Mobile

2013 မှာ အာရှတိုက်သားတွေဆီ အရောက်ပို့ပေးမယ့် Lumia 620

Nokiaမှ ထုတ်လုပ်ထားတဲ့ Lumia 820 နှင့် Lumia 920 ဖုန်းတွေဟာ Windows Phone 8 ဖုန်းတွေထဲမှာ အထင်ရှားဆုံး ဖြစ်နေပါတယ်။ Nokia ဟာ Lumia မျိုးဆက်ဖြစ်တဲ့ Nokia Lumia 620ကို နောက်ထပ် ထုတ်လုပ်လိုက်တာပါ။

အသုံးပြုနိုင်တဲ့ ကွန်ရက်ကတော့ GSM ကွန်ယက်စနစ်ကို အသုံးပြုနိုင်ပါတယ်။ GSM 850/900/1800/1900 MHz, UMTS 850/900/1900/2100 Mhz; HSDPA 21 Mbps, HSUPA 5.76Mbps အစရှိတဲ့ စနစ်တွေကို ထောက်ပံ့ ပေးထားပါတယ်။ Nokia Lumia 620ရဲ့ Screen အရွယ်အစားဟာ 3.8 လက်မရှိပြီး HTC Windows Phone 8S ထက် 0.2 လက်မ လျော့နည်းပေမယ့် ဖုန်းနှစ်လုံးရဲ့ Resolution ဟာ 480×800 pixels ရှိတဲ့အတွက် ရုပ်ထွက် အရည်အသွေးက တူညီမှု ရှိနေပါတယ်။ ရုပ်ထွက် ကြည်လင် ပြတ်သားဖို့အတွက် ClearBlack TFT Capactivice Touch Screenကို အသုံးပြုပေးထားပါတယ်။ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေရန် 1GHz dual-core Krait Processorကို တပ်ဆင်ပေးထားသည့်အပြင် ဖုန်းရဲ့ Graphic ပိုင်းကို ထိန်းချုပ်ပေးမယ့် Adreno 305 GPUလည်း ပါ၀င်ပါသေးတယ်။ Windows Phone 8 OS ကို ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိုလှောင် သိမ်းဆည်းဖို့အတွက် 8GB Memory ကိုလည်း ထည့်သွင်းထားပါတယ်။ MicroSD Card ကို 64GB အထိ တိုးမြှင့်နိုင်စွမ်း ရှိပါတယ်။

အမှတ်တရ ဓာတ်ပုံတွေကို ရိုက်ကူးဖို့အတွက် ကင်မရာကို 5 Mega Pixel Auto-Focus တပ်ဆင် ပေးထားသည့်အပြင် Face and Smile Detection လည်း ပါ၀င်ပါတယ်။ ဗီဒီယို ရိုက်ကူးရန် Resolution က 720p (1280×720) ရှိတဲ့အတွက် အကောင်းဆုံး ပုံရိပ်တွေကို မှတ်တမ်းတင် ရိုက်ကူးပေးနိုင်မှာ သေချာပါတယ်။ Video Calling ပြုလုပ်ဖို့အတွက် VGA Front-Facing Camera ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Wireless အင်တာနက်စနစ်အတွက် Dual-Band Wi-Fi a/b/g/n စနစ်ကို အသုံးပြုနိုင်ပါတယ်။ အခြား Device တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက် Stereo Bluetooth 3.0 စနစ်ကို အသုံးပြုနိုင်ပြီး GPS Receiver with A-GPS and GLONASS, 3.5mm audio jack, NFC အစရှိတဲ့ စနစ်တွေလည်း ပါ၀င်ပါသေးတယ်။

Nokia Lumia 620 ဖုန်းဟာ သုံးစွဲသူတွေ စိတ်ကြိုက် အရောင် ရွေးချယ်ဖို့အတွက် အရောင် ခုနှစ်မျိုးအထိ ထုတ်လုပ်ပေးထားပြီး Black, White, Cyan, Magenta, Yellow, Lime Green and Orange အစရှိတဲ့ အရောင်တွေကို ထုတ်လုပ်ပေးထားပါတယ်။ Lumia 920 နှင့် Lumia 820မှာ ပါ၀င်တဲ့ Feature တွေနဲ့ Applications တွေကို Lumia 620မှာ ထည့်သွင်းပေးတာကို တွေ့ရပါတယ်။ Lumia 620ကို January 2013မှာ အာရှနိုင်ငံတွေကို စတင်ဖြန့်ချိပေးမှာဖြစ်ပြီး ဈေးနှုန်းကတော့ US$ 249 သတ်မှတ်ပေးထားပါတယ်။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *