အိမ်ခြံမြေဈေးနှုန်းတွေဟာ ကမ္ဘာအ၀န်းမှာ မြင့်မားနေပါတယ်။ တစ်ခါတုန်းက အလှုပ်ခတ်ဆုံး အမေရိကနဲ့ အာရှနိုင်ငံတွေဟာ အခုအချိန်မှာ ဈေးအေးနေပြီး အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေကတော့ အခုအချိန်မှာ ရေပန်းစားနေပါတယ်။
Global Property Guideက ကမ္ဘာအ၀န်းက အိမ်ခြံမြေဈေးနှုန်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး စာရင်းပြုစုထားပါတယ်။ အဲဒီထဲက တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာတဲ့ ဈေးနှုန်းနဲ့ ကွာတား ၂ ရဲ့ ဈေးနှုန်းများကို အခြေခံပြီး ထိပ်ဆုံး ၁၂ နိုင်ငံကို ဖော်ပြလိုက်ပါတယ်။
၁၂။ ထိုင်၀မ်
ထိုင်၀မ် အိမ်ဈေးတွေဟာ တစ်နှစ်ထက်တစ်နှစ် ၅.၂၀ ရာခိုင်နှုန်း မြင့်မားလာပါတယ်။ ဒါတောင် ၂၀၁၃ ခုနှစ်က နှုန်းဖြစ်တဲ့ ၁၄.၅၃ ထက်နိမ့်ကျလာတာပါ။ ၂၀၁၄ ခုနှစ် ကွာတား ၂ မှာ ၁.၄၈ တိုးတက်လာပါတယ်။
၁၁။ လတ်ဗီးယား
အိမ်ဈေးတွေဟာ တစ်နှစ်ထက်တစ်နှစ် ၅.၂၁ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ၀.၉၁ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၀.၆၈ ဖြစ်ပါတယ်။
၁၀။ ဘရာဇီး
ဘရာဇီးမှာတော့ တစ်နှစ်ထက်တစ်နှစ် ၅.၃၇ ရာခိုင်နှုန်းတိုးတက်လာနေပါတယ်။ ၂၀၁၃ ခုနှစ်က ၆.၇၈ ဖြစ်ပြီး နည်းနည်းလျော့သွားတာပါ။ ၂၀၁၄ ကွာတား ၂ မှာ ၀.၇၅ ဖြစ်ပါတယ်။
၉။ အစ္စရေး
အစ္စရေးမှာတော့ တစ်နှစ်ထက်တစ်နှစ် ၆.၀၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၆.၂၇ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၁.၉၂ ဖြစ်ပါတယ်။
၈။ အိုက်စလန်
တစ်နှစ်ထက်တစ်နှစ် ၆.၀၉ ရာခိုင်နှုန်းတိုးတက်လာနေပါတယ်။ ၂၀၁၃ ခုနှစ် မှာ ၁.၄၇ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၁.၄၂ ဖြစ်ပါတယ်။
၇။ နယူးဇီလန်
တစ်နှစ်ထက်တစ်နှစ် ၆.၆၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၅.၁၁ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ကွာတား ၂ မှာ ၃.၂၃ ဖြစ်ပါတယ်။
၆။ သြစတျေးလျ
ဩစတျေးလျမှာ တစ်နှစ်ထက်တစ်နှစ် ၇.၂၁ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ၂.၈၂ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၁.၂၈ ဖြစ်ပါတယ်။
၅။ တူရကီ
တစ်နှစ်ထက်တစ်နှစ် ၇.၂၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၆.၉၉ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၁.၆၆ ဖြစ်ပါတယ်။
၄။ ဗြိတိန်
တစ်နှစ်ထက်တစ်နှစ် ၉.၆၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၁.၂၄ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၃.၉၉ ဖြစ်ပါတယ်။
၃။ အိုက်ယာလန်
တစ်နှစ်ထက်တစ်နှစ် ၁၁.၉၇ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၀.၅၆ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၆.၆၀ ဖြစ်ပါတယ်။
၂။ အက်စ်တိုးနီးယား
အက်စ်တိုးနီးယားမှာ တစ်နှစ်ထက်တစ်နှစ် ၁၆.၇၂ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၇.၂၇ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၀.၃၁ ဖြစ်ပါတယ်။
၁။ ဒူဘိုင်း
တစ်နှစ်ထက်တစ်နှစ် ၃၃.၂၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၂၀၁၃ မှာ ၁၇.၉၉ ဖြစ်ပါတယ်။ ၂၀၁၄ ကွာတား ၂ မှာ ၅.၄၇ ဖြစ်ပါတယ်။