Darpa ရဲ့ စီမံကိန်းသာ အောင်မြင်မယ်ဆိုရင် အနာဂတ် မှာ Hardware တွေ ထည့်သွင်းပေးထားတဲ့ စက်ရုပ်တွေကို အာသာသ သို့ စေလွှတ်ပြီး Satellite တွေ တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်း ကို Phoenix လို့ အမည်ပေးထားပြီး မကြာမီ က စီမံကိန်း အဆင့် တစ် ကို စမ်းသပ်အောင်မြင်ပြီဖြစ်ပါတယ်။ Darpa က အမေရိကန် တွေ Satellite တွေကို တည်ဆောက် ၊ ပြုပြင်ထိန်းသိမ်း တဲ့ နည်းလမ်း ကို တစ်ခေတ်ဆန်းစေမှာ ဖြစ်ပါတယ်။ Darpa ရဲ့ စိတ်ကူးက Satiets လို့ ခေါ်တဲ့ ဖြုတ်တပ်လို့ ရတဲ့ Satellite အစိတ်အပိုင်းတွေကို စက်ရုပ် တွေမှာ တပ်ဆင်ပေးပြီး အာကာသမှာ Satellite တွေ တည်ဆောက်ခိုင်းမှာ ဖြစ်ပါတယ်။ အဲဒီအစိတ်အပိုင်းတွေဟာ ၁၅ ပေါင် အလေးချိန် ရှိပြီး Power Supply , Controls, Sensor စတဲ့ Satellite ရဲ့ စွမ်းဆောင်ချက်တွေအတွက် Hardware တွေ ပါ၀င်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေ ထည့်သွင်းပေးထားတဲ့ စက်ရုပ်တွေကို Payload Orbital Delivery (POD) နည်းစနစ် နဲ့ အာကာသ ထဲ ကို အလွယ်တကူ လွှတ်တင်ပေးမှာ ဖြစ်ပါတယ်။
“ စီမံကိန်း အဆင့်တစ် က ကျွန်တော်တို့ရဲ့ စက်ရုပ်တွေကို အာကာသ သို့စေလွှတ်နိုင်တယ်ဆိုတာ ကို ပြသရုံသာမကဘဲ အာကာသထဲမှာ Satiets တွေကို တပ်ဆင်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပဲ Satellite တွေ တည်ဆောက်နိုင်တယ်ဆိုတဲ့ သဘောတရား ကို အတည်ပြုပေးလိုက်ပါတယ်။ အဲဒီအောင်မြင်မှု ဟာ အခုကုန်ကျနေတဲ့ စရိတ်ထက် သက်သာတဲ့ အမှန်တစ်ကယ် ရွှေ့ပြောင်းနိုင်တဲ့ အာကာသ နည်းပညာ အသစ် ကို တီထွင်ဖို့ တော်လှန်ထူးခြားတဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်။ “ လို့ Darpa ရဲ့ စီမံကိန်း မန်နေဂျာ ဖြစ်သူ David Barnhart က ပြောပါတယ်။
အခုလက်ရှိ ပြုလုပ်နေတဲ့ Satellite တွေဟာ ကုန်ကျစရိတ်များပြားပြီး အာကာသထဲမှာ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်လို့ မရတဲ့အတွက် နှစ်ပေါင်းများစွာ ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်နေအောင် ဒီဇိုင်းရေးဆွဲရတဲ့ အခက်အခဲများစွာရှိပါတယ်။ Satellite ရဲ့ အရွယ်အစား၊ နည်းပညာအခက်အခဲ ၊ ကုန်ကျစရိတ် စတာတွေကို အထူးဂရုပြု တီထွင်ကြရတာဖြစ်ပါတယ်။ ကမ္ဘာမြေ ရဲ့ အထက် မိုင် ၂၂၀၀၀ မှာ လှည့်ပတ်နေတဲ့ Satellite တွေကို အခုလက်ရှိ နည်းပညာ နဲ့ သွားရောက်ပြုပြင်နိုင်ခြင်းမရှိသေးပါဘူး။
Phoenix စီမံကိန်း ရဲ့ နည်းပညာ က အာကာသထဲမှာ Satellite အသစ်တွေ တည်ဆောက်နိုင်မှာဖြစ်သလို ရှိနှင့်ပြီးတဲ့ Satellite တွေကိုလည်း ပြုပြင်ထိန်းသိမ်းမှု တွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Satellite တွေရဲ့ စွမ်းဆောင်ချက်တွေကို Upgrade ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာ ဟာ အာကာသ နည်းပညာ ကို ပထမဆုံး အနေနဲ့ တစ်ခေတ်ဆန်းစေမှာ ဖြစ်ပါတယ်။
စီမံကိန်း အဆင့် နှစ် မှာ Darpa က Busek, Honeybee Robotics, Oceaneering တို့ အပါအ၀င် အခြား Company ရှစ်ခု နဲ့ စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က Darpa က ကမ္ဘာမြေရဲ့ လေးဆယ်ရာခိုင်နှုန်း ကို လွှမ်းခြုံနိုင်ပြီး ခေါက်ချိုးနိုင်တဲ့ ပလတ်စတစ် နဲ့ ပြုလုပ်ထားတဲ့ ၆၈ ပေ အကျယ် အလွန်ကြီးမားတဲ့ Satellite ကို တီထွင်နေတယ်ဆိုတာ ကို ကြေညာလိုက်ပြီး Satellite နည်းပညာ နယ်ပယ် မှာ တစ်ခေတ်ဆန်းစေခဲ့ပါသေးတယ်။