Opinion

လုပ်ငန်းခွင်အတွင်း ဖားများအကြောင်း

ဖားရဲ့အဓိပ္ပာယ်

ဖားရဲ့အဓိပ္ပာယ်ကတော့ သူဌေးက ပေးထား၊ ကျေွးထားသူ လုပ်ငန်းခွင်အတွင်း မျက်စိ ဒေါင့်ထောက် ကြည့်ပြီး သူဌေးကို အတို့အထောင် ပြန်လုပ် သူဌေး ယုံကြည်အောင် ပြောဆိုနေသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ သူဌေးက မမေး ရသေးဘဲနဲ့ တစ်လုံး မကျန် အိပ်သွန် ဖာမှောက် အူမချေး ခါးမကျန် ပြန်လည် တင်ပြကြသည်များကို ဆိုလိုပါသည်။ ကောင်းသတင်းကို ပြန်မပြောပဲ မကောင်း သတင်းကို ပြန်လည် ဖြန့်သည် များကို ဖားလို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

 

သတ်ဖားရဲ့ရာဇ၀င်

သတ်ဖားရဲ့ရာဇ၀င်ကတော့ သူဌေးက မွေးထားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ဆိုတာ ဖြစ်ပါသည်။ လုပ်ငန်းခွင်အကြောင်း ကောင်းကောင်း နားလည်တဲ့သူပေါ့။ မိမိ သူဌေးအပေါ် သစ္စာ မရှိတဲ့ ဖားကို သတ်ဖားလို့ ခေါ်တာပါ။ သူဌေးကတော့ သူမွေးထားတဲ့ ဖားကို ယုံကြည်ပြီးသား ပြောသမျှ ယုံနေတဲ့ သူပါပဲ။ ဒါပေမယ့် သတ်ဖား ဆိုတာမျိုးက ဘနဖူး သိုက် တူးမယ့် လူသားဆိုလည်း မမှားပါဘူး။ သူဌေးက သတ်ဖား ပြောသမျှ နားယောင်ပြီး ဟိုဟာ လုပ် ဒီဟာ လုပ် မြှောက်ထိုးပင့်ကော် အလုပ်တတ်ဆုံးကတော့ သတ်ဖား ပါပဲ။ အများအားဖြင့် သူဌေး လူယုံလို့ ကိုယ်ဘာသာ နာမည် တပ်ထားကြပြီး သူဌေးရဲ့ ကားကို မောင်းပေးရတဲ့ သူတွေက ဘယ်သူကတော့ ဘယ် နေရာမှာ ဘယ်လို နေတယ်။ ဘယ်လို အလုပ် မလုပ်ဘူး။ ဘာလုပ် နေကြတယ် ဆိုတဲ့ အမြင်နဲ့ ရမ်းသမ်းပြောပြီး သူဌေးရဲ့ အိမ်ခွေး အဆင့်လောက်ပဲ ရှိပြီး တစ်ဖက်သားအပေါ် မကောင်းမြင်ဝါဒတွေ စွဲကိုင်ထားသူ ဖြစ်တဲ့အပြင် မကြည်တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနေလေ့ ရှိကြပါတယ်။

 

ဖားပျံ

ဖားပျံရဲ့သဘောက ဖားတတ်တဲ့ သူကို သူဌေးက အမြဲ လိုတာတွေ ထောက်ပံ့နေရင် အရမ်း သဘော မနော ခွေ့နေတတ်ပြီး အဆင် မသင့်လို့ သူဌေးက သူ့ကို နည်းနည်း လေးများ ဆူမယ် ဟောက်မယ် မလုပ်လိုက်နဲ့ သူဌေး ပေးတာထက် ပိုပေးတတ်တဲ့ သူဆီကို အချိန်မရွေး ကူးပြောင်းသွားတတ်တဲ့ သူမျိုး ကျတော့လည်း ဖားပျံ အမျိုးအစားမှာ ပါတယ်လေ။ ဘာလို့လဲဆိုတော့ သူက ဒီမှာ သူဌေးကို ဖားလို့ မရတော့မှန်း သိတော့ ဖားလို့ ရမယ့် နေရာ ဘယ်နေရာကို သွားရမလဲဆိုတာ ကြိုတင်စိတ်ကူး အကောင်အထည် ဖော်တတ်ခြင်းကို ဖားပျံ အမျိုးအစားလို့ ခေါ်လို့ ရတာပေါ့။

 

ရာဘာဖား

ရာဘာဖားရဲ့ ဆိုလိုချက်ကတော့ ကိုယ် လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကိုယ်က နေရာ ရအောင် လုပ်နေတယ်။ သူဌေးရဲ့ ရှေ့မှာ ကိုယ်ပဲ အလုပ် လုပ်တယ်။ သူများက အလုပ် မလုပ်တဲ့ ပုံစံနဲ့ ဂိုက်ပေး ကြမ်းတတ်ကြတယ်။ ဖားတဲ့ နေရာမှာလည်း နှစ်ယောက် မရှိဘူး။ အလုပ်ခွင်အတွင်းမှာ အဖွဲ့အစည်းနဲ့ မနေတတ်ပဲ တစ်ဦး တစ်ယောက်ထဲ တသီးတခြား နေထိုင် တတ်ပြီး အလိုလိုသူများကို အပြစ်ကျ အောင် လုပ်ဆောင်တတ်သူတွေ ဖြစ်တတ် ကြပါတယ်။ ဒီလို လူမျိုးတွေက သူ့ကို ပစား မပေးတော့ဘူး။ နေရာ မပေးတော့ဘူးဆိုရင် အလုပ်မှာ မပျော် မွေ့တော့ဘဲ တခြားနေရာ သွားဖို့ စိတ်ကူးကြတော့တာပါပဲ။ ဒီလိုနေရာ ပြောင်းသွားတာတောင် တခြားနေရာ ရောက်သွားရင် ဒီသူဌေးရဲ့ကောင်းကြောင်း ပြောဖို့ထက် မကောင်းကြောင်းပြောဖို့ တာစူနေ တတ်ကြပါတယ်။ ရာဘာတွေလို ပြန်ကန်တတ်တဲ့ သဘောကို တွေ့ရှိရတာ ကြောင့် ရာဘာဖားလို့ သတ်မှတ်လို့ ရတာ ဖြစ်ပါတယ်။
အများအားဖြင့် လာတဲ့ ပတ်၀န်းကျင် ကြောင့်လား၊ ပြောင်းလဲမှုတွေ ဖြစ်တာလား ဆိုတဲ့ အတွေးတွေ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာ အနည်းနဲ့ အများ ကတော့ ရာထူး ကြီးသူတွေမှာလည်း တွေ့ရှိ ရတဲ့ အချက်ကတော့ အထက်ဖား အောက်ဖိတွေ များပြားနေတာကြောင့် အလုပ်ခွင်တွေ အတွင်းမှာ စည်းလုံး ညီညွတ်မှုတွေ ပြိုကွဲကြပြီး အလုပ် လုပ်ရင်း မပျော်မွေ့ကြတာတွေ များနေတာကို တွေ့ရှိ နေရပါတယ်။ ဒီလို လူမျိုးတွေ ဘာကြောင့် ရှိနေသလဲ။ စိတ်ဓာတ်တွေကို မပြုပြင်သရွေ့တော့ လူအများနဲ့ အစေးကပ်မှာ မဟုတ်ပဲ လုပ်ငန်း တိုးတက်မှုတွေလည်း နှောင့်နှေးနေကြမယ်လို့ ကျွန်မ မြင်မိတဲ့ အတွက် ခေတ်ပြောင်း စနစ်ပြောင်း၊ နှစ်အပြောင်းမှာ စိတ်ဓာတ်လေးတွေလည်း ပြောင်းလဲ သင့်ပြီလို့ ယူဆမိတဲ့အတွက် ဘယ်သူတွေ ဘယ်လို နေရာမှာ ဘယ်လောက်တောင် ဖား Skill တွေ များနေသလဲဆိုတာ ေ၀ဖန် ဆန်းစစ်ကြည့်မိပါတော့တယ်ရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *