ကောလဟာလ ထွက်ပေါ်နေတဲ့ Galaxy S3ရဲ့ Smaller Version တစ်ခုဖြစ်သည့် Galaxy S3 Miniကို အောက်တိုဘာလ ၁၁ ရက်နေ့က Samsungမှ တရား၀င် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အပြင် ဒီဇိုင်းအရတော့ Galaxy S3ထက် သေးငယ်ပေမယ့်လည်း ဘယ် Versionက အကောင်းဆုံး ဖြစ်မလဲဆိုတာ နှိုင်းယှဉ်ကြည့်ရအောင်။
Design & Hardware
Galaxy S3 Mini ကတော့ Screen အရွယ်အစား ၄ လက်မ ရှိပြီး ၄.၈ လက်မ ရှိတဲ့ Galaxy S3 ထက်တော့ ၀.၈ လက်မနီးပါး သေးငယ်တာ တွေ့ရပါတယ်။ Resolution ကတော့ 800×480 Pixels ရှိပြီး S3 ထက်တော့ Resolution နည်းတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ၄ လက်မ Screen အရွယ်အစားနဲ့ ကိုက်ညီတဲ့ Resolution လို့လည်း ဆိုထားပါသေးတယ်။ Displayကို Super AMOLED WVGAကို အသုံးပြုထားပြီး Samsungရဲ့ အဆိုအရတော့ အဆိုပါ Displayမှာ ကွေးထားတဲ့ Screen ဒီဇိုင်းကို ဆန်းသစ် တီထွင်ထားတယ်လို့ သိရပါတယ်။
Operating System
Android ချစ်သူများအတွက်တော့ သတင်းကောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးထွက် Mobile Platform ဖြစ်တဲ့ OS Version 4.1 (Jelly Bean) ကို အသုံးပြုထားခြင်းပါပဲ။ အဲဒီအချက်ကတော့ Galaxy S3 ထက်သာတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ Galaxy S3 မှာ Android 4.1(Jelly Bean)ကို Update လုပ်နိုင်ပြီ ဖြစ်ပေမယ့်လည်း Original အနေနဲ့ Android 4.0 (Ice Cream Sandwich)ပဲ ပါ၀င်ပါတယ်။
Power
Galaxy S3 မှာတော့ Quad-cores Processor ကိုအသုံးပြုထားပြီး S3 Mini မှာတော့ Android 4.1နဲ့ အကိုက်ညီဆုံး လုပ်ဆောင်နိုင်မယ့် 1GHz Dual-core Processor ကို ထည့်သွင်းပေးထားပါတယ်။ အသုံးပြုထားတဲ့ OSနဲ့ Processor အရ ဘယ်စမတ်ဖုန်းက အားသာတယ်ဆိုတာ ပြောဖို့ ခက်ခဲတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် 1.2GHz Dual-core Processor အသုံးပြုထားတဲ့ Galaxy S2 နဲ့ Samsung Galaxy Nexus ထက်စာရင်တော့ Processor ပိုင်းမှာ အနည်းငယ် နောက်ကျတယ်ဆိုတာ တွေ့ရ ပါတယ်။
Specification
ဖုန်းရဲ့ အနောက်ပိုင်းမှာ 5MP ရှိတဲ့ ကင်မရာ တစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ အလင်းရောင် အားနည်းတဲ့ နေရာမျိုးမှာ ရိုက်ကူးနိုင်ဖို့အတွက် LED flashလည်း ပါ၀င်ပါတယ်။ နောက်ပြီး 720p Video တွေကို ရိုက်ကူးနိုင်ဖို့အတွက် VGA ကင်မရာ တစ်လုံးကို ဖုန်းရဲ့ အရှေ့ပိုင်းမှာ တပ်ပေးထားပါတယ်။ Connectivity ပိုင်းအနေနဲ့ Wi-Fi b/g/n, Bluetooth 4.0, DLNA and NFC နည်းပညာတွေကို အသုံးပြုနိုင်ပါတယ်။ Internal Storage ပိုင်းမှာတော့ 8GB နဲ့ 16GB ဆိုပြီး နှစ်မျိုး ထုတ်လုပ် ထားကြောင်း သိရပါတယ်။ Memory Storage ပိုင်းကို တိုးချဲ့ဖို့အတွက် microSD card အသုံးပြုကာ 32GB အထိ တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
၀ယ်ယူနိုင်မည့်အချိန်
Galaxy S3 Miniကို နို၀င်ဘာလအစောပိုင်းမှာ ၀ယ်ယူရရှိနိုင်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ Phones4Uဆိုတဲ့ website တစ်ခုကတော့ နို၀င်ဘာ (၂) ရက်နေ့မှာ Samsung က တရား၀င် ထုတ်လုပ် ရောင်းချမယ်လို့ ဆိုထားပါတယ်။ ဈေးနှုန်း ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ Samsungက တရား၀င် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် USD 199 ထက် မလျော့နိုင်ဘူးဟု ကောလဟာလ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် Galaxy S3 Mini ရဲ့ ဈေးနှုန်း ဘယ်လောက် ရှိမလဲဆိုတာကို အားလုံးက စိတ်၀င်တစား ရှိနေကြပါတယ်။ Galaxy S3 Mini အနေနဲ့ ထွက်ရှိပြီးသား HTC One S, Sony Xperia Sနဲ့ Samsung Galaxy Nexus တို့လို Smartphone တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။