Dell မှအသစ်ထွက်ရှိလာတဲ့ XPS13 – 5th Generation Core i5 processor NB နဲ့ မိတ်ဆက်ပေးပါ့မယ်။ Processor i5-5200U 2.2GHz(3M Cache,up to 2.7GHz) ကိုအသုံးပြုပေးထားပြီး Memory 4GD3L/RS 1600MHz ပါဝင်တဲ့အတွက် သင့်ရဲ့လုပ်ဆောင်ချက် တော်တော်များများကိုလည်း လျင်မြန်လွယ်ကူစွာနဲ့ အသုံးပြုနိုင်မှာပါ ။ Storage အားဖြင့် SSD 128 GB ဖြစ်တဲ့အတွက် ပုံမှန်HDD တွေထက် data transfer ပြုလုပ်ရာမှာ ပိုမိုမြန်ဆန်စေပါတယ်။ Intel(R) HD Graphics 5500 ဖြစ်တဲ့အတွက် software တော်တော်များများ နှင် video & music တွေအသုံးပြုတဲ့အခါမှာလည်း အဆင်ပြေစေပါတယ် ။
Internet အသုံးပြုနိုင်မည့် Wifi စနစ် အသံပိုင်းဆိုင်ရာမှာ ကြည်လင်ပြတ်သားပြီး Screen 13.3” ဖြစ်တဲ့အတွက် ပါးလွှာပေါ့ပါးတဲ့ design နှင့် သယ်ဆောင်ရတာလည်း လွယ်ကူစေပါတယ်။ 4cell battery နှင့် genuine Window 8.1 Pro(64bit) ဖြစ်တဲ့အတွက် တချို့software တွေသုံးတဲ့အခါ ပိုမိုအဆင်ပြေစေပြီး ပြည်ပခရီးသွားမယ့် သူတွေအတွက်လည်း အဆင်ပြေစေမည့် Laptop တစ်လုံးဖြစ်ပါတယ်။ Silver color ကိုသုံးပေးထားပြီး Warranty အားဖြင့် 1 year parts & service ပေးထားပါတယ် ။ ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် $ 1279 ဖြင့် Golden Power Technology, ph: (01-230-4848~52/ 01-2304879~83) နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ရရှိနိုင်ပါပြီ။