ဂျပန်ပြည်ရဲ့ လူနေမှုပုံစံနဲ့ ယဉ်ကျေးမှု သမိုင်းအကြောင်းတွေကို သိရှိလိုသူတွေ ၀င်ရောက်လေ့လာ ကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ မြို့တော် တိုကျိုရဲ့ ပထ၀ီ အနေအထား၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေ၊ လေဆိပ်နဲ့ စိတ်၀င်စားစရာနေရာတွေ၊ ဟိုဟိုဒီဒီ လမ်းသလားစရာနေရာတွေ၊ ဈေး၀ယ်နဲ့ ဖက်ရှင် လမ်းညွှန်တွေကို အသေးစိတ် ဖတ်ရှုရမှာ ဖြစ်ပြီး ၆၀၀၀ကျော် ရှိတဲ့ အရည်အသွေးမြင့် ဂျပန်ရှုခင်း အလှဓာတ်ပုံတွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖက်ရှင်အနေနဲ့ ကီမိုနိုစတိုင်လ်၊ ဟယဂျုကုစတိုင်နဲ့ ဂျပန် မိန်းမချောလေးတွေကို ကြည့်ရှုရမှာ ဖြစ်ပြီး အစားအစာ၊ ဘာသာစကား လေ့လာနိုင်မယ့်အပြင် ဂျပန်ပြည်သူတွေနဲ့ပါ မိတ်ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်ပြည်ကို သွားရောက်မယ့် သူတွေအနေနဲ့လည်း ဂျပန်မြို့ကြီး ၄၅မြို့မှာ ရှိတဲ့ ဟိုတယ်တွေကို အွန်လိုင်းပေါ်မှာတင် အနိမ့်ဆုံး ဈေးနှုန်းနဲ့ Booking ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အကြောင်း

25
Feb