Featured, News, Review

CES 2015 Day 1 မှ အကောင်းဆုံး နည်းပညာ ထုတ်ကုန်များ

CES 2015 Day 1 မှ အကောင်းဆုံး နည်းပညာ ထုတ်ကုန်များ

CESပွဲကို Day 1နေ့မှာ အများပြည်သူ ကြည့်ရှုခွင့် ပြုလုပ်လိုက်ပါပြီ။ အရင်ရက်ကတော့ မီဒီယာသမားတွေကိုသာ ပြသပေး ခဲ့တာပါ။ ပြပွဲမှာ ပြသသူ ၃၆၀၀ ကျော်ရှိပြီး ကြော်ညာရှင်တွေ၊ ဈေးကွက်မြှင့်တင်ရေး သမားတွေနဲ့ လူမှုကွန်ရက်မှ ပုဂ္ဂိုလ်တွေ အတွက် ARIA မှ C Space နေရာအသစ်၊ 3D Printing၊ ကျန်းမာရေး ထုတ်ကုန်များနဲ့ ချပ်၀တ်တန်ဆာ ကွန်ပျူ တာများ အပါအ၀င် ထုတ်ကုန်အားလုံးကို ပြသတဲ့ Tech Westနဲ့ Las Vegas Convention Centreမှ Tech East စတဲ့ နေရာသုံးခုမှ ၂.၂ သန်း ပေပတ်လည် အကျယ်အ၀န်းနဲ့ ပြပွဲကို ပြသတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ Day 1မှာ ပြသခဲ့တဲ့ ထုတ်ကုန်များစွာ အနက် အကောင်းဆုံးတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ကားနည်းပညာ

Press Dayမှာတော့ ကြေညာမှုအနည်းငယ်သာရှိပြီး Day 1မှာ Fordက စတင်ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက Sync 3 စမတ်ကား ပလက်ဖောင်းအသစ်ကို မိတ်ဆက်ပြီးနောက်မှာ Fordက ဒီပွဲမှာ အသေးစိတ်အချက်အလက်တွေကို ကြေညာလိုက် ပါတယ်။ လမ်းရဲ့ အခြေအနေကို မျှဝေဖို့ ၊ ကားပါကင် ရှာပေးဖို့နဲ့ ယာဉ်မောင်းသူများအတွက် အာမခံတို့ကို ပံ့ပိုးပေးဖို့ အနာဂတ်မှာ ကားတွေက ဒေတာတွေကို ကောက်ယူနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။

ဖို့ဒ်က စင်မြင့်ပေါ်မှာ ကားတစ်စီးမှ ပြသခြင်းမရှိပေမယ့် စီအီးအို Mark Fieldsက ကုမ္ပဏီရဲ့ အာရုံစိုက်မှုဟာ ဈေးကွက်ပေါ်မှာ ထက် အလိုအလျှောက်မောင်းနှင်တဲ့ ကားတွေကို အမြောက်အများ ထုတ်လုပ်ဖို့လို့ပဲ ပြောပါတယ်။ ဒါပေမယ့်လည်း မော်တော်ကား ချစ်မြတ်နိုးသူတွေ ပျော်ရွှင်စေဖို့ Audi, Mercedes Benz, BMWတို့ကတော့ မော်တော်ကားအသစ်တွေ၊ နမူနာပုံစံ ကားတွေကို ပြသခဲ့ပါတယ်။

BMWက ထိတွေ့မျက်နှာပြင်နဲ့ လက်လှုပ်ရှားမှု အခြေပြု ထိန်းချုပ်စနစ် တပ်ဆင်ထားတဲ့ သူ့ရဲ့ iDrive Interfaceကို ပြသလိုက်ပြီး Pioneerက Android Autoနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ NEXအမျိုအစား ကား Dashboardပေါ်မှာ အသုံးပြုနိုင်တဲ့ Multimedia Receiver တွေကို ပြသလိုက်ပါတယ်။ Parrotက သူ့ရဲ့ RNB 6အသစ်ကို ကားတိုင်းမှာ တပ်ဆင်နိုင်ပြီး Android Auto, Apple CarPlayတို့ကို အသုံးပြုနိုင်စေမယ်လို့ ကတိပေးသွားပါတယ်။

အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ကားများ

Audiက San Franciscoကနေ CESပွဲကျင်းပရာ Las Vegasမြို့ကို လူမဲ့ အလိုအလျှောက်မောင်းနှင်တဲ့ ကားကို စေလွှတ်ပြီးနောက်မှာ အတွင်းပိုင်းစွမ်းဆောင်ချက်တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် Android Autoနဲ့ Audi Tabletတို့ တပ်ဆင်ထားတဲ့ Q7ကားအသစ်ကို ပြသလိုက်ပါတယ်။

Mercedesကလည်း ဒီဇိုင်းဆန်းသစ်တဲ့ F015ကားကို ပြသလိုက်ပါတယ်။ နေရာကျယ်ပြီး ငွေရောင် ဖြစ်ပါတယ်။ လှည့်ပြောင်းနိုင်တဲ့ ထိုင်ခုံတွေ ဖြစ်တဲ့အတွက် ကားတစ်စီးထက် အခန်းတစ်ခန်းပုံပေါက်ပါတယ်။
Ashampoo_Snap_001_

Ashampoo_Snap_002_
Intel and RealSense

Intelက မီဒီယာတွေ့ဆုံပွဲကို Day 1မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်များစွာ ပြုလုပ်ခဲ့ပါတယ်။ Chip ထုတ်လုပ်သူက အချိန်နဲ့ တစ်ပြေးညီ အနက်နဲ့ လက်လှုပ်ရှားမှု ပုံသဏ္ဍာန်များတို့လို အရာတွေကို အာရုံခံနိုင်တဲ့ သုံးဖက်မြင် ကင်မရာကို အသုံးပြုတဲ့ စနစ်ဖြစ်တဲ့ RealSenseကို အာရုံထားပြောကြားခဲ့ပါတယ်။ HPက သူ့ရဲ့ သုံးဖက်မြင် ပုံရပ်ဖော်စနစ် ပါတဲ့ ကွန်ပျူ တာ ဖြစ်တဲ့ Sprout Deviceကို RealSenseနဲ့ ပေါင်းစည်းဖို့ကိုလည်း ဆွေးနွေးခဲ့ပြီး သူ့ရဲ့ အလွန်လျှင်မြန်တဲ့ Multi Jet Fusion 3D Printerကို အရောင်းမြှင့်တင်ဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။
Ashampoo_Snap_003_
Intelက မျက်နှာကို မှတ်သားနိုင်တဲ့ Toolအဖြစ် သိကြတဲ့ RealSenseအတွက် Applications ၊ Robotics Applicationsများကို အရောင်းမြှင့်တင်ခဲ့ပြီး ပျံသန်းနေစဉ် အတားအဆီးများကို အလိုအလျှောက် ရှောင်ကွင်းနိုင်တဲ့ RealSenseနည်းပညာ အသုံးပြု Droneများကိုလည်း ပြသလိုက်ပါတယ်။

Intelက ကြယ်သီးအရွယ် ရှိပြီး Sensor, Quark Chipတပ်ဆင်ထားတဲ့ Curie Computer Module ကို ပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Edison Module ထက်သေးငယ်ပြီး Curieဟာ ချပ်၀တ် တန်ဆာကွန်ပျူ တာများအတွက် နှစ်လို့ ပြောရမယ့် ၂၀၁၅အတွက် Intelရဲ့ ချပ်၀တ်တန်ဆာကွန်ပျူ တာ နည်းဗျူ ဟာမှာ အဓိက ဖြစ်လာမှာပါ။ Intelက Oakleyနဲ့ ပူးပေါင်းပြီး Curieကို မျက်မှန်မှာ တပ်ဆင်ဖို့ ပြုလုပ်နေပါတယ်။
Ashampoo_Snap_004_
Virtual and Augmented Reality

နှစ်စဉ်နှစ်တိုင်း CESပွဲမှာ Cnetက ကျင်းပပြုလုပ်တဲ့ Next Big Thing Supersessionမှာ ဒစ်ဂျစ်တယ် လောကရဲ့ အနာဂတ်မှာ အသုံး၀င်လာမယ့် နည်းပညာအသစ်တွေကို ဆွေးနွေးကြပါတယ်။ Oculus VR, castARတို့မှ ပညာရှင်တွေ အပါအ၀င် ကျွမ်းကျင်သူတွေဟာ Virtual Reality, Augmented Realityတို့ရဲ့ သဘောသဘာ၀ကို ပြောင်းလဲဖို့ သုံးသပ်ကြပြီး အဲဒီ အဓိက နည်းပညာ ဆန်းသစ်မှုတွေဟာ ကျွန်တော်တို့ နည်းပညာ အနာဂတ်ကို ဘယ်လို ပြောင်းလဲမလဲဆိုတာ အဖြေရှာကြပါတယ်။

ရလဒ်ကတော့ ဒီနည်းပညာတွေဟာ အခုမှ စတင် ပေါ်ပေါက်လာတာ ဖြစ်လို့ ဈေးအလွန်ကြီးမားပါတယ်။ သုံးမိနစ်စာ VR Content အတွက် လက်ရှိမှာ ဒေါ်လာ တစ်သန်းလောက် ကုန်ပါတယ်။ VR, ARကို လျှင်မြန်စွာနဲ့ နည်းပညာလောကထဲကို ပို့ဆောင်နိုင်ဖို့ မျှော်လင့်ရပါမယ်။

Oculusက Cnetနဲ့ အတူစင်ပေါ်မှာ ဆွေးနွေးရုံသာမကဘဲ ပွဲမှာ Oculus Crescent Bay Prototype အသစ်ကို အကြို ပြသခဲ့ ပါတယ်။ မော်ဒယ်အသစ်မှာ သုံးဖက်ကြားအသံနဲ့ အတုအယောင် တည်နေရာတစ်ခုမှာ လှုပ်ရှား၊ လမ်းလျှောက်နိုင်တဲ့ စွမ်းရည် တွေကို ဖန်တီးဖို့ အသံနည်းပညာအသစ် ထည့်သွင်းထားပါတယ်။

VRဟာ အဓိက နည်းပညာ လမ်းကြောင်းပေါ် ရောက်မလာသေးပေမယ့် Razerက Open Sourceဖြစ်တဲ့ OSVR Hacker Dev Kitကို အမြောက်အများထုတ်လုပ်ပြီး အဲဒီနည်းပညာကို တွန်းပို့ပေးမယ်လို့ မျှော်လင့်နေပါတယ်။ ဒေါ်လာနှစ်ရာ တန်ကြေးရှိပြီး Linuxနဲ့ Androidမှ စမ်းသပ်ဆဲ VR Softwareနဲ့ သာမက Oculus dev kitsတို့နဲ့ပါ တွဲဖက် အသုးပြုနိုင်ပါတယ်။
Ashampoo_Snap_005_
Dell
Dell က ပွဲမှာ ကမ္ဘာ့အသေးဆုံး ၁၃ လက်မ လက်တော့၊ XPS 13ကနေ အရွယ်ကြီး Alienware gaming laptops များအထိ ထုတ်ကုန်များစွာ ပြသခဲ့ပါတယ်။ Alienware 15, Alienware 17အမျိုးအစားများရဲ့ အရွယ်အစားများကို လျှော့ချထားပေမယ့် သွားလေရာ ယူဆောင်သွားဖို့တော့ မလွယ်ကူပါဘူး။

နေအိမ်အတွက် ဂတ်ဂျက် အသစ်များ

ဒီနှစ်မှာ စမတ်နေအိမ် ထုတ်ကုန်တွေကို ပြသခဲ့သလို နေအိမ်မှာ အသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဥရောပ လုံခြုံရေး ကုမ္ပဏီ MyFoxက ရာဇ၀တ်မှုများ မဖြစ်ခင်မှာ တားဆီးနိုင်တဲ့ နေအိမ်လုံခြုံရေး စနစ်ကို ပြသလိုက်ပါတယ်။

နေအိမ်ထဲမှာ ချိတ်ဆက်အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်များစွာကို ပြသခဲ့သလို Open-Design LulzBot Mini 3D Printerလို Open-Source 3D Printing နည်းပညာတွေ အပြင် ချောကလက်နဲ့ Droneတွေကို ပရင့်ထုတ်ပေးနိုင်တဲ့ အမျိုးအစားတွေလည်း ပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *