News

Apple ရဲ့ အကြား အထောက်အကူပြု Headphone

Apple က ဆေးဝါး Company တစ်ခုနဲ့ ပူးပေါင်းပြီး အကြားအထောက်အကူပြု Headphone ကို တီထွင်နေပါတယ်။ ဒိန်းမတ် အခြေစိုက် GN ReSound နဲ့ Apple တို့ ပူးပေါင်းပြီး တီထွင်ထားတဲ့ အကြားအထောက်အကူပြု ပစ္စည်း ကို ပြသခဲ့ပါတယ်။ အကြားအထောက်အကူပြု ပစ္စည်း ကို LiNX လို့ အမည်ပေးထားပါတယ်။ iOS 7 ရဲ့ စွမ်းဆောင်ချက်အသစ်ဖြစ်တဲ့ Accessibility Options ကို အသုံးပြုပြီး iDevices တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်ပါတယ်။

LiNX ဟာ အကြားအထောက်အကူပြုပစ္စည်း ဖြစ်သလို Bluetooth Headphone အနေနဲ့ပါအသုံးပြုနိုင်တယ်လို့ CNN က ပြောပါတယ်။ စမတ်ဖုန်းရဲ့ စွမ်းဆောင်ချက်တွေဖြစ်တဲ့ ဖုန်းခေါ်ဆိုတာ ၊ FaceTime Call ပြုလုပ်တာ ၊ သီချင်းနားထောင်တာ ၊ တည်နေရာ ညွှန်ပြတာ စတာ တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ အကြားအထောက်အကူပြုပစ္စည်းအတွက် App ကို ပြုလုပ်ပေးထားပြီး Volume, Bass, Treble Level တွေကို ချိန်ညှိနိုင်ပါတယ်။ တည်နေရာ အလိုက် Settings တွေကို အလိုအလျှောက်ပြောင်းပေးနိုင်ပါတယ်။

Live Listen စွမ်းဆောင်ချက် က အသံဆူညံတဲ့နေရာတွေမှာ iOS Device ရဲ့ စပီကာ က ဆူညံမှု ကို ဖျောက်ပေးနိုင်ပြီး Headphone ကနေ ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ LiNX က အလွန်သေးငယ်ပြီး ReSound က ထုတ်လုပ်ခဲ့ဖူးသမျှထဲမှာ အသေးဆုံး ဖြစ်ပါတယ်။ “Find my hearing aid “ စွမ်းဆောင်လည်း ပါရှိပါတယ်။

LiNX ကို ဒေါ်လာ သုံးထောင် နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *