Automobile, News

မြန်မာနိုင်ငံတွင် BMW X6 ကားမော်ဒယ်အသစ်မိတ်ဆက်

မြန်မာနိုင်ငံတွင် BMW X6 ကားမော်ဒယ်အသစ်မိတ်ဆက်

ရန်ကုန်၊ မြန်မာ – BMW မော်တော်ကားများကို မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်း ရောင်းချခွင့်ရရှိထားသော Prestige Automobiles မှ BMW X6 ဒုတိယမျိုးဆက် မော်ဒယ်အသစ်အား ၂၀၁၅ ခုနှစ် မတ်လ (၇) ရက်နေ့တွင် မြန်မာပြည် ဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပါသည်။ BMW X 6 သည် စွဲမက်ဖွယ်ကောင်းသည့် ဒီဇိုင်း၊ အမြင့်ဆုံး စွမ်းဆောင်မှုအရည် အသွေးများနှင့် တီထွင်ဆန်းသစ်မှုရှိသော အသွင်အပြင်၊ အဆင့်အတန်းမြင့်မားသော ငြိမ့်ညောင်းသည့် ခံစားမှုတို့ကို ပေးစွမ်းနိုင် ခြင်းများကြောင့် အခြားသော BMW X မော်ဒယ်များကြားတွင် ထူးခြားစွာ အောင်မြင်မှုရရှိပြီး ကမ္ဘာတစ်ဝန်းတွင် အစီးရေ ၂၆၀,ဝ၀ဝ နီးပါး ရောင်းချခဲ့ပြီးဖြစ်ပါသည်။

” BMW X6 မော်ဒယ်အသစ်ဟာ စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး ယခင်မော်ဒယ်ထက် ဆီစားနှုန်းပမာဏကို ၂၂ ရာခိုင်နှုန်းအထိ သက်သာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Prestige Automobiles ကနေပြီးတော့ BMW X6 မော်ဒယ်တွေအနေနဲ့ xDrive 50i နဲ့ xDrive30d ကို တင်သွင်းရောင်းချသွားမှာဖြစ်ပြီး xDrive50i မှာဆိုရင် Pure Extravagance နဲ့ M Sport package ဆိုပြီး ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု Prestige Automobiles ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ပြောကြားပါသည်။

မော်တော်ကား၏ အတွင်းပိုင်းတွင် ကျယ်ဝန်းသောနေရာ၊ မော်ဒယ်အလိုက် ကွဲပြားသော စွဲမက်ဖွယ်ဒီဇိုင်း၊ အဆင့်အတန်း မြင့်မားမှုနှင့် သီးသန့်ဖြစ်သည့် ပုံစုံကို ပေးစွမ်းနိုင်ခြင်းတို့ကလည်း မော်ဒယ်အသစ် BMW X6 ကို ပိုမိုထင်ရှားစေပါသည်။

BMW X6 xDrive50i တွင် ၄.၄ လီတာ V8 TwinPower Turbo ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားသည့်အတွက် မြင်းကောင်ရေအားကို ၄၅၀ အထိ အမြင့်ဆုံးရရှိနိုင်ပြီး ပထမမျိုးဆက်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ BMW TwinPower Turbo နည်းပညာ၏ အင်ဂျင်တွဲဖက် လုပ်ဆောင်သည့် ပစ္စည်းအစုံတွင် VALVETRONIC Turbochargers (၂) ခုနှင့် Precision Direct Petrol Injection တို့ကို အသုံးပြုထားသည့်အတွက် ဆီစားနှုန်း သက်သာ စေပြီး အင်ဂျင်ရဲ့ စွမ်းဆောင်မှုအားကို ပိုမိုမြင့်မားစေပါသည်။

ယခင်မော်ဒယ်နှင့် နှိုင်းယှဉ်လျှင် မော်ဒယ်အသစ် BMW X6 xDrive50i သည် ၄.၈ စက္ကန့်တွင်(ယခင်ထက် ဝ.၆ စက္ကန့် လျှော့နည်း) သုည မှ ၁၀ဝ km/h အထိ မောင်းနှင်နိုင်ပြီး ဆီသုံးစွဲမှုပမာဏမှာ ကီလိုမီတာ ၁၀ဝ လျှင် ၉.၇၁ လီတာနှုန်း ရှိပါသည်။

BMW X6 xDrive30d ဒီဇယ်အင်ဂျင်မော်ဒယ်

BMW X6 xDrive30d တွင် ၃.ဝ လီတာ straight-six (ဆလင်ဒါခြောက်လုံးပါ) TwinPower Turbo ဒီဇယ်အင်ဂျင် တပ်ဆင်ထားသည့်အတွက် အမြင့်ဆုံး မြင်းကောင်ရေအား ၂၅၈ အထိ ရရှိနိုင်ပြီး ယခင်မော်ဒယ်ထက် မြင်းကောင်ရေအား ၁၃ တိုးတက်လာပါသည်။ ယခုကဲ့သို့ စွမ်းအားမြင့်တက်လာမှုကြောင့် မော်တော်ကား၏အရှိန်အား ၆.၇ စက္ကန့်တွင်(ယခင်ထက် ဝ.၈ စက္ကန့်လျှော့နည်း) သုည မှ ၁၀ဝ km/h အထိ မောင်းနှင်နိုင်ပါသည်။

BMW X6 xDrive30d ၏ ဆီသုံးစွဲမှုပမာဏသည် ကီလိုမီတာ ၁၀ဝ လျှင် ၆.ဝ လီတာနှုန်း ရှိပြီး ယခင်မော်ဒယ်ထက် ၁၉ ရာခိုင်နှုန်း လျှော့ချပေးပါသည်။

BMW X6 မော်တော်ကား၏ Chassis နှင့် ကိုယ်ထည်အား Sport ကား ပုံစံဖန်တီးထားပြီး ကားအတွင်းပိုင်း စွမ်းဆောင်မှု ကိုလည်း အဆင့်အတန်းမြင့်မြင့်နှင့် ငြိမ့်ညောင်းမှုရှိအောင် ဖန်တီးထားသည့်အတွက် မောင်းနှင်ရာမှာ သက်သောင့်သက်သာနှင့် လုံခြုံဘေးကင်းမှုကို ပေးစွမ်းနိုင်ပါသည်။

BMW X6 ၏ ဒုတိယမျိုးဆက် မော်ဒယ်အသစ်တွင် Servotronic စနစ်ပါဝင်တဲ့ Electric Power Steering ကို Standard အနေဖြင့် အသုံးပြုထားပြီး ကိုယ်ထည်တည်ဆောက်မှု အနေဖြင့်လည်း ယခင်မော်ဒယ်ထက် (၄၀) ကီလိုဂရမ် ပေါ့ပါးမှုရှိအောင် တည်ဆောက်ထားပြီး မော်တော်ကား၏ အလေးချိန်အား အလယ်ဗဟိုမှ တိုင်းတာပါက ရှေ့နောက်ဟန်ချက် အား ၅၀: ၅၀ အချိုးညီအောင် ထုတ်လုပ်ထားပါသည်။

BMW X6 မော်ဒယ်အသစ်သည် ယခင်ထက် ပိုမို၍ Aerodynamics ဖြစ်သည့်ပုံစံကို အလေးပေးထားပြီး လေကာများ၊ လေသန့်စင်ကိရိယာများ၊ ကားနောက်ဘက်တစ်လျှောက် လေစီးကြောင်း ထိန်းညှိမှုစနစ်နှင့် အခြားအသေးစိတ် အချက်အလက် များကလည်း မော်တော်ကား၏ လေစီးကြောင်းအား ဖြတ်သန်းမောင်းနှင်သည့်အခါ ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများ ကို သိသိသာသာ လျှော့ချပေးပါသည်။

ဒီဇိုင်းအသစ်တစ်ခုဖြစ်သည့် Pure Extravagance ကို မော်တော်ကားအတွင်းပိုင်းရော အပြင်ပိုင်းပါ ရရှိနိုင်သည့်အပြင် ၄င်းဒီဇိုင်းအား အတွင်းနှင့်အပြင် သီးခြားစီခွဲ၍လည်း မှာယူနိုင်ပါသည်။ ထို့အပြင် ၄င်း Pure Extravagance အတွင်းဒီဇိုင်း အား M Sport package နှင့် ပေါင်းစပ်၍လည်း မှာယူရရှိနိုင်ပါသည်။

BMW X6 မော်ဒယ်အသစ်အတွက် M Sport package

BMW X6 မော်ဒယ်အသစ်တွင် ကိုယ်ထည်တည်ဆောက်ပုံအား Sport Activity Coupe ၏ Aerodynamic သွင်ပြင် လက္ခဏာကို ပိုမိုပေါ်လွင်စေသည့် M Sport package ကိုလည်း မှာယူရရှိနိုင်ပါသည်။

M Sport Package တွင် ၄င်း၏ အမှတ်တံဆိပ်ဖြစ်သည့် M Logo ၊ Sport seat ၊ M Leather Steering wheel ၊ Adaptive M suspension ၊ 20-inch M light-alloy wheels နှင့် M package အတွက် သီးသန့်ဒီဇိုင်း ပြုလုပ်ထား သည့် ကားသော့ စသည်တို့ ပါဝင်ပါသည်။

BMW X6 မော်ဒယ်အသစ်ကို အမှတ် ၄၅၈၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ရှိ BMW အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာတွင် လာရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

Prestige Automobiles သည် ပထမဆုံး BMW အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင် ကားအစီးရေ ၂၀ဝ ကျော်ကို ဝန်ဆောင်မှုပေးနိုင်သည့်အပြင် Aftersales ဝန်ဆောင်မှု တွင်လည်း Body Repair and Paint ဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *