CVT Myanmar သက်မွေးမှုအတတ်ပညာသင်တန်းကျောင်းမှ သင်တန်းဆင်းအောင်လက်မှတ် ပေးပွဲ အခမ်းအနားကို ၅ ရက်နေ့ ဧပရယ်လ ၂၀၁၄ ခုနှစ်၊ UMFCCI မှ နံနက် ၉ နာရီခွဲတွင် စတင်ကာ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။
CVT သည် Switzerland နိုင်ငံသား Mr. Max-O. Wey နှင့်အတူ Swiss Supporter များ စတင်တည်ထောင်ခဲ့သော Dual Education System ဖြစ်သည့် စာတွေ့ လက်တွေ့ သင်ကြားရေးစနစ်ကို မိမိနှစ်သက်ရာ ဘာသာရပ်အလိုက် ( ၃ ) နှစ်တက်ရောက်ရသော သင်တန်းဖြစ်ပါသည်။ ယခုလက်ရှိ CVT တွင် အလယ်တန်းနှင့် အထက်တန်းအဆင့်ရှိသော (၁၇ နှစ်မှ ၂၂နှစ်အတွင်း) လူငယ်များအတွက် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် တက်ရောက်ရသော သင်တန်းများဖြစ်သည့်-
• Cabinet Maker (ပရိဘောဂ ပြုလုပ်မှုအတတ်ပညာ သင်တန်း)
• Metal Worker (သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း)
• Electrician (လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း)
• Commercial Assistance (စီးပွားရေး အထောက်အကူပြုသင်တန်း)
• Hotel & Gastronomy Assistance (ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း)
တို့အပြင် မူလတန်းအောင်မြင်ပြီး အလယ်တန်းဆက်မတက်နိုင်သော ၁၃ နှစ် – ၁၄ နှစ် အရွယ် ကလေးငယ်များအတွက် မိမိနှစ်သက်ရာကျွမ်းကျင်မှု အထူးပြုသင်တန်းကို တက်ရောက်နိုင်စေရန် (၄) နှစ်သင်တန်းကျောင်း E4Y ကိုလည်း ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းသင်တန်းကျောင်းဝန်းအတွင်းတွင် ဖွင့်လှစ်ထားရှိပါသည်။
ယနေ့ဆုပေးပွဲ အခမ်းအနားသည် ၎င်းသင်တန်းအသီးသီးတို့ကို ဆုံးခန်းတိုင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ စာတွေ့ လက်တွေ့ နှုတ်ဖြေ စားမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြု ဒီပလိုမာ လက်မှတ်များ ပေးအပ်ချီးမြှင့်သော CVT ၏နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အခမ်းအနားတစ်ခုဖြစ်ပါသည်။ ယခုနှစ်အတွက် အောင်လက်မှတ်ရရှိသူ စုစုပေါင်း (၁၂၀) ဦးဖြစ်ပါသည်။
သင်တန်းအားလုံး၏ ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဖေဖော်ရီလ နောက်ဆုံး ပတ်တွင် နောက်ဆုံးထား၍ လက်ခံပြီး၊ ဝင်ခွင့်စစ်ဆေးပါသည်။ အတန်းအားလုံး၏ ကျောင်းစတင် ဖွင့်လှစ်ရက်မှာ မေလဆန်းတွင် ဖြစ်ပြီး၊ မြန်မာနှစ်ကူး သင်္ကြန်ပြီး ချိန်တွင် လျှောက်ထားသူ သင်တန်းသားများမှ မိမိတို့၏ ဝင်ခွင့်များကို စုံစမ်းသိရှိနိုင်ပါသည်။
အထက်ပါ သင်တန်းများအပြင် ဘွဲ့ (သို့) ဒီပလိုမာ တစ်ခုခုရရှိပြီးသူများအတွက် ကာလတိုသင်တန်းများအဖြစ်
• CVT certified instructor course ( CVT အသိအမှတ်ပြု နည်းပြသင်တန်း)
• Training Company Instructor Course ( ကုမ္ပဏီ အထောက်အကူပြု နည်းပြသင်တန်း )
• Post Graduateprogram for Young Entrepreneures (စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်သင်တန်း)
များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။