Opinion

လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ကောင်းစေဖို့ (Ethics & Entrepreneurial Idea for Youth)မှ ကောက်နှုတ်ချက်များ

စွန့်ဦးတီထွင် ဦးရဲဲမြင့်ရဲ့ လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကို နှစ်သစ်မှာ ပြည်တွင်းမှ လူငယ်တွေ အားလုံးအတွက် အကျိုးရှိမည်ဟု ယုံကြည်ချက်ဖြင့် ကောက်နှုတ် တင်ပြလိုက်ပါတယ်။

ဟောပြောပွဲက ထူးခြားတဲ့ ဟောပြောပွဲ တစ်ခု ဖြစ်ကြောင်း စပြောခဲ့ပြီး၊ အကြောင်း အရင်းကတော့ ထား၀ယ်သား နှစ်ယောက် အတူတူ ဟောပြောရလို့ ဖြစ်ပါတယ် တဲ့။ ဒေါက်တာအောင်ထွန်းသက် လည်း ထား၀ယ်သား ဖြစ်သလို သူကလည်း ထား၀ယ်သား ဖြစ်နေလို့ပါပဲ။ ဆက်လက်ပြီး ဦးရဲမြင့်မှ ဟောပြော ရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ်ကျင့် တရားနှင့် စီးပွားရေး အတွေးအခေါ်ကို သဘောတရားပိုင်းရော၊ လက်တွေ့ပိုင်းပါ `သိ – ရှိ – နားလည် – လက်ခံ- လိုက်နာ – ကျင့်သုံး’ နိုင်ကြစေရန် ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး ဟောပြောရာမှာတော့ ကိုယ်ကျင့်တရား ဆိုတာ မှန်တာကို လုပ်ဖို့အတွက် ဖြစ်ကြောင်း၊ ကျွန်တော်တို့ ပေးဆပ် ရမယ့်ဟာက ကျွန်တော်တို့ ပေးချင်တာ ထက် များနေတဲ့အခါ၊ အဲဒီ စိန်ခေါ်မှုကို ဘယ်လို ရင်ဆိုင်မလဲ။ အဲဒါ ကိုယ်ကျင့် တရား (Ethics)ဘဲ ဖြစ်တယ်ဟု ပြောခဲ့ပါတယ်။
ကိုးကားပြီး ပြောတာတွေ များပေမယ့် အရေးကြီးတဲ့ အချက်တွေထဲက မှတ်မိတာ လေးတွေ မျှေ၀ပါမယ်။
“Ethics” ကျင့်၀တ် ဆိုသည်မှာ လူတစ်ဦး၏ အပြုအမူအပေါ် ထိန်းချုပ်ထား သော စိတ်ပိုင်းဆိုင်ရာ အခြေခံမူပင် ဖြစ်ကြောင်း၊ (တစ်နည်းအားဖြင့်) လူတို့၏ အမှားအမှန် ဆုံးဖြတ်နိုင်သော၊ ဆင်ခြင်တုံ တရားပေါ် အခြေပြုသည့် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် (Moral Philosophy) တစ်ခုပင် ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး၊ ကိုယ်ကျင့်တရား လက္ခဏာ (၂) ခုကတော့
၁။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာကို ခွဲခြားသိတဲ့ အရည်အချင်း။
၂။ မှန်တာ၊ ကောင်းတာ၊ ယဉ်ကျေး တာကို လုပ်ဖို့ သန္နိဌာန်တို့ပဲ ဖြစ်တယ်လို့ ဟောပြောခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့ အတွက်၊ စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွား တိုးတက်ဖို့အတွက်၊ မိသားစုတစ်စု ကြီးပွား တိုးတက်ဖို့အတွက် ကိုယ်ကျင့် သီလ ဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ဖို့ လိုကြောင်း၊ ဒီ ကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့ အတွက် အဓိက အစိတ်အပိုင်းဖြစ်ကြောင်း၊ အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခု တည်းသော အာမခံချက်အဖြစ် သတ်မှတ် ရမည်ဟု ဖွင့်ဆိ်ုခဲ့ပါတယ်။
ခေါင်းဆောင်ကောင်းနှင့် ပတ်သက်ပြီး ရှင်းပြရာမှာတော့ ခေါင်းဆောင်ကောင်း ဆိုတာ မွေးရာပါ ဗီဇလည်း မဟုတ်၊ ဉာဏ် ကောင်းတာလည်း မဟုတ်၊ အရည်အချင်း လည်း မဟုတ်၊ ပင်ကို

စွမ်းရည်လည်း မဟုတ်၊ စိတ်နေ သဘောထား (Attitude) ကောင်းတာကို ဆိုလိုတာ ဖြစ်ကြောင်း The winner’s Edge by Denis Waitleyရဲ့ မိန့်ဆိုမှုများကို ပြန်လည် မျှေ၀ပေးခဲ့ ပါတယ်။
ကိုယ်ကျင့်တရားကို ဘာသာရေး ရှုထောင့် အမြင်ကနေ ကြည့်ရင်ဆိုပြီး စိတ်၀င်စားဖွယ် ပြောဆိုခဲ့ပုံလေးကိုလေး ဖော်ပြပေးပါဦးမယ်။
ဗုဒ္ဓဘာသာ – သင် နာကျင်သည့် အရာဖြင့် သူတစ်ပါးကို မနာကျင်စေနှင့်။

ခရစ်ယာန်ဘာသာ – သင့်အပေါ်မှာ လူတွေက ပြုမူစေချင်သလို သင်က သူတို့အပေါ် ပြုမူပါ။
အစ္စလာမ်ဘာသာ – သင့်ကိုယ်သင် ချစ်သလို၊ သင်၏ အိမ်နီးချင်းကို မချစ်နိုင် သေးသရွေ့ သင်သည် အစ္စလာမ်ဘာသာ ကို သက်၀င်ယုံကြည်သူ မဟုတ်သေးပါ။
ဟိန္ဒူဘာသာ – သင့်အပေါ် သူတစ်ပါး က မပြုစေလိုသော အရာကို သင်က သူတစ်ပါးအပေါ် မပြုမူပါနှင့်။
ဂျူးဘာသာ – သင်ကိုယ်တိုင် မနှစ်မြို့ သော အရာကို အခြားသူများအပေါ် မပြု လုပ်ပါနှင့် ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာအားလုံး တူညီသော အချက်တွေကို ဆန်းစစ်ကြည့်လိုက်မယ် ဆိုရင် – Empathy `စာနာစိတ်´၊ Understanding of another’s feelings `ခံစားနားလည်စိတ်´၊ Compassion `ဂရုဏာစိတ်´တို့ ရှိခြင်းလို့ သုံးသပ်နိုင်ပြီး ၄င်းတို့ဟာ `ကိုယ်ကျင့်တရား ကောင်းခြင်း ရဲ့ အခြေခံ´များပင် ဖြစ်တယ်လို့ ဆိုပါ တယ်။
ဆက်လက်ပြီး လူ မှာ သုံးမျိုး ရှိတယ်လို့ ဆိုပြီး၊
၁။ မအောင်မြင်တဲ့လူ။ (Those who don’t succeed)
၂။ အောင်မြင်မှုကို ယာယီရတဲ့လူ။ (Those who achieve success temporarily)
၃။ အောင်မြင်မှုကို ရအောင်နဲ့ မြဲအောင် လုပ်နိုင်တဲ့လူ။ (Those who become and remain successful)တို့ ဖြစ်ကြောင်းနှင့် ကိုယ်ကျင့်တရား ကောင်းသူသာ နံပါတ် (၃)ကို ရနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပညာရှင်များ၏ ဖွင့်ဆိုချက်အရ `ပညာရေး´ ဆိုတာ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ခြင်းကို ရှေးဂရိ ခေတ်မှသည် မျက်မှောက် ခေတ်ပညာရေး ဒဿနထိ လက်ခံထား ပါကြောင်း၊ နိုင်ငံ့ သားကောင်း ဆိုတာ `ကိုယ်ကျင့်တရား´ (Ethics) ကောင်းပြီး နိုင်ငံအကျိုး၊ အများ အကျိုးကို လိုလားတဲ့ စိတ်ထား အခြေခံပြီး အလုပ်လုပ်တဲ့သူ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ်ကျင့်တရား ကောင်းမှ နိုင်ငံ့သား ကောင်း ဖြစ်မည်ဟု ပြောကြားခဲ့ပါတယ်။
ဂုဏ်သိက္ခာနှင့် ပတ်သက်ပြီး ဟောပြော ချက်မှ အတုယူစရာ တစ်ခု ကတော့-`ကိုယ့်မှာ ရှိတာလေးနဲ့ လောက်အောင် နေတာလောက် အထင်ကြီးစရာ ကောင်းတဲ့ ဂုဏ်သိက္ခာ မရှိဘူးဟု အမေရိကန်သမ္မတ တစ်ဦးရဲ့ အဆိုကို မျှေ၀ခဲ့ခြင်းပါပဲ။
(There is no dignity quite so impressive as living within your means)
Calvin Coolidge
(30th President of USA)

အံ့မခန်းဖွယ် မြန်နှုန်းဖြင့် ပြောင်းလဲနေ သည့် ယနေ့ မြန်မာပြည်အတွက် မကြာမီ မျှော်လင့် ရင်ဆိုင် ရတော့မည်များကိုလည်း တင်ပြသွားပါသေးတယ်။ ၎င်းတို့မှာတော့ CAFTA: CHINA ASEAN FREE TRADE AREA/AGREEMENT (2015)၊ AFTA: ASEAN FREE TRADE AREA/AGREEMENT (2013)၊ AEC: ASEAN ECONOMIC COMMUNITYတို့ ဖြစ်တယ်။
အဲဒီနောက်မှာတော့ Labor Market အကြောင်း ဆက်လက် ရှင်းပြသွားပါတယ်။ 2015 ခုနှစ်မှာ အာဆီယံဒေသအတွင်း လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်နိုင် မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်သား ဈေးကွက် (Labor Market) အသက်၀င် လာမည် ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ပညာတတ် company ၀န်ထမ်းများ စုပြုံ ၀င်လာမည် ဖြစ်သည့်အတွက်ကြောင့် ပြည်တွင်းမှာ ရသည့် ဘွဲ့က နိုင်ငံတကာ အဆင့်မီဖို့ လိုမည် ဖြစ်ပြီး။ နိုင်ငံတကာ အဆင့်မီသည့် ဘွဲ့၊ ဒီပလိုမာ၊ certificate ကို ရအောင်ယူထားဖို့လည်း လိုအပ် ကြောင်း၊ ဘွဲ့နှင့် ထိုက်တန်သော၊ တကယ့် အရည်အသွေးရှိရန် လိုလာမည်ဖြစ်ပြီး၊ နိုင်ငံခြား ပညာတော်သင် များများနဲ့ Scholarship များများ လွှတ်ဖို့ လိုအပ်မည် ဟု ရှင်းပြခဲ့ပါတယ်။
ဆက်လက်ပြီး ယနေ့ အားလုံးရဲ့ ပါးစပ်ဖျားမှာ အပြောများနေတဲ့ ပြိုင်ရင် ဘာဖြစ်မလဲဆိုတာနှင့် စပ်လျဉ်းပြီး ပြောကြားရာ၌ စီးပွားရေးလုပ်ငန်း အောင်မြင်ရန် လိုအပ်ချက်မှာ

(က) ငွေ
(ခ) ကံ
(ဂ) ကောင်းမွန်သော အကြံဉာဏ်
(ဃ) အထက်ပါအားလုံးတို့ ဖြစ်သည်။ဟုဆိုပြီး လာရောက် နားဆင်သူ များအား – ကဲ ဒီလေးခုထဲက ဘယ်ဟာ ဖြစ်မလဲ၊ ရွေးချယ်ပေးကြပါဦးဟု ပြန်လည် မေးမြန်းခဲ့ပါတယ်။
စွန့်ဦးတီထွင် လုပ်ငန်းရှင်၏ `မရှိမဖြစ်´ အရည်အချင်းများကိုလည်း ချပြသွားပါ သေးတယ်။
၁။ မြင့်မားသော ရည်မှန်းချက်ရှိခြင်း။
၂။ တီထွင်မှု၊ ဖန်တီးမှုရှိခြင်း။
၃။ တွက်ချက်ပြီးမှ စွန့်စားတတ်ခြင်း။
၄။ ရည်မှန်းချက်ပန်းတိုင် ချထားခြင်း။
၅။ စီမံကိန်းချဆောင်ရွက်တတ်ခြင်း။
၆။ အလုပ်များများ လုပ်တတ်ခြင်း။
၇။ ပြန်လည် သုံးသပ်တတ်ခြင်း။
၈။ အတွေ့အကြုံကို ပြန်လည်အသုံးချ တတ်ခြင်း။
စွန့်ဦးတီထွင်လုပ်ငန်းရှင်၏ `လက်ရွေး စင် ကျွမ်းကျင်မှုများ´ကို ချပြရာမှာတော့
၁။ အဖြစ်မှန်နှင့် ဒဏ္႑ာရီကို ခွဲခြားနိုင် စွမ်း ရှိရမည်။ (ဥပမာ – ‘ဒွေး’ ၀င်စားတယ် ဆိုတဲ့ အကြောင်းအရာလိုမျိုး)
၂။ ဖြစ်ရပ်မှန်ကို ဆန်းစစ်နိုင်စွမ်း ရှိရမည်။
၃။ ဖန်တီးနိုင်စွမ်းရှိရမည်။
၄။ မရေရာမှုအပေါ် သည်းခံနိုင်စွမ်း ရှိရမည်။
၅။ အခွင့်အလမ်းကို ခွဲခြမ်း စိတ်ဖြာနိုင် စွမ်းရှိရမည်။
၆။ စီးပွားရေးလုပ်ငန်းကို စိစစ် သုံးသပ် နိုင်စွမ်း ရှိရမည်။
၇။ စီးပွားရေးလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။
၈။ စီးပွားရေးလုပ်ငန်း မဟာဗျူဟာပိုင်း ဆိုင်ရာ ကျွမ်းကျင်ရမည်။
၉။ ၀န်ထမ်းအလုပ်သမားများအား အကဲ ဖြတ်နိုင်စွမ်း ရှိရမည်။
၁၀။ ပတ်၀န်းကျင်အခြေအနေများအား အကဲဖြတ်နိုင်စွမ်း ရှိရမည်။
၁၁။ လောကနီတိ၊ လူ့ကျင့်၀တ်ပိုင်း ဆိုင်ရာ သုံးသပ်နိုင်စွမ်း ရှိရမည်။
၁၂။ ဆက်ဆံရေးကောင်းမွန်နိုင်စွမ်း ရှိရမည်။
၁၃။ ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကျက်် နိုင်စွမ်း ရှိရမည်။
၁၄။ ရလဒ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။ ဆိုပြီး အချက် အလက် ကျကျနနဖြင့် ဟောပြောခဲ့ပါတယ်။
လူငယ်များအဖို့လည်း စီးပွားရေး အတွေးအခေါ် `စ´ ပြီး ရှိလာဖို့ နိုင်ငံတော် က အလယ်တန်း ပညာအဆင့် (ပဉ္စမတန်း) ကတည်းက ဘောဂဗေဒကို အကြို မိတ်ဆက်ထားဖို့ လိုမည်ဖြစ်ကြောင်း၊ (ဥပမာ) ဟန်ဂေရီနိုင်ငံမှာ Entrepreneurship Educationကို အလယ်တန်းမှ စတင် သင်ပေးကြောင်း၊ ရိုမေးနီးယား နိုင်ငံမှာလည်း Entrepreneurial studyကို အလယ်တန်းမှ စသင်ပေးပါကြောင်း ရှင်းပြခဲ့ပါတယ်။
ပညာတတ်ပြီး အတွေ့အကြုံကောင်းများ ရှိသော အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်း ကျောင်းများတွင် ဟောပြောပေးဖို့ လိုမည် ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါသေးတယ်။
ပြီးနောက် ကျောင်းများ၊ စာကြည့်တိုက် များတွင် Entrepreneurshipနှင့် ပတ်သက် သော စာအုပ်စာတမ်း မဂ္ဂဇင်း၊ ဂျာနယ်များ စုံလင်စွာ ထားပေးရန် လိုအပ်ကြောင်း၊ စင်္ကာပူလို နိုင်ငံရှိ ကျောင်းများတွင် သိပ္ပံနှင့် သင်္ချာကို အထူး အလေးပေး သင်ကြား သလို၊ မြန်မာနိုင်ငံတွင် စီးပွားရေးဘာသာ ရပ်ကို အလေးထား သင်ကြားပေးဖို့ လိုအပ် မည် ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။
လူငယ်များ လမ်းကြောင်းမှန်ရောက်ဖို့ အတွက်လည်း အချက်အလက်များဖြင့် တင်ပြခဲ့ပါသေးတယ်။
၁။ ပညာကို တန်ဖိုးထားတတ်ပြီး မွေးကတည်းက သင်ရန် လိုသည်။
၂။ မည်သည့်တက္ကသိုလ်၊ မည်သည့် ပညာရပ် သင်ရမည်ကို နားလည်တတ် သိသူနှင့် ဆွေးနွေး မေးမြန်းဖို့ လိုပါသည်။
၃။ ရောက်သည့်နေရာတွင် ထူးချွန် အောင် ကြိုးစားဖို့ လိုပါသည်။
၄။ ပညာသင်ဆု ရအောင် နည်းမျိုးစုံနှင့် ကြိုးစားဖို့ လိုပါသည်။
၅။ နိုင်ငံခြားတွင် အလုပ်လုပ်၊ ပိုက်ဆံစု၊ ပညာစု၊ အဆက်အသွယ်ရှာ၊ ပြန်လာဖို့ လိုပါသည်။ (Brain Gain)
၆။ အစိုးရကလည်း ဖိတ်ခေါ်၊ ပြန်လာ လျှင်လည်း ထိုက်တန်စွာ နေရာပေးဖို့ လိုပါသည်။
၇။ အင်္ဂလိပ်စာနှင့် တရုတ်စာ ရအောင် လုပ်ထားဖို့ လိုပါသည်။
၈။ တိုးတက်နေသော အနီးနိုင်ငံ၊ အေ၀းနိုင်ငံတို့၏ အခြေအနေကို မျက်ခြေ မပြတ်ဖို့ လိုပါသည်။
၉။ စာများများ ဖတ်ကြဖို့ လိုပါသည်။
၁၀။ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများမှ နည်းစဉ်များကို Adaptation လုပ်ဖို့ လိုပါသည်။
၁၁။ Foreign Exposure များများ ရအောင် လုပ်ဖို့ လိုပါသည်။
၁၂။ လူကောင်း လူတော် ဖြစ်ဖို့ လိုပါသည်။
၁၃။ High Aspiration ရှိဖို့ လိုပါမည်။
၁၄။ အစိုးရက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ များမှ အသိပညာရှင် အတတ်ပညာရှင်များ ကို ဖိတ်ခေါ်ကာ Seminar, Workshopများ ကျင်းပပေးဖို့ လိုသည်။ ဟူ၍ ဦးရဲမြင့်မှ ပွင့်လင်းေ၀ဆာစွာ အားပါးတရ ဟောပြော ခဲ့ပါတယ်။

ပြောခဲ့တာတွေကတော့ အများကြီးပါပဲ။ ၅ နာရီ ဆိုပေမယ့် အချိန်က မလောက် တော့ ၅ နာရီ ခွဲထိ ရောက်သွားပါတယ်။ နောက်ဆုံး ပြောသွားတာလေးကတော့ တိုင်းပြည် တစ်ပြည်ရဲ့ ကျက်သရေက စာကြည့်တိုက် ဖြစ်ပြီး အိမ်တစ်အိမ်ရဲ့ ကျက်သရေကတော့ စာအုပ်စင်ပါပဲလို့ ဆိုပြီး၊ အစိုးရအနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက် ကူညီ လုပ်ဆောင်ပေးဖို့ အများကြီး ကျန်ရှိ လိုအပ်နေသေးကြောင်း ပြောခဲ့ပါတယ်။

ထို့အပြင် ယနေ့ခေတ်ရဲ့့ အဓိကကျတဲ့ မြန်မာလူငယ်များ အားလုံး ကိုယ်ကျင့် တရား ကောင်းမွန်ပြီး မှန်ကန်သော စီးပွားရေး အတွေးအခေါ်များနှင့် မှန်ကန် သော ဘ၀လမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်ပါစေလို့ ပြောကြားခဲ့ တာတွေကို ပြန်လည် ကြားယောင်ရင်း အိုင်စီတီ ပရိသတ်များတင်မက နိုင်ငံတစ်၀ှမ်းမှ မြန်မာ့ အနာဂတ်အတွက် နိုင်ငံ့သားကောင်းများ အများအပြား ပေါ်ထွန်းစေဖို့ ရည်ရွယ်ပြီး မျှေ၀ရေးသား လိုက်ရပါတယ် ရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *