Gadgets, News, Review

Acer Iconia B1 730

Acer Iconia B1 730

ယနေ့ တိုးတက်နေသော နည်းပညာခေတ်ကြီးထဲမှာ နိုင်ငံတကာနှင့်တပြေးညီ နည်းပညာသစ်များကို ဈေးနှုန်းချိုသာ စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ Acer မှ နောက်ဆုံးပေါ် Android (Kitkat) Version နဲ့ ဈေးသက်သာပြီး Branded Tablet အမျိုးအစားဖြစ်တဲ့ B1 730 Model တစ်မျိုးကို ထပ်မံဖြန့်ချီလိုက်ပါပြီ။ Android ၏နောက်ဆုံး Version ဖြစ်သောAndroid 4.4.2 Kitkat ဖြင့် ဆင်ယင်ထားပြီး Intel Atom Z2560 Processor(Dual-Core) အမြန်နှုန်း1.6GHz ကို အသုံးပြု ထားသည့် အတွက် သုံးစွဲသူတွေအတွက် အကောင်းဆုံး ဆိုတာတွေကို ခံစားရရှိစေမှာ အမှန်ပါ။ ထို့အတွက် အထောက်အပံ့ ဖြစ်စေမည့် RAM 1GB ပါဝင်သည့် အပြင်သုံးစွဲသူ တွေရဲ့ Data များ သိုလှောင်သိမ်းဆည်းနိုင်ရန် အတွက် 8GB Flash Memory ပါဝင်ပြီး တိုးချဲ့ အသုံးပြုချင်သူများအတွက် 32GB အထိထပ်မံတိုးချဲ့ အသုံးပြုနိုင်ပါသည်။ အပျော်တမ်း Camera အသုံးပြုချင်သူများ အတွက် Front Camera (0.3MP) ပါဝင်ထားပြီး Rear Camera အနေဖြင့် 2 MP ပါဝင်ထားတဲ့အတွက် သုံးစွဲသူများအကြိုက် တွေ့စေမှာပါ။ Acer ရဲ့နာမည်ကျော်  Wifi Technology ဖြစ်တဲ့  WLAN 802.11 b/g/n ထည့်သွင်းပေးထားတဲ့အတွက် Internet အသုံးပြုရ လျင်မြန်လွယ်ကူစေမှာပါ။ Tablet လေးရဲ့ Screen Size ကတော့ 7.0” WSVGA ဖြင့်ပြု လုပ်ထားပြီး ရုပ်ထွက် ကောင်းမွန်စေရန်အတွက် TFT LCD Touch Technology ကို ထည့်သွင်းပေးထားပြီး Resolution ( 1024 x 600) ကိုအသုံးပြုနိုင်မှာပါ။ Battery အနေဖြင့် Li-polymer Battery ကို အသုံးပြုထားပါ သည်။ ဒီဇိုင်းပိုင်းနေဖြင့် ခိုင်ခံတဲ့ကိုယ်ထည်၊ လေးထောင့်ဆန်းတဲ့ ဖွဲ့စည်းပုံလေးဖြင့် ဆင်ယင်ထားတဲ့အတွက် ကျောင်းသူ၊ကျောင်းသား၊လူငယ်တွေ  အပြင် အရွယ် (၃)ပါး မရွေး အသုံးပြုရန် သင့်တော်သော Tablet လေးဖြစ် ကြောင်း သတင်းကောင်းပါးပါရစေ။ ကောင်းမွန်သော အရည်အသွေး၊ သင့်တင့်သောဈေးနှုန်း၊ လှပသောဒီဇိုင်းများဖြင့် Acer Tablet ကို Customerများ လက်မလွတ်တမ်း ဝယ်ယူအားပေးချင်လျှင် ရွှေလမင်းနဂါး ကုမ္ပဏီမှ တရားဝင်တင်သွင်း ဖြန့်ချီပြီး မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ ကွန်ပျူ တာဆိုင်ကြီးများတွင် ဝယ်ယူနိုင်ပါပြီး။ Acer Iconia B1 Tablet ကို ဝယ်ယူအားပေးချင်သူများအတွက် အာမခံသက်တမ်း (1)နှစ်ဖြင့် Acer ၏ Delarနှင့်Resealer ဆိုင်ကြီးများတွင် ဝယ်ယူအားပေးနိုင်ပါ သည်။ Price-US$ 99

Leave a Reply

Your email address will not be published. Required fields are marked *