News

Lenovo မှ 2015 Chinese New Year Special Offer အစီအစဉ်ပြုလုပ်

Lenovo မှ 2015 Chinese New Year Special Offer အစီအစဉ် ပြုလုပ်

Lenovo အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်မှ (၂၈) နေ့အထိတွင် 2015 ခုနှစ် တရုတ်နှစ်သစ်ကူးကို ကြိုဆိုရင်း နှင့် Lenovo Y5070 (i7) Notebook နှင့် G Series Pentium Notebook များကို ဝယ်ယူအားပေးသူများအတွက် New Year Special Offer များ ပေးအပ်သွားမည့် အစီအစဉ်ကို ပြုလုပ်သွားမည်ဟု သိရပါသည် ။ အဆိုပါ Special Offer တွင် 4th Gen Intel Core i7 CPU, 8GB RAM, 1 TB HDD နှင့် NVIDIA မှ နောက်ဆုံးပေါ် Geforce GTX-860M 4GB (Maxwell) Graphic Card ပါဝင်သည့် Lenovo Hardcore Gaming Notebook Y5070 ကို ဈေးနှုန်း 1,249 USD ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပြီး Special offer အနေနှင့် Verbatim External Hard Drive 2 TB ပေးအပ်သွားမည် ဟုသိရပါသည် ။

ထို့အပြင် Pentium CPU Notebook များ ဖြစ်သည့် RAM 2GB, 500 GB HDD နှင့် Intel HD Graphic ပါဝင်သော Lenovo G4030 နှင့် Lenovo G5030 Notebook များကို ဈေးနှုန်း 399 USD နှင့် Special Offer အတွက် Cash Back 30 USD ကို လည်းကောင်း ၊ RAM 2GB , 500 GB HDD နှင့် AMD R5 M230 2G Graphic ပါဝင်သော Lenovo G4070 Notebook ကို ဈေးနှုန်း 429 USD နှင့် Cash Back 25 USD ပေးအပ်သွားမည့် Special Offer ပါဝင်သွားမည်ဟု သိရပါသည် ။ အနည်းဆုံး အာမခံ (၁)နှစ် ပါဝင်သည့် Lenovo Notebook မျိုးစုံကို KMD မှ မြန်မာနိုင်ငံ ၏ တစ်ဦးတည်းသော အရောင်းကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အထက်ဖော်ပြပါ Special Offer Notebook များအား KMD Sales Centre ကြီးများနှင့် အရောင်းကိုယ်စားလှယ် ဆိုင်ကြီးများတွင် ဈေးနှုန်းတူညီစွာ ၊ အခွင့်အရေး တူညီစွာဖြင့် ဝယ်ယူနိုင်မည်ဟု သိရပါသည် ။ အသေးစိတ် သိရှိလိုပါက ဖုန်း KMD 01 – 381-129, 381-035, 245-180 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *