စာသင်နှစ်ကို ၂၀၁၄ ခုနှစ် မေ ၂ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီရုံးချုပ်၏ ဒုတိယထပ်နှင့် တတိယထပ်တွင် ဖွင့်လှစ်ထားပြီး စာတွေ့လက်တွေ့သင်တန်းများ ဖြစ်သည့်အတွက် လက်တွေ့ လေ့ကျင့်ခြင်းများကိုလည်း စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။ CVT Myanmar သင်တန်းကျောင်းတွင် သင်ကြားပေးနေသော သင်တန်းငါးမျိုးများထဲမှ ပရိဘောဂ အတတ်ပညာသင်တန်းတစ်ခုဖြစ်သည့် CM – 12 ၏ လက်တွေ့ လေ့ကျင့်ခြင်း သင်တန်း ပထမနှစ် PTC -1 ကို ဇူလိုင်လ ၇ ရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ပထမနှစ် ပရိဘောဂ သင်တန်းသားများသည် လုပ်ငန်းနှင့်ပတ်သက်၍ အန္တရာယ်ကင်းဝေးရေးဆိုင်ရာ အသိပညာများ၊ အခြေခံ လက်သက်ကိရိယာ များအား ထက်မြက်စေရန် အသွားသွေးခြင်း၊ နည်းစနစ်မှန်ကန်စွာ အသုံးပြုခြင်း၊ အခြေခံ စရွေးအဆက်များနှင့် ပရိဘောဂငယ်များကို လက်သုံး ကိရိယာများဖြင့် ကိုယ်တိုင်ပြုလုပ်လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
ပရိဘောဂ အတတ်ပညာသင်တန်းသားများ လက်တွေ့ပြုလုပ်ခြင်း

02
Sep