Featured, Gadgets, Mobile, Review

CES 2015 : 4K, Ultra HD, SUHDတို့ရဲ့ ကွာခြားချက်

CES 2015 : 4K, Ultra HD, SUHDတို့ရဲ့ ကွာခြားချက်

အမေရိကန်ပြည်ထောင်စု Las Vegasမှာ ပြုလုပ်နေတဲ့ Consumer Electronics Showပွဲမှာတော့ ပထမဆုံးနေ့အဖြစ် မီဒီယာတွေ့ဆုံပွဲကို ပြုလုပ်ပါတယ်။ ပွဲမှာတော့ နည်းပညာ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်များစွာကို သတင်းထောက်တွေ သတင်းရယူနေကြပါတယ်။ အဲဒီအထဲက Samsungရဲ့ SUHDတီဗီတွေအကြောင်းဟာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ 4K or Ultra HD TV or UHDများကိုသာ ကြားဖူးကြတာ ဖြစ်ပြီး SHUDဆိုတာ အထူးအဆန်းကြီးပါ။ အဲဒီအတွက် ဒီဝေါဟာရတွေရဲ့ ကွဲပြားချက်ဟာ စိတ်၀င်စားစရာကောင်းလာပါတယ်။

4K, Ultra HD, SUHDတို့ရဲ့ ကွာခြားချက်

Samsungဟာ ထုတ်ကုန် အမျိုးအစားများစွာကို ထုတ်လုပ်နေတဲ့ နည်းပညာ Companyကြီးဖြစ်ပြီး သူ့ရဲ့ မီဒီယာ တွေ့ဆုံပွဲမှာ ပြောကြားချက်အရ ဒီပွဲမှာ သူ့ရဲ့ အကောင်းဆုံး ထုတ်ကုန်အားလုံးနီးပါးကို ပြသမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကွေး ပီစီ မော်နီတာနဲ့ Tizen OSမောင်းနှင်တဲ့ SUHD TVများကနေ Milk VRနဲ့ အ၀တ်လျှော်စက်တွေတောင် ပါရှိပါတယ်။

SUHDက ဘာကိုဆိုလိုတာလဲနဲ့ Ultra HDနဲ့ ကွဲပြားသလားဆိုတာ မေးစရာရှိပါတယ်။ ကွဲပြားသလို တူညီမှုလည်း ရှိပါတယ်။ 4Kဆိုတာ စားသုံးသူ နှုတ်ဖျားမှာတော့ ဖလှယ်အသုံးပြုတဲ့ ဝေါဟာရပါ။ သဘောကတော့ Ultra HD , UHDလို့ စားသုံးသူတွေက သိပ်မပြောဘဲ 4K လို့သာ အသုံးများပါတယ်။ အဲဒီ ဝေါဟာရ အားလုံးက အတူတူပါပဲ။ SUHDနဲ့ ကွာခြားချက်က ဒီအမျိုးအစား မျက်နှာပြင်တွေမှာ အရောင်နဲ့ အလင်းရောင်ကို ပိုမိုကောင်းမွန်စေတဲ့ quantum-dot နည်းပညာကို အသုံးပြုထားတယ်လို့ Samsungက ပြောပါတယ်။
B6npG8vCcAA2K_d
အခြားတီဗီသတင်းများ

Dishက တစ်လကို ဒေါ်လာ နှစ်ဆယ်တည်းနဲ့ တီဗီလိုင်း အချို့ကို ကြည့်နိုင်တဲ့ နှစ်ရှည်စာချုပ်ချုပ်စရာမလိုတဲ့ ရုပ်သံလိုင်း ထုတ်လွှင့်မှု ၀န်ဆောင်မှုဖြစ်တဲ့ Sling TVကို ကြေညာပါတယ်။

Dishက Ultra HD TVတိုင်းကို 4K ရုပ်သံများ ထုတ်လွှင့်ပေးမယ့် 4K Joey ဆိုတဲ့ Set-Top Boxကိုလည်း ကြေညာလိုက်ပါတယ်။ အဲဒီ Deviceမှာ အသံနဲ့ ထိန်းချုပ်မှုကို အထောက်အပံ့ပေးတဲ့ Hopper Voice Remote အသစ်ပါရှိလာပါတယ်။ Menuတွေတစ်လျှောက် ပွတ်ဆွဲပြီး Scrollလုပ်နိုင်တဲ့ Touchpadလည်း ပါရှိပါတယ်။
hopper-voice-remote-ces-520x349
နောက်ထပ် 4K အကြောင်းပြောရရင် Sharpက Pixel၆၆ သန်းပါတဲ့ 4Kထက်တောင် ကောင်းတဲ့ AQUOS Beyond 4K UHD TVကို ပြသလိုက်ပါတယ်။ တီဗီကို Android TV OSက မောင်းနှင်မှာ ဖြစ်ပြီး အလွန်ပါးလွှာပြီး ဒီဇိုင်းအလွန်လှပပါတယ်။
0105_sharpthin-520x292
Sonyကလည်း Android TVမောင်းနှင်တဲ့ Bravia အမျိုးအစားတီဗီများကို ပြသလိုက်ပါတယ်။ မီဒီယာတွေ့ဆုံပွဲအစမှာ Sonyက လွတ်လပ်စွာ ပြောဆိုမှုဟာ ကုမ္ပဏီအတွက်အရေးကြီးကြောင်း ဆိုက်ဘာတိုက်ခိုက်ခံရမှုကို ပြောကြားသွားခဲ့ပါတယ်။ Sonyဥက္ကဌက ဒါကို ဖြေရှင်းပေးမယ်လို့လည်း ပြောပါတယ်။

Netflixပရိသတ်တွေအတွက် ထုတ်လွှင့်မှုကို ပိုမိုကောင်းစေဖို့ တီဗီထုတ်လုပ်သူများနဲ့ ပူးပေါင်းမယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ Netflixနဲ့ ပူးပေါင်းမယ့် တီဗီထုတ်လုပ်သူတွေက Sony, Sharp, LG, Vizioတို့ ဖြစ်ပါတယ်။

စမတ်ဖုန်း

LGက ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် LG G Flex 2ကို တရား၀င်ကြေညာလိုက်ပါတယ်။ ဒုတိယမျိုးဆက် Flexဖုန်း ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားကို ခြောက်လက်မကနေ ၅.၅ လက်မကို လျှော့ချထားပါတယ်။ ဒါပေမယ့် ကွေးညွှတ်မှု ပိုမိုကောင်းစေဖို့ အတွက် ပိုမို ကာကွယ်နိုင်တဲ့ အလွှာတစ်ထပ်ကို အသုံးပြုထားပါတယ်။ ဖုန်းမှာ Qualcomm 64bit Snapdragon 810 Processor, 2GB RAM တပ်ဆင်ထားပြီး LTE Category 6ကို အထောက်အပံ့ပေးပါတယ်။
TNW-image-template-520x199
နောက်ထပ် ကြေညာတဲ့ စမတ်ဖုန်း တစ်လုံးက Asus ZenFone 2ဖြစ်ပြီး Dual-SIM Function, Quad-Core Intel Atom Processor, 4GB RAM တို့ ပါရှိပါတယ်။ Samsungကတော့ ဒီပွဲမှာ စမတ်ဖုန်းတွေကို ကြေညာခြင်းမရှိဘဲ နောက်လမှာ ပြုလုပ်မယ့် Mobile World Congressအတွက် ချန်လှပ်ထားတာ ဖြစ်ပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပျူ တာများ

Lenovoက ကိုယ်လက်ကြံ့ခိုင်ရေး တိုင်းတာပေးပြီး E Ink Displayတပ်ဆင်ထားတဲ့ အတွက် တစ်၀က်တစ်ပျက် စမတ်နာရီလို့လည်း ပြောလို့ရတဲ့ Vibe Bandနဲ့အတူ ချပ်၀တ်တန်ဆာကွန်ပျူ တာ နယ်ပယ်ကို ၀င်ရောက်လာပါတယ်။
VIBE-Band-VB10-1-520x443
သာမာန် နာရီများနဲ့ တူတဲ့ စမတ်နာရီကို လိုချင်ရင်တော့ Garminက GPS, Heart Rate Monitors, Satellite Imageryတို့ တပ်ဆင်ထားတဲ့ စမတ်နာရီများကို ပြသလိုက်ပါတယ်။

အခြား

Mercedes-Benzကလည်း Conceptကားဖြစ်တဲ့ the F015ကို ပြသလိုက်ပါတယ်။ လူမဲ့ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ ကားမှာ လူမဲ့ ကားပါကင်ထိုးတဲ့ စနစ်ကနေ ခရီးသည်နဲ့ လမ်းသွားလမ်းလာနှစ်ဖက် စလုံးကို အသိပေးဖို့အတွက် အရောင်ပြောင်းနိုင်တဲ့ LED မီးသီးများ အထိ အနာဂတ် နည်းပညာများနဲ့ အတူ Carbon Fiber ကိုယ်ထည်ကို တပ်ဆင်ထားပါတယ်။
mercedes-benz-f-015
မစင်ကို ခွဲခြမ်းစိတ်ဖြာပြီး ကျန်းမာရေး အခြေအနေကို တွက်ချက်ပေးနိုင်တဲ့ ဆေးသိပ္ပံနည်းပညာများကိုလည်း CES ပွဲမှာ တွေ့ရှိရပါတယ်။ Parrotရဲ့ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ပန်းပင်ရေလောင်းအိုးက ပိုင်ရှင် အိမ်မှာ မရှိရင်တောင် အဝေးကနေ ရေလောင်းခိုင်းနိုင်ပါတယ်။

Droneနဲ့ Action Cameraတွေကိုလည်း ပြသခဲ့ပေမယ့် သိပ်တော့ မဆန်းကြယ်ပါဘူး။ နောက်နေ့တွေမှာလည်း ဘယ်လို နည်းပညာထုတ်ကုန် အသစ်အဆန်းတွေကို ပြသမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရပါမယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *