ထူးအရေအတွက် အလိုက် သင်တန်းကြေးကင်းလွှတ်ခွင့်များ(၂၀ % မှ ၁၀ဝ % အထိ)ဖြင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းလိုလျှင် ဖုန်း( 01-700895 ) သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *