Tech In Asiaရဲ့ အာရှမှ ထွန်းတောက်လာမယ့် ကုမ္ပဏီငယ် ၁၇ ခု အကြောင်းကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။
1. 24tidy (China)
ရှန်ဟိုင်းမှာသာ လက်ရှိ ၀န်ဆောင်မှုပေးနေတဲ့ 24tidyဟာ အ၀တ်လျှော်ဖွပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မကြာမီကပဲ ဆူဇီအခြေစိုက် Oriza Holdingsမှ ရင်းနှီးမြှပ်နှံမှုအနေနဲ့ တရုတ်ယွမ်ငွေ ဆယ်သန်း ရရှိခဲ့ပါတယ်။
2. Buddy (Singapore)
စင်ကာပူ အခြေစိုက် ကုမ္ပဏီငယ် Healintက တီထွင်ထားတဲ့ buddyဟာ ခေါင်းကိုက်မှုကို စောင့်ကြည့်အသိပေးနိုင်တဲ့ Android Appဖြစ်ပါတယ်။ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေကို စုံစမ်းပေးပြီး ခေါင်းကိုက်မှုကို ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။
3. Glammap (China)
Glammapက တရုတ်နိုင်ငံမှ အမျိုးသမီးများအတွက် ဈေးသက်သာတဲ့ အ၀တ်အထည်များကို တည်နေရာအခြေပြု ရှာဖွေပေးတဲ့ Appဖြစ်ပါတယ်။ သူက အမျိုးသမီးများအတွက် အနီးအနားမှ လျှော့ဈေးနဲ့ ရောင်းချပေးနေတဲ့ အရောင်းဆိုင်များကို ရှာဖွေပေးဖို့ Baidu Maps APIကို အသုံးပြုပါတယ်။ ကုမ္ပဏီဟာ အမည်ဖော်ပြခြင်းမရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေရဲ့ တရုတ်ယွမ် တစ်သန်းကို ရရှိခဲ့ပါတယ်။
4. Airloyal (India)
Airloyalဟာ စားသုံးသူတွေရဲ့ အာရုံစိုက်မှုရရှိလာတဲ့ Ladoooလို့ ခေါ်တဲ့ ကြော်ညာ Appကို တီထွင်ထားတာပါ။ ကြော်ညာတွေကို ၀င်ကြည့်တဲ့ စားသုံးသူတွေကို Mobile Prepaid Airtimeကို ဆုအဖြစ်ပြန်ပေးပါတယ်။ စားသုံးသူတွေက အလုပ်တစ်ခုကို ပြုလုပ်ရင် Airtime အခမဲ့ရရှိမှာပါ။ ကြော်ညာရှင်တွေက စားသုံးသူများ အလုပ်ပြီးစီးမှသာ ပိုက်ဆံပေးရမှာပါ။
5. Redmart (Singapore)
Redmartက စင်ကာပူ အခြေစိုက် အီလက်ထရောနစ် စီးပွားရေး ကုမ္ပဏီငယ်ဖြစ်ပြီး အစားအစာများနဲ့ အိမ်သုံးပစ္စည်းများကို အိမ်ရှေ့အရောက်ပို့ဆောင်ပေးပါတယ်။ ကုမ္ပဏီဟာ Facebookပူးတွဲတည်ထောင်သူ Eduardo Saverin, SoftBank စီးပွားရေးလုပ်ငန်းစုနဲ့ Visionnaire စီးပွားရေးလုပ်ငန်းစုတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေရရှိပြီလို့ ကြေညာထားပါတယ်။
6. Habi Footwear (Philippines)
Facebookမှာ အွန်လိုင်းအရောင်းဆိုင်အနေနဲ့ စတင်ခဲ့တဲ့ Habi Footwearဟာ ဖိနပ် ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ အခုတော့ ဖိနပ်များကို အွန်လိုင်းမှာရော ပြင်ပအရောင်းဆိုင်များမှာပါ တိုးချဲ့ရောင်းချနေပါပြီ။
7. Bareksa (Indonesia)
Bareksaဟာ စတော့ဈေးကွက်၊ စာချုပ်များနဲ့ ဘုံရန်ပုံငွေတို့ကို နှိုင်းယှဉ်နိုင်တဲ့ ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးထားတဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး ရင်းနှီးမြှပ်နှံမှု လုပ်ငန်းဖြစ်ပါတယ်။
8. Yetang (China)
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကမှ စတင်ခဲ့တဲ့ Yetangဟာ စီးပွားရေးလုပ်ငန်းလေးများရဲ့ ဒီဇိုင်းလှပတဲ့ အ၀တ်အထည်၊ Accessoriesများကို စုစည်းပြီး ၀က်ဆိုက်တစ်ခုမှာ ရောင်းချပေးတာပါ။ တရုတ် IDG Capital Partnersမှ အမေရိကန်ဒေါ်လာ တစ်သန်းရင်းနှီးမြှပ်နှံမှုရရှိခဲ့ပါတယ်။
9. Aihuishou (China)
Aihuishouဟာ တက်ဘလက်၊ ဂိမ်းစက်၊ ဖုန်း၊ လက်တော့ စတဲ့ တစ်ပတ်နွမ်း အီလက်ထရောနစ်ပစ္စည်းများကို ၀ယ်ယူပြီး ပြန်လည်ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပစ္စည်းအဟောင်းများကို အသစ်နဲ့ လဲလှယ်ပေးတဲ့ ၀န်ဆောင်မှုလည်းရှိပါတယ်။ ရှန်ဟိုင်းနဲ့ ဘေဂျင်းမှာတော့ အိမ်တိုင်ရာရောက် ပစ္စည်းများ ၀ယ်ယူခြင်း ၊ ပို့ဆောင်ခြင်းများ ပြုလုပ်ပေးပေမယ့် အခြားမြို့များမှာတော့ စားသုံးသူများက ကိုယ်တိုင် ပို့ဆောင်ပေးရပါတယ်။ Morningside Venturesရဲ့ ရင်းနှီးမြှပ်နှံမှုအပြီးမှာ International Finance Corporation (IFC)ကလည်း ရင်းနှီးမြှပ်နှံထားပါတယ်။
10. Chrends (Brunei)
Chrendsဟာ အသုံးပြုသူများကို ခြေရာဖျောက်ပေးထားတဲ့ Chat Room စတိုင် Appဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်သီးခြားစီ စာပေးပို့လို့မရဘဲ အသုံးပြုသူများက Hashtagsများနဲ့ ပြုလုပ်ထားတဲ့ Chat Roomများမှာသာ စကားပြောနိုင်တာပါ။ အချုပ်အားဖြင့် Appဟာ ဘရူနိုင်းနိုင်ငံမှာ ခြေရာဖျောက်ပြီး ပြောချင်တာများပြောလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
11. Capillary Technologies (Bangalore)
စင်ကာပူမှာ ရုံးချုပ်ဖွင့်ထားတဲ့ ဘင်ဂလော အခြေစိုက် Capillary Technologiesဟာ မြေပြင် အရောင်းဆိုင်များအတွက် စားသုံးသူများနဲ့ ထိတွေ့နိုင်မယ့် Cloudအခြေပြု ၀န်ဆောင်မှုကို တီထွင်ထားပါတယ်။ ၀န်ဆောင်မှုမှာ စားသုံးသူများအတွက် ကျေးဇူးတုန့်ပြန်တဲ့ အစီအစဉ်များပါရှိပါတယ်။ ကုမ္ပဏီဟာ Valley Venture Capital Firm Sequoia Capital နဲ့ Norwest Venture Partnersတို့ရဲ့ ရင်းနှီးမြှပ်နှံမှု ရရှိခဲ့ပါတယ်။
12. Urban Ladder (India)
အိန္ဒိယ ပရိဘောဂထုတ်လုပ်သူ Urban Ladderက စားသုံးသူများ အ၀တ်ဘီရိုကို ဒီဇိုင်းရေးဆွဲ ၀ယ်ယူနိုင်တဲ့ Appကို ပြုလုပ်ပေးထားပါတယ်။ စားသုံးသူများက အရောင်၊ အရွယ်အစားနဲ့ ဘီရိုထဲမှ အကန့်များ၊ အ၀တ်ထည့်တဲ့ နေရာများ၊ အ၀တ်များချိတ်နိုင်မယ့် တန်းများကို စိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။ Kalaari Capitalနဲ့ Self Partnersတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ရရှိထားပါတယ်။
13. Filme
Filmeက ကလေးများရဲ့ ငယ်ဘ၀ဖြစ်စဉ်များကို မိဘများက မှတ်တမ်းတင်နိုင်တဲ့ Appဖြစ်ပါတယ်။ Appက ရက်နှစ်ဆယ်ကြာ ကလေးကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးမှာ ဖြစ်ပြီး အဲဒီနောက်မှာ သုံးမိနစ်ကြာ ဗီဒီယိုအတိုလေးတွေကို အလိုလို ဖန်တီးပေးနိုင်ပါတယ်။ ကလေးဘ၀ကို မှတ်တမ်းတင်တဲ့ လုပ်ငန်းဟာ နောက်ပိုင်းမှာ အာရုံစိုက်မှုများစွာ ရရှိလာပါတယ်။ အလားတူ Appတွေက Egao no Honနဲ့ Fammတို့ ဖြစ်ပါတယ်။
14. QuaQua
QuaQuaဟာ မကြာသေးမီကမှ ဖွင့်လှစ်လိုက်တဲ့ အွန်လိုင်းအရောင်းဆိုင်ပါ။ အမျိုးသမီး လက်၀တ်ရတနာများကို အဓိကထား ရောင်းချပေးနေပါတယ်။ ၀က်ဆိုက်ရဲ့ ဒီဇိုင်းနဲ့ ဖန်ရှင်များက ကောင်းမွန်ပေမယ့် ဈေး၀ယ်သူကို စွဲဆောင်နိုင်မယ့် အချက်တွေဖြစ်တဲ့ လက်၀တ်ရတနာရဲ့ ဒီဇိုင်းကို ရှင်းပြထားတာတွေ၊ ဖန်တီးသူရဲ့ ဝေဖန်သုံးသပ်ချက်တွေ ရှားပါးနေပါသေးတယ်။ အခြား အွန်လိုင်းအရောင်းဆိုင်တွေလိုပဲ ဈေးနှုန်း ကြီးမားနေပါတယ်။ ဈေးကွက်ကြပ်တည်းနေတဲ့ အွန်လိုင်းအရောင်းဆိုင် နယ်ပယ်ကို ၀င်တိုးဖို့ဆိုရင် ထူးခြားတဲ့ ၀န်ဆောင်မှုတွေနဲ့ ခွဲထွက်ရမှာပါ။
15. MistCDN
MistCDNက အွန်လိုင်းမီဒီယာတွေ ကြည့်ရင်နှေးကွေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ယေဘုယျ အားဖြင့် မီဒီယာ ၀န်ဆောင်မှု ဆာဗာတွေကနေ ကြည့်ရှုသူဆီ မီဒီယာများကို ပေးပို့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာက အလွန်လူကြည့်များနေရင်တော့ နှေးကွေးမှုတွေဖြစ်ပေါ်လာတာပါ။ MistCDNက တူညီတဲ့ နေရာဒေသမှ လူတွေ မီဒီယာတွေကို မျှဝေကြည့်နိုင်တဲ့ Browser Pluginကို တီထွင်ပေးထားတာပါ။ ဘရောက်စာတစ်ခုမှာ ရုပ်ရှင်တစ်ခုသာ ကြည့်လို့ရတဲ့ ကန့်သတ်ချက်နဲ့ နှေးကွေးမှုကို နောက်ကောက်ချထားနိုင်ပါပြီ။
16. Macaron
ဂျပန် ကုမ္ပဏီက မနက်ခင်း အလုပ်သွားချိန်မှာ မိန်းကလေးများရဲ့ အလှအပကို ပြည့်စုံအောင် ပြုလုပ်ပေးနေပါတယ်။ ကုမ္ပဏီငယ်လေးများစွာဟာ အလှကုန်နယ်ပယ်မှာ ပြိုင်ဆိုင်ဖို့ အာရုံစိုက်နေကြပါပြီ။ Macaronက အဲဒီ ကုမ္ပဏီတွေထဲက တစ်ခုပါ။ အလှကုန်ပစ္စည်းများစွာနဲ့ နည်းလမ်းများ ရှိနေပေမယ့် မိန်းကလေးများရဲ့ ၆၄ ရာခိုင်နှုန်းဟာ စတိုင်၊ နည်းလမ်းများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ဘယ်လို ရှာဖွေရမလဲဆိုတာ မသိကြပါဘူး။ ကုမ္ပဏီရဲ့ Appဟာ အလှကုန်ပစ္စည်းသုံးသူအချင်းချင်း နည်းလမ်းများ ဝေမျှနိုင်ပြီး Tagsများနဲ့ နည်းလမ်းများကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
17. Repro
Reproက App တီထွင်သူများအနေနဲ့ အသုံးပြုသူများကို စွဲဆောင်ထားနိုင်တဲ့ ၀န်ဆောင်မှုကို ပြုလုပ်ပေးပါတယ်။ သူတို့ရဲ့ တွက်ချက်မှုအရ ၄၆ ရာခိုင်နှုန်းသော App Userများဟာ တစ်လအတွင်းမှာ အသစ်ဒေါင်းလုပ်ရယူထားတဲ့ Appကို အသုံးပြုမှုရပ်နားလေ့ရှိပါတယ်။ ကုမ္ပဏီရဲ့ Software Development Kitကို Appမှာ ထည့်သွင်းခြင်းဖြင့် Appများကို စွဲမြဲစွာ အသုံးပြုလာကြတယ်လို့ ပြောပါတယ်။ Beta အဆင့်မှာသာရှိသေးပြီး ရောင်းတန်း၀င်မဟုတ်သေးတဲ့ Appsများက အသုံးပြုသူရဲ့ မျက်နှာ အမူအရာနဲ့ နှစ်သက်မှုတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှာ ဖြစ်ပါတယ်။ Reproရဲ့ ဆော့ဝဲကို Fujitsuနဲ့ Rakutenတို့က အသုံးပြုလျှက်ရှိပြီး ဂျပန်မှာတော့ Reproဟာ အခြေအနေကောင်းနေပါတယ်။