Gadgets, News, Review

ဖောက်ထွင်းဒီဇိုင်းသစ်နဲ့ Valoreရဲ့ Naked Power bank 5000 mAh

ဖောက်ထွင်းဒီဇိုင်းသစ်နဲ့ Valoreရဲ့ Naked Power bank 5000 mAh

ယခုလို IT ခေတ်ကြီးထဲမှာ phone တွေသာမကအခြားအသုံးအဆောင် Accessories အများစုမှာပါ USB ဖြင့် အားသွင်း အသုံးပြုနိုင်လာပြီ ဖြစ်ပါတယ် ။ဒါကြောင့် Smartphone ၊ Tablet များ နှင့် အခြား Accessories များကို အကြောင်းအမျိုးမျိုး ကြောင့် ပြန်လည်အားဖြည့် သွင်းနိုင်ခြင်းမရှိဘဲ အရေးအကြောင်း အသုံးပြုလိုတဲ့ အခါမှာ အသုံးပြုလို့မရနိုင်ဘူး ဖြစ်တတ် ပါတယ် ။ ဒါကြောင့် ယခုလိုမျိုး ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်ဖို့အတွက် Valore Pebble (N) 5000 mAh Power Bank (VL-PB300) မှာသင်နှင့်အတူ လိုက်ပါပြီး သင့်ဘက်ထရီလိုအပ်ချက်များကို ဖြည့်စည်းစွမ်းဆောင် ပေးမှာဖြစ်ပါတယ် ။ဘက်ထရီစွမ်းရည် သိုလှောင်မှုအားပမာဏ 5000 mAh ရှိတာကြောင့် အားလုံးဝမရှိတဲ့ Smartphone ကိုအနည်းဆုံး ၂ ကြိမ် အထိ အားအပြည့် ပြန်လည်သွင်းနိုင်မှာ ဖြစ်ပြီး လျှင်မြန်တဲ့နှုန်းဖြင့် မိနစ်ပိုင်းအတွင်း မိမိဖုန်းကို အားအပြည့် ပြန်လည်သွင်းယူ နိုင်မှာဖြစ်ပါတယ် ။

အသုံးပြုပြီး Powerbankကို နာရီအနည်းငယ်ခန့်အတွင်း ပြန်လည်အား ပြန်ဖြည့်နိုင်မှာ ဖြစ်ပါတယ်။ ယခုValorePowerbank ရဲ့ အဓိက စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစိတ်အပိုင်းကသူရဲ့ Naked Design ပဲဖြစ်ပါတယ် ။ အတွင်းပိုင်းကို ဖောက်ထွင်းမြင်ရတဲ့ Naked ဒီဇိုင်းကိုယ်ထည်ကြောင့် Powerbankတစ်ခုရဲ့  ဖွဲ့စည်းပုံနဲ့ လည်ပတ်နေပုံက စိတ်ဝင်စားစရာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ။ Power Bank ရဲ့ ဘက်ထရီပမာဏ ဘယ်လောက်အသုံးပြုထားပြီး ဖြစ်ကြောင်းကို မျက်မှာပြင် ကို လက်ဖြင့်တို့ထိ လိုက်ရုံဖြင့် ပြသပေးမှာဖြစ်ပါတယ် ။ အရွယ်အစားသေးငယ်ပေါ့ပါးပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Valore Naked Power Bank 5000 mAhကိုဈေးနှုန်းကျပ် ၂၇,ဝ၀ဝ ဖြင့် KMD မှ တရားဝင် ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး KMD Sales Centre ကြီးများ နှင့် KMD ၏ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါပြီ ။ အသေးစိတ် သိရှိလိုပါကဖုန်း KMD (ပန်းဆိုးတန်း) 01-381-129, 381-035 Ext : 124, 146 သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *