ယခုအပတ်အတွက် Street Wise ကဏ္႑မှာတော့ Design ဆွဲရာမှာ သေသပ်လှပပြီး၊ Design ကို ဝါသနာအရ ဖန်တီးလုပ်ကိုင်နေတဲ့ Designer Ko Htee ကို Design ပရိတ်သတ်များအတွက် မြန်မာအိုင်စီတီ ဂျာနယ်မှ သွားရောက်မေးမြန်းခဲ့ပါတယ်။
အခု အစ်ကိုလုပ်ဖြစ်နေတဲ့ အနုပညာလုပ်ငန်းတွေအကြောင်း ပြောပြပေးပါ။
အခုအစ်ကို လုပ်တဲ့ Design က အစုံပဲ ကတ်စက်ခွေ Cover တွေရော၊ အခုလတ်တလောဆိုရင် ရဲလေးစာအုပ် တစ်အုပ်လုံးဆွဲပြီးသွားပြီ၊ ထွန်းထွန်း Example တစ်ကိုယ်တော်ခွေ၊ ပြီးတော့ Myanadar ရေသန့်လုပ်ငန်းတွေပေါ့၊ နောက်ပြီး တစ်ခြားဟာတွေရော အစုံပါပဲ၊ အကုန်အစုံပဲ ဒီဇိုင်းဆွဲတယ်။
အစ်ကို Design လောကထဲကို ဝင်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပါ။
အစ်ကိုဆယ်တန်းအောင်တော့ ၁၉၉၄၊ ၉၄ အောင်တော့ တက္ကသိုလ် မတက်ခင်ကြားထဲ ရန်ကုန်မှာ DTP စလုပ်တာ၊ ၃၄လမ်းမှာ DTP စလုပ်တယ်၊ DTP ကိုအစ်ကို (၃)နှစ်လောက် လုပ်ခဲ့တယ်၊ (၃)နှစ်လောက် လုပ်ပြီးတော့မှ ဒီ Design ဘက်ကို ကူးလိုက်တာ၊ စပြီးတော့ Design စလုပ်တာက Fashion Image မဂ္ဂဇင်း စစချင်းပေါ့၊ အစ်ကို အဲဒီကနေ Design စလုပ်ဖြစ်တာပဲ၊ Fashion Image ကနေစတာ။
Design ပညာရပ်ကို အစ်ကို ဘယ် သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါသလဲ။
အစ်ကိုသင်တန်းတော့ မတက်ခဲ့ဘူး၊ ဘယ်သင်တန်းမှ မတက်ခဲ့ဘူး၊ စာဖတ်တယ်၊ ကိုရဲ့ ရှေ့က Senior တွေကို မေးတယ်၊ အဲ့လိုမျိုးနဲ့ပဲ သင်လာခဲ့တာ၊ ပြီးတော့ စာဖတ်တယ်၊ မေးတယ်၊ ဒါပါပဲပေါ့၊ အဲဒီအချိန်တုန်းက Internet မှ မရှိသေးတာ၊ အဲ့လိုနဲ့ပဲ Design တတ်ခဲ့တာ၊ လေ့လာတာကတော့ အခုအချိန်ထိပါပဲ။
အစ်ကို Design နဲ့ပတ်သက်ရင် ဘယ်လို စာအုပ်မျိူးတွေ ဖတ်လဲ ဆိုတာ ပြောပြပေးပါ။
Design နဲ့ ပတ်သက် ရင်တော့ အခုဆို Adobe က ထုတ်တဲ့ စာအုပ်တွေလဲ ရှိနေပြီ၊ အရင်တုန်းကတော့ မြန်မာလို မရှိဘူး၊ အခုဆိုရင်တော့ မြန်မာလို ရှိနေပြီပေါ့၊ စာအုပ်တွေကတော့ အခုမြန်မာလို ဖတ်မယ်ဆိုလဲ မြန်မာလို ဘာသာပြန်ထားတဲ့ Photoshop တွေလဲ အကုန်အစုံ ရှိတယ်ပေါ့နော်၊ အစ်ကိုတို့ ခေတ်တုန်းကတော့ မရှိဘူးပေါ့၊ ဒီလိုနဲ့ပဲ သိရတာ၊ အခုခေတ်ကတော့ မြန်မာလို ဖတ်ချင်လဲ မြန်မာလိုရှိတယ်၊ တခြား အင်္ဂလိပ်လိုဆိုလဲ Online မှာ သွားရှာလို့ရတယ်၊ eBooks တွေလဲ အများကြီးရှိတယ်။
အစ်ကို့အနေနဲ့ Online မှာ Design နဲ့ပတ်သက်လို့ ဘယ််လို Website မျိုးတွေကို လေ့လာဖြစ်လဲ မသိဘူး။
Design နဲ့ ပတ်သက်လို့ကတော့ လေ့လာတဲ့ Site ကတော့ အစုံပါပဲ၊ လိုက်ရှာပြီးတော့ တွေ့တာ အကုန်လုံး လေ့လာလို့ရသမျှကို လေ့လာတာပဲ၊ အခု Beginner တွေ အနေနဲ့ လေ့လာချင်တယ်ဆိုရင်တော့ Worth1000.com ဆိုတာရှိတယ်။ အဲ့ဒီမှာ Beginner တွေအတွက်ကော၊ ပြိုင်ပွဲတွေကော၊ ပြီးတော့သူတို့ Creation လုပ်ထားတာတွေကော၊ ကောင်းတာတွေကော မကောင်းတာတွေကော အကုန်လုံး အစုံရှိတယ်၊ အဲ့ဒါလေးတစ်ခုတော့ ရှိတယ်၊ လေ့လာချင်တဲ့ လူတွေအတွက်ပေါ့၊ အစ်ကိုလဲ မကြာမကြာတော့ သွားကြည့်ဖြစ်ပါတယ်၊ အဲ့ဒီမှာ ပြိူင်ပွဲဝင်မယ်ဆိုလဲ ပြိုင်ပွဲဝင်လို့ရတယ်၊ သူ့အဆင့်လိုက် ဓာတ်ပုံသမားတွေ အတွက်ကော၊ Site တစ်ခုထဲမှာတင်ပေါ့ အကုန်လုံးရှိတယ်။
Design ပညာရပ်ကို စိတ်၀င်စားပြီး လေ့လာနေတဲ့ လူငယ်လေးတွေအတွက် ဘယ်လို စတင်လေ့လာရမလဲ ဆိုတာကို ပြောပြပေးပါ။
အဓိကကတော့ ကိုယ်တကယ် ဝါသနာပါလားပေါ့နော်၊ တစ်ချို့ ကလေးတွေက အခု (၁ဝ)တန်းပြီးလို့ အိမ်က ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ သူများတွေ သင်တန်းတက်လို့ လိုက်တက်တယ်၊ ပြီးတော့ သူတို့ကလဲ ဘာသင်တန်းတက်ရမှန်း မသိဘူး၊ သူများက Photoshop ဆိုလို့ သူတို့ကလဲ Photoshop လိုက်လုပ်တယ်၊ ပြီးတော့ တကယ် တမ်းတော့လည်း သူတို့က တကယ်ဝါသနာမပါဘူး၊ အဲ့ဒါမျိုးတွေ ဖြစ်နေတယ်၊ ပြီးတော့ အခု ဒီ Design ဘက်ကို လိုက်မယ်ဆိုရင်တော့ ဝါသနာလဲ တကယ်ပါစေချင် တယ်၊ ပြီးတော့နောက်တစ်ခုက စိတ်လဲရှည်စေချင်တယ်၊ ပြီးတော့ သေသေချာချာလေးလဲ ရှာဖွေပြီးတော့ လေ့လာစေချင်တယ်၊ တစ်ချို့က ပုံလေးလှီးတာက အစ စိတ်မရှည်ချင်ဘူး၊ အဓိကကတော့ ပုံလှီးတာကအစ အခြေခံကျကျ လေ့လာဖို့ ရေးကြီးတယ်၊ အသေးစိတ်ကအစ စနစ်တကျနဲ့ စိတ်ရှည်ရှည်လေး လုပ်မှရတယ်။
အစ်ကို့အနေနဲ့ ဒီ Design ပညာဘက်ကို ဘာကြောင့် လေ့လာဖြစ်ခဲ့တာလဲ ဆိုတာကို ပြောပြပေးပါ။
အစ်ကိုက လုပ်ရင်းကိုင်ရင်းကနေပြီးတော့ ဝါသနာပါလာတာ၊ အဓိကကတော့ အစ်ကိုက အနုပညာဆိုရင် အကုန်လုံးတော့ ဝါသနာပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာမှ Computer မှာ ဒီ Design နဲ့ သွားတွေ့တာ၊ သွားတွေ့တော့ စီးပွားရေးလုပ်ငန်းအတွက်ကို အဲ့ဒီဘက်ကို ပိုပြီးတော့ ဝါသနာပါသွားတာ၊ အဲ့ဒါနဲ့ပဲ Design လုပ်ဖြစ်သွား တာ။
Design တွေ ရေးဆွဲတဲ့အခါမှာ ဘယ်လို ပစ္စည်းတွေအများဆုံး သုံးဖြစ်ပါသလဲ။
Design ဆွဲတဲ့အခါမှာ အစ်ကိုတော့ Computer ပဲ သုံးတယ်၊ Computer နဲ့ ပဲပေါ့၊ အစ်ကိုက ပန်းချီဆရာလဲ မဟုတ်ဘူး၊ ပန်းချီလဲ မဆွဲတက်ဘူး၊ အဲ့ဒီတော့ Computer ပဲပေါ့။
ဘယ်လို Software တွေ သုံးဖြစ်လဲ မသိဘူး။
Design အတွက်ဆိုရင်တော့ အဓိက သုံးတာကတော့ Photoshop ပဲပေါ့နော် ၊ Photoshop ရှိမယ် Illustrator ရှိမယ်။ အခုတော့ Photoshop CS5 ပေါ့ အရင် Photoshop 7.0 မတိုင်ခင်ကတည်းက အစ်ကိုတို့က Photoshop ကို သုံးလာခဲ့ရတာ။
အခု အစ်ကိုသုံးနေတဲ့ Software တွေက ကောင်းမွန်တဲ့ ဒီဇိုင်း Effect တွေကို ပေးစွမ်းနိုင်ပါသလား။
ပေးပါတယ်၊ ကိုယ်သုံးရင် သုံးတတ်သလောက်ပေါ့နော်၊ နည်းပညာပိုင်းအနေနဲ့ Photoshop ဘက်ကတော့ အကုန်လုံး ပြည့်ပြည့်စုံစုံရှိတယ်၊ ကိုယ်ကိုတိုင်ရော၊ နောက်တစ်ခု နောက်ထပ်ထွက်လာတဲ့ Plug in တွေကော သုံးတဲ့လူအပေါ်မှာပဲ မူတည်ပြီးတော့ တော်တော်အကျိုးရှိပါတယ်။
Design ဆွဲတဲ့အခါမှာ Design ပုံတွေ ရယူဖို့အတွက် ကိုယ်တိုင် သွားရောက် ရိုက်ယူလေ့ ရှိပါသလား။
ကိုယ်တိုင်တော့ မရိုက်ဘူး၊ ဒါပေမယ့် Shooting ကိုတော့ ကိုယ်တိုင် လိုက်ရတယ်၊ ကိုယ်ကိုယ်တိုင်တော့ ဒီဓာတ်ပုံတွေကို မရိုက်ဘူး၊ Professional မရိုက်ဘူး၊ အပျော် တန်းပဲရိုက်တာ၊ ဒါပေမယ့် ဒီ Product တစ်ခုကြော်ညာလုပ်ဖို့အတွက်ဆိုရင်တော့ အစ်ကိုတို့ Designer တွေက Shooting ကို လိုက်တယ်၊ လိုအပ်တာကို လိုက်ပြီးတော့ Camera man နဲ့ ညှိပြီးတော့ လိုက်လုပ်ပေးရတယ်၊ ကိုယ်လိုချင်တာနဲ့ Camera man ဘက်က ဖြစ်နိုင်တာနဲ့ လိုက်ညှိရတယ်၊ နောက်တစ်ခုက ကုမ္ပဏီဘက်က လိုအပ် တာလဲ တစ်ချက် ပြန်ကြည့်ရတာပေါ့။
အခုသုံးနေတဲ့ IT ပစ္စည်းတွေက Design အတွက် လုံလောက်တဲ့ စွမ်းရည်တွေပေးနိုင်ပါသလား။
ပေးစွမ်းနိုင်ပါတယ်၊ ပေးစွမ်းနိုင်တယ်ဆိုပေမယ့် Performance တော့ မြင့်ဖို့ လိုတာပေါ့၊ Performance မြင့်တော့ အလုပ်လဲ တွင်ကျယ်တာပေါ့၊ မြန်မြန်ဆန်ဆန် အလုပ်လုပ်ဖို့ အဆင်ပြေတာပေါ့၊ Performance နိမ့်ရင်တော့ နှေးကွေးနေတာနဲ့ ကိုယ်က အဲ့ဒါကို Save လုပ်ဖို့ စောင့်နေရတာနဲ့ကိုပဲ အချိန်ကုန်တော့ အဲ့မှာတင် Feel တစ်ဝက် ပျက်နေပြီ၊ Design တကယ်လုပ်မယ်ဆိုရင်တော့ Performance မြင့်တဲ့စက် သုံးသင့်တယ်။
အစ်ကို အပျော်တမ်းဓာတ်ပုံတွေရိုက်ရင် ဘယ်လို Camera အမျိုးအစားတွေ သုံးဖြစ်လဲဆိုတာ ပြောပြပေးပါ။
အစ်ကို အခုသုံးနေတာက NIKON D-5000 ကိုင်နေတယ်။ Camera ဘက်ကတော့ သိပ်မသိဘူး၊ အခုလည်း Camera ကောင်းကောင်းဝယ်ချင်လို့ အစ်ကို့သူငယ်ချင်း Camera man ကို ဝယ်ခိုင်းလိုက်တာ၊ ရှေးတုန်းက Camera တွေ ကိုင်ရတာ အားမရတော့လို့၊ Auto လေးတွေ ကိုင်ရတာ အားမရတော့လို့ NIKON D-5000 ဝယ်လိုက် တာ။
အစ်ကို့အနေနဲ့ နည်းပညာအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
နည်းပညာကတော့ သုံးတဲ့လူအပေါ်မှာပဲ မူတည်တာပေါ့၊ အကျိုးရှိရှိသုံးရင်လဲ အကျိုးရှိတာပေါ့နော်၊ ဆိုးကျိုးဘက်က သုံးမယ်ဆိုလဲ ဆိုးတာပေါ့၊ နည်းပညာ ကတော့ ကောင်းပါတယ်၊ အကောင်းဘက်ကပဲ များတာပေါ့။
အခုလိုပြည်တွင်းက Designer တွေအပေါ် အစ်ကို ဘယ်လိုမြင်လဲ မသိဘူး။
ကောင်းပါတယ်၊ ကောင်းပါတယ်လို့ပဲ ပြောရမှာပေါ့၊ သေသေသပ်သပ်လုပ်တဲ့ လူတွေလဲ ရှိသလို၊ ဖြစ်သလိုလုပ်တဲ့လူတွေလဲ ရှိတာပဲ၊ လုပ်တဲ့လူပေါ်မှာပဲ မူတည်ပါတယ်၊ အားလုံးတော့ ကောင်းပါတယ်။
ပြည်တွင်း Design လိုအပ်ချက်တွေအပေါ် အစ်ကို ထင်မြင်မိသလို ပြောပြပေးပါလား။
လိုအပ်ချက်ကတော့ တစ်ချို့ တော့လဲ၊ ဘယ်လိုပြောရမလဲ၊ Designer လို့ ပြောရမလား၊ Operator လို့ ပြောရမလားမသိတဲ့ Photoshop သမားတွေပေါ့နော်၊ အဲ့လို လူတွေလဲ ရှိတယ်လေ၊ သူတို့ကတော့ ကုမ္ပဏီက လာအပ်တဲ့ အတိုင်းပဲ၊ ဒီနေရာမှာ ဒီပုံထားမယ်၊ ဒီအရောင်ထည့်မယ်၊ ဒီစာကို ဒီနေရာမှာ ထည့်မယ်လို့ ကုမ္ပဏီက ပြောလိုက်တဲ့အတိုင်းပဲ လုပ်ပေးလိုက်တာ၊ အဲ့ဒါမျိုးကြတော့ Designer မဟုတ်တော့ဘူးပေ့ါနော်၊ အစ်ကိုတို့ကျတော့ အဲ့လိုမျိုး မလုပ်ချင်တော့ဘူး၊ ကိုယ့်ဆီကို Design လာအပ်ရင် ဒီကြော်ညာအတွက် Design တစ်ခုကို ကိုယ်လိုချင်တယ်ဆိုရင် အစ်ကိုတို့က ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ရမှပဲ ကျေနပ်တယ်၊ ကိုယ်က နည်းပညာပိုင်းမှာ သူတို့ထက်တော့ ပိုပြီးအမြင်ရှိတယ်လို့ ထင်တယ်၊ အဲ့ဒီတော့ ကိုယ်တိုင်ပဲ လုပ်ချင်တယ်။
Design ပညာရပ်က Social Life တွေအပေါ်မှာ မည်သည့် အခန်းကဏ္႑ကနေပြီး Support လုပ်ပေးနိုင်တယ်လို့ ထင်ပါသလဲ။
Social Life မှာတော့ မြင်နေရတဲ့ဟာ အကုန်လုံးက Design နဲ့ အကုန်လုံး ပတ်သက်နေတဲ့ဟာတွေ ချည်းပဲလေ၊ ကုမ္ပဏီဆိုလဲ ကုမ္ပဏီမှာ သူတို့ ကြောငြာအတွက် Design သုံးရတာပဲ၊ သာရေးပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် Design မပါရင် မရဘူး၊ အလှူဖိတ်စာလုပ်လဲ ဒါ Design လုပ်ရတာပဲ၊ အဲ့လိုမျိုးပေါ့ အားလုံးက Design နဲ့ အကုန်ပတ်သက်နေတာပေါ့နော်၊ Computer ပါတာမပါတာက ဒါသပ်သပ်ပေါ့၊ Design ကတော့ အကုန်လံုံးနဲ့ နှီးနွယ်နေတာပဲ။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Design ပညာရပ်ဘက်မှာ ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ရှိသလဲဆိုတာ ပြောပြပေးပါ။
အရင်တုန်းကတော့ ဒီဇိုင်းနဲ့ပတ်သက်တဲ့ ဆော့ဖ်၀ဲတွေ လွယ်လွယ်နဲ့ ဝယ်လို့ မရတာတို့ ပြီးတော့ နောက်တစ်ခုက Internet မရှိ၊ Download ကလဲ ဆွဲလို့မရ၊ ရှိတာလေးတွေနဲ့ပဲ သုံးရတာပေါ့နော်၊ အခုခေတ်ကတော့ အကုန်လုံးစုံတယ်၊ အခု Software က Version အသစ်ထွက်တယ် ဆိုလဲ ချက်ချင်းရတယ်၊ Plug in တွေ ထွက်ရင်လဲ Plug in တွေ ချက်ချင်းဝယ်လို့ရတယ်၊ ရောင်းတဲ့ နေရာတွေလဲ အကုန်လုံး ရှိနေပြီလေ၊ ရှိနေပြီဆိုတော့ တော်တော်လေးကို အဆင်ပြေနေပြီပေါ့နော်။
နောက်ဆုံးအနေနဲ့ Design လောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ တက်သစ်စ Designer တွေအတွက် စကားလက်ဆောင်ပြောပေးပါ။
ခုနကပြောသလို……ရှာဖွေပါ၊ လေ့လာပါ၊ ပြီးရင် ကိုယ်တိုင် ဖန်တီးကြည့်ပါ၊ အဲဒါပါပဲ။
အစ်ကို့ကို ဆက်သွယ်ချင်တယ်ဆိုရင် ဆက်သွယ်လို့ရမယ့် လိပ်စာပြောပေးပါ။
အစ်ကိုက အခု ဗန္ဓုလTower၊ ဗန္ဓုလ တံတားထိပ်၊ အခန်း (၃ဝ၂) မှာပါ။
အခုလိုစိတ်ရှည်လက်ရည်နဲ့ ဖြေကြားပေးတဲ့ Designer Ko Htee ကို အထူးပဲ ကျေးဇူးတင်ပါတယ်။