Apple က iPhone 5C 8GB အမျိုးအစား ကို ဗြိတိန် ၊ ပြင်သစ် အပါအ၀င် ဥရောပ နိုင်ငံများ တွင် ဒေါ်လာ (၇၁၂) ဖြင့်ရောင်းချပေးလိုက်ပါသည်။ ယူရို ဖြင့် တွက်ချက်လျှင် ယူရို (၄၂၉) ကျသင့်မည်ဖြစ်သည်။ ထို့အပြင် စတုတ္ထမျိုးဆက် iPad Retina Display 16GB အမျိုးအစား ကို လည်း ရောင်းချပေးနေပါသည်။Apple က iPad Air ကို မိတ်ဆက်ပြီးနောက်တွင် iPad 4 ရောင်းချမှု ကို ရပ်နားခဲ့ခြင်းဖြစ်ပါသည်။ ရောင်းချခြင်း ရပ်နားလိုက်သည့် iPad 2 နေရာတွင် အစားထိုးအသုံးပြုရန် iPad 4 ကို ရောင်းချပေးခြင်း ဖြစ်နိုင်ပါသည်။ iPad 4 WiFi Only Version ကို ယူရို (၃၂၉) ၊ Mobile Data ပါရှိသည့် အမျိုးအစား ကို ယူရို (၄၂၉) ဖြင့် ရောင်းချပေးနေပါသည်။
iPhone 5C 8GB Version သည် Storage လျှော့ချထားသော်လည်း Specification များသည် တူညီပါသည်။ iPhone 5C တွင် လေးလက်မအရွယ် 1136×640 Retina Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆ (၃၂၆) ရှိပါသည်။ အရွယ်အစား အပြည့်အစုံမှာ 4.90 x 2.33 x 0.35 လက်မ ဖြစ်ပါသည်။ 1GB RAM တပ်ဆင်ထားပါသည်။ အနောက်ဘက်မှာ 8 Megapixel Camera နှင့် မျက်နှာချင်းဆိုင်မှာ 1.2 Megapixel Camera တပ်ဆင်ထားပါသည်။ Dual-Core 1.3GHz ARM v7 Processor မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ 1510mAh Battery တပ်ဆင်ထားပါသည်။