Laptops, News, Review

Dell IN3451-N2840-2-500-BLK-UBT-U

ဒီတစ်ပတ်အတွက် Dell မှ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Inspiron 3000 series နဲ့မိတ်ဆက်ပေးပါမယ်။ Celeron Processor N2840 ကိုမှသူ့ရဲ့ CPU speed ကလည်း (1M Cache,up to 2.58GHz) လောက်အထိ ရှိပြီး သူ့ရဲ့မှတ်ဉာဏ်ကိုလည်း 2GD3L/1600MHz ထည့်ပေးထားတဲ့အတွက် software များ installation လုပ်တဲ့အခါများမှာလည်း မြန်ဆန်စေမှာပါ။ HDD အနေနဲ့ 500GB HDD ကိုမှ 1မိနစ်ကို 5400 rpm နှုန်းသွားပေးထားတဲ့အတွက် မိမိတို့၏ video files များ၊ photos များနှင့် အခြားအရေးကြီး data များစွာကိုလည်း လုံလုံလောက်လောက် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Camera ကလည်း HD webcam ကိုသုံးပေးထားတဲ့အတွက် resolution ကအစ ပိုမိုကောင်းမွန်စေပါတယ်။ Graphic ပိုင်းတွင်လည်း Intel(R) HD Graphics ဖြစ်တဲ့အတွက် ပုံမှန် software များနှင့်သာမန် games တွေကို သုံးချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။

Internet အသုံးပြုနိုင်မည့် Wifi စနစ်ပါဝင်ပြီး (Wireless မြန်နှုန်းကိုလည်း 11n လောက်အထိအမြင့်ဆုံးနှုန်းနဲ့ သုံးပေးထားပါတယ်။)  4cell battery ဖြစ်တဲ့အတွက် battery သက်တမ်းကိုလည်း အချိန်ကြာကြာသုံးနိုင်စေမှာပါ။ Dell ရဲ့ ထူးခြားဆန်းသစ်တဲ့ Feature များစွာအပြင် Multimedia ပိုင်းကအစ Waves MaxxAudio ကိုသုံးပေးထားတဲ့အတွက် Song system ကိုပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ Color အနေနဲ့ Black color ကိုသုံးပေးထားပါတယ်။ Warranty အားဖြင့် 1 year parts & service ပေးထားပါတယ်။ သုံးစွဲသူတွေ ပိုပြီးအဆင်ပြေစေရန်အတွက် Dell External USB Slim DVD+/-RW Optical Drive ကို လက်ဆောင်အနေနဲ့ ထည့်ပေးထားပါတယ်။ ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် $ 299 ဖြင့် Golden Power Technology, ph: (01-230-4848) နှင့် ကွန်ပျူတာဆိုင်များ အများစုတွင် ရရှိနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *