News

Zuckerberg, Musk နဲ့ Ashton Kutcher တို့က လူကဲ့သို့ စဉ်းစားတွေးခေါ်နိုင်သည့် Learning Computer ကို တီထွင်ရန် ထောက်ပံ့နေ

Facebook တည်ထောင်သူ Mark Zuckerberg အပါအ၀င် နည်းပညာနယ်ပယ် က နာမည်ကြီးအချို့က လူကဲ့သို့ သင်ယူနိုင်ပြီး တွေးခေါ်စဉ်းစားနိုင်တဲ့ ကွန်ပြူတာ ကို တီထွင်နေတဲ့ Company တစ်ခု ကို ထောက်ပံ့ပေးနေပါတယ်။ ဆန်ဖရန်စစ္စကို အခြေစိုက် Company ဖြစ်တဲ့ Vicarious က Facebook ရဲ့ Mark Zuckerberg , Tesla ရဲ့ Elon Musk , Ashton Kutcher , PayPal သူဌေး Peter Thiel တို့နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှပ်နှံဖို့ ကိစ္စတွေကိုဆွေးနွေးနေတယ်လို့ Wall Street Journal က ပြောပါတယ်။

Vicarious ဟာ ၀က်ဆိုက်တော်တော်များများ က လူနဲ့ ကွန်ပြူတာ ကြားမှာခွဲခြားဖို့ အသုံးပြုတဲ့ Captcha တွေကို ဖြေရှင်းနိုင်တဲ့ ဆော့ဝဲ ကို တီထွင်ပြီးဖြစ်ပါတယ်။ လူသားဦးနှောက် ရဲ့ တွက်ချက်မှု အတိုင်း စွမ်းဆောင်နိုင်တဲ့ Machine Learning Software ကို တီထွင်နေတယ်လို့ Company ရဲ့ ၀က်ဆိုက်မှာ ရေးသားထားပါတယ်။ လူတွေကဲ့သို့ ဓာတ်ပုံ နဲ့ ဗီဒီယို ထဲက Content တွေကို ဘာသာပြန်ပေးနိုင်တဲ့ အမြင်အာရုံ ခွဲခြား သိမှု နည်းပညာ လည်းဖြစ်ပါတယ်။

သိပ္ပံရုပ်ရှင်တွေထဲမှာပဲ တွေ့မြင်နေကြရတဲ့ Artificial Intelligence နည်းပညာ ဟာ Consumer Electronics နယ်ပယ်မှာ ထိုးဖောက်ကျော်ကြားလာမယ်လို့ မျှော်လင့်ရပါတယ်။ Company တွေကလည်း Digital ကိုယ်ရေးလက်ထောက်တွေဖြစ်တဲ့ Siri နဲ့ Google Now ကို စွမ်းဆောင်ရည် ပိုမိုကောင်းအောင် ပြုလုပ်နေကြပါတယ်။

လူတွေလုပ်နိုင်သမျှ အရာအားလုံး ကွန်ပြူတာ တွေက လည်း လုပ်နိုင်တယ်လို့ ရင်းနှီးမြှပ်နှံသူတွေကို ကြေညာထားကြောင်း Vicarious ရဲ့ တည်ထောင်သူ Scott Phoenix က ပြောပါတယ်။ သူတို့ စီမံကိန်း သာ အောင်မြင်မယ်ဆိုရင် မအိပ် မစားဘဲ လူတွေလို စွမ်းဆောင်နိုင်တဲ့ ကွန်ပြူတာတွေ ပေါ်ထွက်လာမယ်လို့ ဖြည့်စွက်ပြောပါတယ်။

Google က စက်ရုပ် Company တွေကို ၀ယ်ယူနေပြီး အဲဒီစက်ရုပ်တွေမှာ လူသား ဦးနှောက်ထည့်သွင်းဖို့အတွက် Vicarious ရဲ့ နည်းပညာ က ဖြည့်စွက်ကောင်းဖြည့်စွက်နိုင်မယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *