ဆရာ၀န်တွေရဲ့ အဆိုအရ ယနေ့ အင်တာနက်ခေတ်မှာ လူသုံး များလာသည့် Facebook, Skypeတို့နှင့် ဗီဒီယို’ချတ်’ လုပ်ဆောင်ခြင်းကြောင့် မျက်နှာခွဲစိတ်ပြုပြင်မှုများ ပိုမို များပြားလာကြောင်းဖော်ပြထားသည်။ ခွဲစိတ်ခံယူလိုသူများအဆိုအရ သူတို့ မျက်နှာကို မှန်ထဲမှာမြင်ရတာထက် Facebook, iPhone, iPadတို့မှာ မြင်ရတာက သူတို့ကိုယ်သူတို့ ပိုမို မှတ်မိစေသည်ဟု ပြောသည်။ “ဒါတွေအားလုံးက အင်တာနက်ပေါ်မှာဆိုတော့ တစ်ကမ္ဘာလုံးမှ မြင်ရသည့်အတွက် ကမ္ဘာ့မျက်လုံးနှင့် ကိုယ့်ကိုကိုယ် ပြန်လည်ခံစား ကြည့်တာဖြစ်နိုင်ကြောင်း” နယူးယောက်မှပလတ်စတစ်ဆာဂျင်ကြီး Adam Schaffnerက ပြောကြားခဲ့သည်။ ဒီလို Social Media တွေကြောင့် မိမိ၏ ပင်ကိုယ်မျက်နှာကို ခွဲစိတ်ပြုပြင်မှုများလာသည့် ဈေးကွက်ကို ၄င်းဆရာ၀န်မှ ‘‘Lifestyle lift (မြန်မာလို ဆိုရင်တော့ လူကြားတိုးလို့ရအောင်)ဟု ခွဲစိတ်အမည်ပေးထားသည်ဟု ဆိုသည်။ Virginiaမှ ဆရာ၀န်တစ်ယောက်ကတော့ ‘‘FaceTime Faclift’’ဟု ခေါ်ကြောင်း၊ ခွဲစိတ်မည့်သူတွေက သူတို့၏ ဗီဒီယိုကင်မရာမှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး စကားပြောရင် ပို၍ ဆွဲဆောင်မှု ရှိစေသည်ဟု ထင်ကာခွဲစိတ်ခြင်းကြောင့်လည်းဖြစ်ကြောင်း ရှင်းပြသည်။
ဒီလိုခေတ်ကြီးမှာတော့ Photoshopလို မျက်နှာပြင်လို့ရတဲ့ ဆော့၀ဲတွေက ခေတ်နောက်ကျသွားပြီဖြစ်ပြီး လူအများစုက သဘာ၀အလှပဲ လိုချင်ကြတော့သည်ဟုလည်း ပြောဆိုခဲ့သည်။
Ref: mashable
ပလတ်စတစ်ဆာဂျင်တွေ Internetမှာ လူကြား တိုးလို့ရအောင် မျက်နှာခွဲစိတ်ပေး

22
Jul
ဈေးနှုန်းပါရင်တော့ သွားလိုက်တော့မယ်။ကိုယ်တွေက ပိုက်ပိုက်နဲ့ အလှဆင်ဖို့ စောင့်နေတာလေ။