News

Dell NB New Product – Dell IN7559-I56300-8-1-RED-UBT-D4

ဒီတစ်ပတ်အတွက် Dell မှ နောက်ဆုံးထွက်ရှိလာတဲ့ Inspiron 7559 Pandora series နဲ့ မိတ်ဆက်ပေးပါမယ် ။

Processor အနေနဲ့ 6th generation i5 6300 HQ Quad Core ကိုသုံးပေးထားပြီး CPU speed ကလည်း 2.3GHz (6M Cache,up to 3.2GHz) အထိ မြန်နှုန်းမြင့်ပါတယ် ။ RAM လို့ခေါ်တဲ့ မှတ်ဉာဏ်ကို လည်း 8GD3L/1600MHz ထည့်ပေးထားတဲ့အတွက် data တွေကို အမြန်ဆုံးနှုန်းနဲ့ မှတ်ပေးမှာဖြစ်ပါတယ် ။ HDD ဟာလည်း ၁ မိနစ်ကို 5400 rpm နှုန်းနဲ့ လည်ပတ်မှာဖြစ်ပြီး သိုလှောင်မှုပမာဏသည်လည်း 1TB HDD ဖြစ်သည့်အတွက် မိမိတို့၏ video files များ ၊ photos များ ၊ အခြား အရေးကြီး data များ နှင့် games များစွာကိုလည်း လုံလုံလောက်လောက်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Graphic ပိုင်းတွင်လည်း Nvidia GeForce GTX960M 4GB DDR5 အမြင့်ပိုင်း graphic card ကိုသုံးပေးထားတဲ့အတွက် Game အမြင့်ပိုင်းတွေကို ဆော့ချင်လား၊ Design ပိုင်းတွေမှာသုံးချင်လား အဆင်ပြေအောင်သုံးစွဲနိုင်ပါတယ်။ Resolution ကိုလည်း Full HD resolution (1920 x 1080) သုံးပေးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ် ။ Screen size မှာ 15.6″ ဖြစ်ပြီး numeric keypad လည်းပါဝင်သည့်အတွက် size ကြီးတာကို ကြိုက်နှစ်သက်သူများအနေဖြင့် အဆင်ပြေအကြိုက်တွေ့စေမယ့် Notebook တစ်လုံးဖြစ်ပါတယ်။

Internet အသုံးပြုနိုင်မည့် Wifi စနစ် ပါဝင်ပြီး Wireless မြန်နှုန်းကိုလည်း 11n လောက်အထိ အမြင့်ဆုံးနှုန်းနဲ့ သုံးပေးထားပါတယ်။ Bluetooth လည်းပါဝင်ပြီး External port တွေဖြစ်တဲ့ HDMI, LAN, USB ports တွေလည်း စုံလင်စွာထည့်ပေးထားပါတယ်။ Dell ရဲ့ ထူးခြားဆန်းသစ်တဲ့ Feature များစွာအပြင် Multimedia ပိုင်းက Waves MaxxAudio ကို သုံးပေးထားတဲ့အတွက် sound system ကိုပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ် ။ Color အနေနဲ့ Black & Red နှစ်ရောင်ကိုရွေးချယ်နိုင်ပြီး Warranty အားဖြင့် 1 year parts & service ပေးထားပါတယ် ။ ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် $ 819 ဖြင့် Golden Power Technology – ph: (01-2304848) (02-2000117-118) နှင့် ကွန်ပျူတာဆိုင်များအများစုတွင် ၀ယ်ယူရရှိနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *