Gadgets, News, Review

Intel CPUနှင့်အတူ အတွေ့အကြုံအသစ်ကိုပေးစွမ်းမယ့် Dell Venue 8 Tablet

Intel CPU နှင့် အတူအတွေ့အကြုံအသစ် ကိုပေးစွမ်းမယ့် Dell Venue 8 Tablet

အင်တာနက် အသုံးပြုခြင်း ၊ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း ၊ စာဖတ်ခြင်း စတာတွေကို အချိန်ကြာရှည်စွာ အသုံးပြုမယ် ဆိုရင် Smartphone ထက် Tablet တွေက ပိုပြီးသင့်တော်သလို ပိုမိုတွင်ကျယ်စွာလည်း အသုံးပြုလာကြပါတယ်။ ဈေးနှုန်း သက်သက် သာသာနဲ့ အရည်အသွေးကောင်းမွန်တဲ့ International Branded Tablet ဝယ်ယူလိုသူများအတွက် ၈ လက်မ မျက်နှာပြင် အရွယ်အစားရှိပြီး 3G SIM Internet အသုံးပြုနိုင်တဲ့ Dell အမှတ်တံဆိပ် Venue 8 Tablet ကို ဖော်ပြချင် ပါတယ် ။ လုပ်ငန်းခွင်မှာ စမတ်ကျကျ အသုံးပြုမှာလား ၊ ကျောင်း/အိမ် မှာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုမှာလား ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ် အသုံးပြုသူ အဆင်ပြေစေမယ့် Tablet အမျိုးအစားဖြစ်ပါတယ်။ ၈ လက်မ မျက်နှာပြင်ရှိတာကြောင့် သာမာန် Tablet အရွယ်အစား ဖြစ်ပြီးအလေးချိန် ၃၇၇ ဂရပ် (ဝ.၈၃ ပေါင်) နှင့် အထူဝ.၃ လက်မသာရှိခြင်းကြောင့် အလွယ်သယ်ယူသွားနိုင်မယ့် ပေါ့ပေါ့ပါးပါး Tablet ဖြစ်ပါတယ် ။ Tablet အရောင်ကတော့ အနက်ရောင်ဖြစ်ပြီး ခန္ဓာကိုယ်ကို ကိုင်တွယ်ရနူးညံ့ပြီး အဆင်းရာ မထင်တဲ့ Polyplasticနဲ့ ပြုလုပ်ထားပါတယ် ။ Tablet ရဲ့ Display Screen ကိုကြည့်မယ်ဆိုရင် ဘယ်လိုအနေအထားမျိုးနဲ့ ကြည့်ကြည့် အရောင်အသွေးမှန်ကန်ပြီး ကြည်လင်ပြတ်သားမှုရှိတဲ့ ၈ လက်မကျယ် IPS HD Multi-Touch Screen ဖြစ်ပြီး 1280×800 Resolution ရှိတာကြောင့် HD Game နဲ့ Videoများ ကြည့်ရှုကစား ခံစားနိုင်ပါတယ်။

Tablet ရဲ့ လုပ်ဆောင်ရည်အပိုင်းကို ကြည့်မယ်ဆိုရင် သာမာန် Smartphone နှင့် Tablet CPU မျိုး အသုံးပြုထားတာမျိုး မဟုတ်ပဲ CPU Clock Speed 2 GHz အထိမြန်တဲ့ Intel Atom Processor Z2580 ကို အသုံးပြုထားတာကြောင့် မြင့်မားတဲ့ CPU စွမ်းဆောင်ရည် လိုအပ်တဲ့ မြန်နှုန်းမြင့် 3G Internet အသုံးပြုတာမျိုး ၊ HD Game အကြီးစားတွေ ကစားတာမျိုး ၊ Multi-Tasking ပြုလုပ်တာမျိုးတွေကို အထူးတလည် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ် ။ Graphic ပိုင်း ဆိုင်ရာအတွက် Intel HD Graphic ပါဝင်ပြီး လျင်မြန်ပေါ့ပါးတဲ့ လုပ်ငန်း လုပ်ဆောင်နိုင်ဖို့အတွက် RAM Memory DDR3 2 GB အထိပါဝင်ပြီး ဖြစ်ပါတယ် ။ Storage ပိုင်းမှာဆိုရင်လဲ ပြင်ပ SD Card ထပ်မံတိုးချဲ့ စရာလိုအောင် Internal Storage 32 GB အထိရှိပြီး ထပ်မံတိုးချဲ့ချင်ရင် 64 GB အထိတိုးချဲ့လို့ရမယ့် microSD Card Slot ပါဝင်ပါတယ် ။ SIM Card ထည့်သွင်းပြီး Network Band 850/900/1900/2100 MHz တွေကိုချိတ်ဆက်နိုင်မှာ ဖြစ်တဲ့အတွက် MPT, Telenor , Ooredooစတဲ့ 3G ကွန်ယက်ရဲ့ အမြန်ဆုံး HSPA+ အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။

Main Camera ကို 5 Megapixel နှင့် Front Camera ကို 2 Megapixel ပါဝင်ပြီး Skype, Facebook , Viber အစရှိတဲ့ Video Call များကို ကောင်းမွန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ ၁ ခေါက်အားသွင်းပြီး ၁၅ နာရီလောက် ဆက်တိုက် အသုံးပြုနိုင်မယ့် Battery ကလည်းသုံစွဲသူများကိုအကြိုက်တွေ့စေမယ့် အချက်တစ်ချက်ပဲဖြစ်ပါတယ် ။ Tablet ရဲ့ OS ကို စွမ်းဆောင်ရည်မြင့်တဲ့ Android v4.2 ထည့်သွင်းထားပြီးKitKat Android v4.4.2 ကို မြှင့်တင်နိုင်ပါတယ် ။ ဒါ့အပြင်Cloud Storage အသုံးပြုနိုင်ရန်အတွက် Dell PocketCloud Explore နှင့် Dell PocketCloud Remote Software အသင့် ပါဝင်ပြီး Monitor နှင့် အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မယ့် Dell Desktop Applicationပါဝင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွက်ရော ၊ အပန်းဖြေနားနေ အသုံးပြုဖို့အတွက်ရော ၊ စာပေပညာလေ့လာလိုသူများအတွက်ပါ အထူးသင့်လျော်တဲ့ Dell Venue 8 Tablet ကိုအာမခံချက် ၁ နှစ် အပါအဝင် ဈေးနှုန်း ၁၆၆,ဝ၀ဝ ကျပ် ဖြင့် အမြို့မြို့ အနယ်နယ် ရှိ KMD Sales Centre ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် ။ Dell Venue 8 Tablet နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို သိရှိလိုပါကဖုန်း 01- 245-180, 01-241-196, 01-381-129 Ext : 124,146 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *