BlackBerryက ဒီနေ့ခေတ်စမတ်ဖုန်းတွေနဲ့ လုံး၀ကွဲပြားတဲ့ အံ့မခန်း Physical Hardware Keyboardပါတဲ့ စမတ်ဖုန်းအသစ်ကို ပွဲထုတ်လိုက်ပါတယ်။ တစ်ချိန်က အောင်မြင်ခဲ့တဲ့နေ့ရက်တွေကို BlackBerryဟာ ပြန်အလိုရှိနေပါတယ်။
BlackBerryရဲ့ နောက်ဆုံးထုတ် မောင်းနှင်လည်ပတ်မှုစနစ်ဖြစ်တဲ့ BlackBerry 10.3ထည့်သွင်းထားတဲ့ ကီးဘုတ်တပ်ဆင်ထားတဲ့ BlackBerry Passportစမတ်ဖုန်းအသစ်ကို ကြေညာလိုက်တာပါ။
BlackBerryဟာ မိတ်ဆွေဟောင်းတွေကို ပြန်လည်စွဲဆောင်ချင်နေတာပါ။ အထူးသဖြင့် တစ်ချိန်က လွန်စွာ ကျွမ်း၀င်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းမှာ အသုံးပြုသူတွေကိုပါ။ ဒါပေမယ့် ဒီဇိုင်းက စီးပွားရေးလုပ်ငန်း သုံးသူများအတွက်သာမက သာမာန်အသုံးပြုသူများအတွက်ပါ ထူးခြားနေပါတယ်။
ပြန်လည် အောင်ပွဲခံဖို့အတွက် ကြိုးစားခြင်းလား
Appleနဲ့ Googleတို့ စမတ်ဖုန်းဈေးကွက်ကို မအုပ်စိုးခင်က BlackBerryက အဆင့်မြင့် မိုဘိုင်းဖုန်းလောကမှာ အဓိက ကစားသမားတစ်ဦးပါ။
ကနေဒါနိုင်ငံ ဝါတာလူး အခြေစိုက် ကုမ္ပဏီရဲ့ ကီးဘုတ်ဖုန်းတွေဟာ စီးပွားရေးလုပ်ငန်းသုံးအတွက်သာမကပါဘူး။ လူတွေရဲ့ နေ့စဉ်လူနေမှုဘ၀တွေကိုပါ လွှမ်းမိုးခဲ့တာပါ။ ဆယ်စုနှစ်လောက် အကြာမှာတော့ ဘလက်ဘယ်ရီရဲ့ ၀င်ငွေတွေဟာ ကျဆင်းလာပါတယ်။ အရာရှိတွေကို ပြောင်းလဲခဲ့ပေမယ့် စတုတ္ထနေရာကိုသာ ရရှိပြီး Windows Phoneရဲ့ နောက်၊ iPhone, Android တို့ရဲ့ အလွန်ပြတ်သားစွာ နောက်ကောက်ကျခဲ့ပါတယ်။
ကျရှုံးရတဲ့ အကြောင်းတစ်ချက်က တစ်ချိန်က ဘလက်ဘယ်ရီကို အသုံးပြုခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ၀န်ထမ်းတွေရဲ့ တောင်းဆိုမှုတွေကို ကျယ်ကျယ်လောင်လောင် ရရှိခဲ့တာပါ။ အဲဒါကတော့ ၀န်ထမ်းတွေအနေနဲ့ အလုပ်အတွက် Android, iPhoneတွေကို အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။
အခုတော့ ဘလက်ဘယ်ရီက အဲဒီဖောက်သည်တွေကို ပြန်လိုချင်နေပါပြီ။ ဘလက်ဘယ်ရီရဲ့ အနာဂတ်ဟာ စီးပွားရေးလုပ်ငန်းသုံး ဆော့ဝဲပေါ်ကို မှီခိုနေပေမယ့် ဟန်းဆက်အသစ်များ ထုတ်ခြင်းဖြင့် အောင်မြင်နိုင်တယ်ဆိုတဲ့ အယူအဆကို ကျင့်သုံးနေပါတယ်။ Passportစမတ်ဖုန်းအသစ်ဟာ သူ့ရဲ့ အောင်မြင်မှုကို ပြန်လည်ဆောင်ကျဉ်းပေးမယ်လို့ မျှော်လင့်နေပါတယ်။
ဘလက်ဘယ်ရီရဲ့ ဖောက်သည်ဟောင်းတွေက ဖုန်းအသစ်ကို စိတ်၀င်စားနေကြမှာပါ။ သူတို့ သိချင်တာကို ပြောပြပါတော့မယ်။ အဲဒါက ထူးခြားမှုပါပဲ။
Passport
Passportစမတ်ဖုန်းဟာ တကယ့် Passportအရွယ် ဖြစ်ပြီး ပုံမှန်တော့ မဟုတ်ပါဘူး။ ရောင်းချနေတဲ့ ဖက်ဘလက်တွေနဲ့လည်း မတူညီဘဲ ကွဲထွက်နေပါတယ်။ စာရွက်စာတမ်းနဲ့ ဇယားတွေအတွက် စတုရန်း မျက်နှာပြင်က နေရာများစွာ ရရှိစေမှာပါ။
ဘလက်ဘယ်ရီဆိုကတည်းက ကီးဘုတ်စွမ်းဆောင်ချက်တွေကို သင်သိချင်မှာပါ။ နေရာကျယ်ပေမယ့် ကီးဘုတ်မှာ ပြဿနာကြီးတစ်ခုရှိနေပါတယ်။ Rowသုံးခုမှာ ကီးတွေကို တပ်ဆင်ထားပြီး Spacebarကို အောက်ဆုံးRowမှာ တွေ့ရပါတယ်။
ဒါဟာ ဆိုးဝါးတဲ့ ဒီဇိုင်းပါ။ ဟက်ဒ်ဝဲကီးဘုတ်တွေရဲ့ အဓိက အားသာချက်က စာရိုက်တာပါ။ ဆန်းသစ်တဲ့ဒီဇိုင်းကြောင့် လူများစွာဟာ b , n , mတို့ကို နှိပ်ချိန်မှာ Spacebarကို မှားနှိပ်မိနိုင်ပါတယ်။
ကောင်းမွန်ချက်က Physical Keyboardမှာ Virtual Keyတွေ အထက်မှာ ပါရှိပါတယ်။ Onscreen Keysတွေဟာ မျက်နှာပြင်ပေါ်မှာ ပေါ်နေမှာ ဖြစ်ပြီး အသုံးပြုတဲ့ Appပေါ်မူတည်ပြီး ကီးတွေကို ပြောင်းလဲပေးနိင်ပါတယ်။ ကီးဘုတ်မှာ Touchpadလို ထိတွေ့အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်တွေပါတာကလည်း ကောင်းမွန်ပါတယ်။ အဲဒီထဲကတစ်ခုက ထိပ်ဆုံးက ကီးတွေကို ပွတ်ဆွဲပြီး ပြောင်းလဲနိုင်တာပါ။
စတုရန်းပုံသဏ္ဍာန် ၄.၅ လက်မ 1440pixels Displayဟာ ဖက်ဘလက်ရဲ့ အရွယ်အစား မဟုတ်ပါဘူး။ ဒါပေမယ့် ပိုကျယ်တဲ့ ပိုလေးထောင့်ကျတဲ့ မျက်နှာပြင်က အလုပ်အတွက် ပိုကောင်းပါတယ်။ ၃.၅၆ လက်မ အကျယ်နဲ့ ၀.၃၆ လက်မ အထူတို့က အရွယ်ကြီးတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုလိုပါပဲ။
Passportကို လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်ဖို့ မလွယ်ပါဘူး။ အရွယ်ကြီး ဖက်ဘလက်ဖုန်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားချင်တယ်ဆိုရင် Samsung, Appleတို့က ထုတ်တဲ့ ဖက်ဘလက်ဖုန်းတွေမှာ အနည်းဆုံးတော့ လက်တစ်ဖက်တည်းနဲ့ အသုံးပြုလို့ရတဲ့ Modeကို ထည့်သွင်းပေးထားပါတယ်။
Passportမှာ ဒီလို Modeထည့်သွင်းပေးထားခြင်းမရှိတဲ့အတွက် လူအများစုအတွက် Passportကို ကိုင်တွယ်ဖို့ အခက်တွေ့မှာပါ။
ဒါဟာ အောင်မြင်မှုအတွက် လမ်းစတော့ မဟုတ်ပါဘူး
Passportဟာ ပြိုင်ပွဲထဲမှာ မပါဘူးလို့ ပြောလို့မရပါဘူး။ အဲဒီဖုန်းမှာ Siri, Cortana, Google Nowတို့လို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် BlackBerry Assistantပါရှိပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်တွေကိုတော့ မပြသပေးနိုင်ပါဘူး။
နောက်ပြီး Messageနဲ့ အခြားအရာများကို Windows, Mac Computer, Apple, Android Tablet များနဲ့ Syncလုပ်ပေးတဲ့ BlackBerry Blendလည်း ပါရှိပါတယ်။
ဘက်ထရီသက်တမ်းအနေနဲ့ အဖက်ဖက်က အသုံးပြုရင် နာရီသုံးဆယ် အသုံးခံပါတယ်။ တကယ်သာ အဲလောက်အသုံးခံရင်တော့ စမတ်ဖုန်းစွဲလမ်းသူတွေအတွက်တော့ အိုကေပေါ့။
ဆိုးတာတစ်ခုက Appsများဖြစ်ပါတယ်။ Passportမှာ Amazon App Storeမှ Android Appsများကို အသုံးပြုနိုင်ပါတယ်။ Google Play Storeနဲ့ Apple App Storeတို့လောက်တော့ မစုံလင်လှပါဘူး။ Gmail, Calendarနဲ့ အခြား Google Serviceတွေကို အသုံးပြုချင်သူများအတွက်တော့ ကံဆိုးမှာပါ။
ဗီဒီယိုကလည်း နောက်ထပ် မကောင်းတဲ့အချက်တစ်ခုပါ။ Netflix, Hulu, YouTubeနဲ့ အခြား ၀န်ဆောင်မှုများကြည့်ရင် တစ်၀က်တစ်ပျက်သာမြင်ရပြီး အနက်ရောင်ဘားတန်းကိုလည်း အပေါ်နဲ့အောက်မှာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် ရုပ်ရှင်ကြည့်တာက အရေးမကြီးပေမယ့် လူတွေကတော့ ခေတ်ပေါ်စမတ်ဖုန်းတွေမှာ ရုပ်ရှင်အတော်ကြည့်ကြပါတယ်။ Android, Apple, Windows Phoneတွေမှာ ပိုမိုကောင်းမွန်ပါတယ်။
အရေးကြီးဆုံးမေးခွန်းလာပါပြီ။ Apple iPhone 6 Plusတွေဟာ ကွေးကောက်သွားတယ်ဆိုတာ သတင်းခေါင်းစီးတွေမှာ နေရာယူနေပါတယ်။ Corningရဲ့ အလွန်မာကျောတဲ့ Gorilla Glassတပ်ဆင်ထားတဲ့ မျက်နှာပြင်ကျယ်ဖုန်းကရော ဘောင်းဘီအိတ်ထဲထည့်ပြီး အသုံးပြုလို့ရပါ့မလား။ စီးပွားရေးနယ်ပယ်မှာတော့ ဒီလိုဘောင်းဘီတွေ မ၀တ်တော့ပါဘူး။
BlackBerryက Passportဖုန်းတစ်ခုတည်းနဲ့ ပြန်လည်အောင်မြင်ဖို့ ပြုလုပ်နေတာမဟုတ်ပါဘူး။ ဒီနှစ်နှောင်းပိုင်းမှာ အခြားဟန်းဆက်တစ်ခု မိတ်ဆက်ဖို့ရှိနေပါတယ်။ ဒါကတော့ BlackBerry Classicပါ။ သူ့ရဲ့ သမားရိုးကျ ဒီဇိုင်းက အရင် Bold, Curveတို့ကို နှစ်သက်သူတွေအတွက် ပိုသင့်တော်ပါတယ်။ ဘလက်ဘယ်ရီက စမတ်နာရီလို၊ စမတ်မျက်မှန်လို ချပ်၀တ်တန်ဆာကွန်ပြူတာကိုလည်း တီထွင်နေပါတယ်။
Passportဟာ ဘလက်ဘယ်ရီ မကျဆုံးသေးဘူးဆိုတာ ပြသကောင်းပြသနိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်အောင်မြင်ဖို့အတွက် လမ်းစတော့ မဟုတ်သေးပါဘူး။ ဒီဇိုင်းဆန်းကြိုက်သူတွေအတွက် လမ်းစတစ်ခုပါပဲ။ ဒါဟာ ခဏတာ မှတ်တိုင်ဖြစ်ပြီး ရည်ရွယ်တဲ့ ခရီးတော့ မဟုတ်ပါဘူး။
Passportကို ဒေါ်လာ ၅၉၉ နဲ့ ဘလက်ဘယ်ရီ၀က်ဆိုက်မှာ ၀ယ်ယူနိုင်ပါပြီ။ အမေဇုန်မှာလည်း ရရှိနိုင်ပါတယ်။ ကယ်ရီယာတွေက နှစ်နှစ်စာချုပ်ဈေးကို မကြေညာသေးပေမယ့် ဒေါ်လာ ၂၅၀ လောက်ဖြစ်နိုင်ပါတယ်။