နိုင်ငံတကာ စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်စာမေးပွဲမဆို နည်းလမ်းသိရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အဲ ကြိုးစားမှုတော့ လိုတာပေါ့။ ကျွန်မ နားလည်ထားတဲ့ နည်းလမ်းကောင်းတွေ ကို ပြောပြမယ်နော်။ လိုက်နာ ကျင့်ကြံပြီး အောင်မြင်မှုကို လှမ်းတက်နိုင်ပါစေ။
(၁) ဖတ်ပါ။
ဖတ်ပါ ဆိုလိုက်လို့ သိပ်လွယ်လွန်းတယ် လို့တော့ မထင်ပါနဲ့။ သူများ ပြောမှလား ဆိုတဲ့ အတွေးကိုလည်း မတွေးလိုက်ပါနဲ့ဦး။ စာများများ ဖတ်ထားခြင်းဖြင့် ေဝါဟာရများ ပိုကြွယ်လာပြီး စာဖတ်လည်း မြန်လာ ပါတယ်။ တကယ့် စာမေးပွဲမှာ စက္ကန့်တိုင်း အရေးပါပါတယ်။ စာကျက်တာမဟုတ်ပဲ။ သုံးလေးခေါက်လောက် ထပ်ခါ ထပ်ခါ ဖတ်ကြည့်ပါ။
(၂) ဖြေဆိုပုံ အဆင့်ဆင့်ကို သိထားပါ။
စာမေးပွဲတွင် ဖြေဆိုပုံ အဆင့်ဆင့်ကို အကျွမ်းတ၀င် သိထားပါက အလွန်အဖိုး တန်တဲ့ အချိန်တွေကို အကောင်း ဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကို အလ ဟဿမဖြစ်စေခြင်းကြောင့် ပိုထွက် လာတဲ့ အချိန်ကို ကောင်းစွာ မဖြေနိုင်တဲ့ မေးခွန်း များအတွက် အချိန်ပေးနိုင်ပါတယ်။
(၃) လေ့ကျင့်ပါ။
ပွဲမ၀င်ခင် အပြင်က ကျင်းပဆိုသလို တကယ့်စာမေးပွဲကြီး မဖြေမီ များနိုင်သမျှ များများအစမ်းစာမေးပွဲများ လေ့ကျင့်ဖြေ ဆိုထားခြင်းဖြင့် ယုံကြည်မှု ပိုမိုတိုးလာပြီး တကယ့်စာမေးပွဲနေ့မှာ စိတ်လှုပ်ရှားမှုကို လျော့နည်းစေ ပါတယ်။
(၄) ပတ်၀န်းကျင် အခြေ အနေကောင်း ဖန်တီးပါ။
တကယ့်စာမေးပွဲနေ့အတွက် ပြင်ဆင် မှုများကို ပြုလုပ်ပါ။ ပြင်ဆင်မှုဆိုရာမှာ ခဲတံ အပိုယူဆောင်သွားခြင်းသာ မဟုတ်ဘူး။ စာမေးပွဲဖြေဆိုမယ့် မနက်ပိုင်းမှာ အစား အသောက်များစွာ မစားသင့်ပါဘူး။ ဖြေဆို မယ့်ညမှာ လည်း ညနက်တဲ့အထိ စာများကို မကြည့်သင့် မကျက်မှတ်သင့်ပါဘူး။ စာမေး ပွဲသွားဖြေရာတွင် အနွေးထည် ယူဆောင် သွားသင့်ပါတယ်။ ပူအိုက်တဲ့ရာသီမှာ အနွေးထည်က ဘာလုပ်ဖို့လဲလို့တော့ မပြောလိုက်ပါနဲ့။ အပိုအဖြစ် ဖျားတာ နာတာကို ကာကွယ်နိုင်ပါတယ်။ နောက် တစ်ချက်က ဖြေမယ့်အခန်းမ၀င်မီ အခြေ အနေ ကောင်းမှာပါဟု ကြိုတွေးပါ။ မျှော် လင့်ပါ။ ထိုသို့ ဖန်တီးခြင်းကြောင့် စာမေးပွဲ ကို သက်သောင့်သက်သာ ဖြေဆို နိုင်ပြီး ရလဒ်ကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၅) အမှတ်ပေးပုံစံကို နားလည်ထားပါ။
မဖြေမီ အမှတ်ပေးစနစ်ကို လေ့လာထားခြင်းကြောင့် အကျိုး ကျေးဇူးရရှိနိုင်ပါတယ်။ အချို့စာမေးပွဲ များမှာ အဖြေလွှာ၌ ကွက်လပ်ထားရှိခြင်း ကြောင့် ဘာမှမဖြစ်သော်လည်း မှားယွင်းစွာ ဖြေဆို မှုကြောင့် ရမှတ်မှာ အနုတ် ဖြစ်ရ ပါတယ်။ ဒါကြောင့် ဖြေဆိုသူအနေနှင့် အဖြေအတွက် မရေမရာ ဖြစ်ရင် သတိ ထားသင့်ပါတယ်။ ထိုကဲ့သို့ စာမေးပွဲမျိုးတွင် နံကြားထောက် ဖြေဆိုခြင်းမျိုးထက် မဖြေ ဆိုဘဲ ထားခြင်းက ပိုကောင်းတယ်လို့ ကျွန်မ ယူဆမိပါတယ်။ ကဲ… မှတ်ရတာ တွေလည်း များနေပြီဆိုတော့ နောက် အရေးကြီးတာ သိထားသင့်တာလေးတစ်ခုပဲ ထပ်ပြော တော့မယ်နော်။
(၆) လွယ်တာ ကိုယ်သိတာ မှတ်မိတာကို အရင်ဖြေပါ။
စာမေးပွဲတွင် ကိုယ်ရသော မေးခွန်း များကို အရင်ဖြေပါ။ မဖြေနိုင်တဲ့မေးခွန်း၊ မရေရာ မသေချာတဲ့ မေးခွန်းတွေ ကို ကျန် ထားပြီး ရတဲ့မေးခွန်း အကုန်လုံးကို ဆက် တိုက်ဖြေပါ။ ထိုသို့ ဖြေသောကြောင့် အပိုင် ရမှတ်တွေကို ရရှိမှာဖြစ်ပြီး နောက်ပိုင်း ပိုသော အချိန်တွေမှာ ခက်ခဲတဲ့ မသေချာ တဲ့ မေးခွန်းတွေကို စဉ်းစားချိန်ရရှိပြီး အောင်မှတ်ကောင်းများနဲ့ အနိုင်ရရှိနိုင် ပါစေလို့ ကျွန်မယုံကြည်နေမိ ပါတော့တယ်။ စာဖတ်သူအားလုံး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်မှုများစွာကို လက်၀ယ်ပိုင်ပိုင် ဆုပ်ကိုင်ပြီး အများအကျိုးရွက်ဆောင်နိုင်တဲ့ သားကောင်းသမီးကောင်းများ၊ မိဘကျေးဇူး ဆပ်နိုင်ပြီး သာသနာအကျိုးများ လုပ် ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်….