Education, Lifestyle, News

Curtin University ပညာသင်ဆုအခွင့်အလမ်း မြန်မာကျောင်းသားများ လျောက်ထားနိုင်

Curtin University ပညာသင်ဆုအခွင့်အလမ်း မြန်မာကျောင်းသားများ လျောက်ထားနိုင်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ထူးချွန်ထက်မြက်သော ကျောင်းသားများအတွက် Curtin University ကပညာသင်ဆုများ ပေးအပ်မည်ဖြစ်ကြောင်း AVSS သြစတြေးလျ ပညာရေး ဝန်ဆောင်မှုကုမ္ပဏီမှ သိရသည်။သြစတြေးလျနိုင်ငံရှိ ယဉ်ကျေးမှုပေါင်းစုံသော တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူမည့် ထူးချွန်ကျောင်း သားများအတွက် ပထမနှစ်ကျောင်းလခ၏ ၂၅ ရာခိုင်နှုန်းကို ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင်တက္ကသိုလ်ပညာမသင်မီ အင်္ဂလိပ်စာသင်တန်းတက်ရောက်မည့် ကျောင်းသားများအတွက် သင်တန်းကြေး ၁၀ ရာခိုင်နှုန်းလျော့ပေးမည့် အစီအစဉ်လည်းရှိကြောင်း AVSS သြစတြေးလျပညာရေးဝန်ဆောင်မှုကုမ္ပဏီကပြောသည်။

သိပ္ပံ နှင့် အင်ဂျင်နီယာ၊ စီးပွားရေး၊ ကျန်းမာရေးသိပ္ပံ နှင့် လူသားချင်းစာနာမှုဆိုင်ရာ ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်း တက်ရောက် ပညာသင်ယူမည့် ကျောင်းသားများသည် (Semester 2) ဂျူလိုင်ဝင်ခွင့်အတွက် ပထမနှစ်ကျောင်းလခ ၏၂၅ ရာခိုင်နှုန်းဖြစ်သော သြစတြေးလျဒေါ်လာ ၁၀ဝ၀ဝ ထိ ပညာသင်စရိတ် ရရှိမည်ဖြစ်သည်။ Curtin University သည် ကျောင်းသားများ ပညာသင်ယူရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဘဝအတွေ့အကြုံအတွက် ယုံကြည်မှုများ မြင့်မားလာစေရန် ပညာသင်ဆုအစီအစဉ်ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၇ ရက် နောက်ဆုံးလျောက်ထားရန် ကြေညာထားသည်။

ပညာသင်ဆု အခွင့်အလမ်းဖြင့် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်း တက်ရောက်မည့် ကျောင်းသားများအနေဖြင့် Curtin University အသိအမှတ်ပြု ပညာရေးဝန်ဆောင်မှု ကုမ္ပဏီများမှတဆင့် လျောက်ထားရမည်ဖြစ်ပြီး AVSS ပညာရေး ဝန်ဆောင်မှုကုမ္ပဏီ၊ ဖုန်း-ဝ၉၄-၅၀ဝ-၀၆၉-၄၄၊ ဝ၉၄-၅၀ဝ-၀၆၉-၅၅၊ ဝ၉၅-၁၄၇-၂၂၇၊ ဝ၉၇-၃၀၃-၅၅၀-၃ သို့လည်း ဆက်သွယ်လျောက်ထားနိုင်သည်။

Australian Visa & Student Services (AVSS) သည် သြစတြေးလျအခြေစိုက် ပညာရေးဝန်ဆောင်မှုအဖွဲ့အ စည်းဖြစ်ပြီးရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရုံးခွဲဖွင့်လှစ်၍ သြစတြေးလျနိုင်ငံတွင် သွားရောက်ပညာသင်ယူလိုသော မြန်မာကျောင်းသားများကို ဝန်ဆောင်မှုပေးနေသည်။ Curtin University သည် သြစတြေးလျနိုင်ငံရှိ ပါ့သ်မြို့၊ ဆစ်ဒနီမြို့နှင့် စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင် ကျောင်းများဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာကျောင်းသားများလည်း တက်ရောက် ပညာသင်ယူနေ လျှက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *